iMyanmarHouse.com - Best Property Website for Myanmar
×










အရင်းနှီးဆုံး ကိုယ်သင်းရနံ့တွေဟာ ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ပိုမို အားကောင်းစွာ အမှတ်ရ စေပါတယ်။ နို့ချိုတိုက်ကျွေးတဲ့ ရနံ့ဟာ အမေ့ကို သတိရစေမှာပါ။ သမုဒ္ဒရာကြီးရဲ့ ရနံ့ဟာ အဖေ့ကို သတိရစေမှာပါ။ ဒါဆို စီးကရက် ရနံ့ ဟာလည်း သင့်ရဲ့ ချစ်သူကောင်လေးကို သတိရစေမှာပါ။
ရေမွှေးကုမ္မဏီ တစ်ခုဟာ ထိုသတိရခြင်းတွေကို အကောင်အထည် ဖော်ပေးခဲ့ပါပြီ။

 မိမိကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ယောက်ရဲ့ ရနံ့ နဲ့ အတူ မိမိကိုယ်တိုင် ရေမွှေး ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
သင်ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ယောက်ရဲ့ ရနံ့ ပါဝင်တဲ့ အ၀တ်အစား သို့မဟုတ် ခေါင်းအုံးစွပ် လိုအရာတစ်ခုခု ကို du Havre တက္ကသိုလ်မှာရှိတဲ့ ဓာတုဗေဒ ပညာရှင်တွေကိုဆီကို ပို့ပေးလိုက်ပါ။ သူတို့က သင်လိုချင်တဲ့ ရနံ့ရဲ့ ပါတီကယ်လ် အမှုန်တွေကို ရေမွှေးတစ်ခုအဖြစ် ဖန်တီးပေးမှာဖြစ်ပြီး သင်ကြိုက်နှစ်သက်တဲ့ သူရဲ့ ကိုယ်သင်းရနံ့ နဲ့ တစ်ထပ်တည်း ကျနေစေမှာပါ။

ထို ရေမွှေးကို စပရေး ဖြစ်စေ ၊ ရေမွှေးအစက်ချ ခြင်းနဲ့ ဖြစ်စေ မိမိကြိုက်နှစ်သက်သလို အသုံးပြုနိုင်မှာ ဖြစ်ပြီး တန်ဖိုးကတော့ ပျမ်းမျှအားဖြင့် ခန့်မှန်းခြေ ဒေါ်လာ ၆၀၀ သာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ကုမ္မဏီကို တည်ထောင်ခဲ့တဲ့ Katia Apaletegui ရဲ့ ပြောကြားချက်အရတော့ အခုလို ရေမွှေး ပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သေဆုံးသွားပြီဖြစ်တဲ့ မိမိချစ်တဲ့သူ တစ်ယောက်ယောက် ရဲ့ ရနံ့ ကို ရရှိနေခြင်းအားဖြင့် ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ပိုမို အားကောင်းစွာ အမှတ်ရနေစေဖို့ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top