iMyanmarHouse.com - Best Property Website for Myanmar
×











အခုချိန်က   သရက်သီးတွေ စပေါ်ချိန်ဖြစ်တာမို့ အချိန်အခါနဲ့ ကိုက်ညီအောင် အလှအပစိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် သရက်သီးရဲ့ ကောင်းကျိုးလေးတွေ မျှဝေ ပေးလိုက်ပါတယ်။

သရက်သီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့ သက်စောင့်ဓာတ်တွေပါတာ မို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် ထောက်ကူပေးပါ တယ်။

အရေးကြီးဆုံးအချက်တစ်ခု အနေနဲ့ သရက်သီးဟာ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ အူနဲ့ ပရော့စတိတ်ကင်ဆာရောဂါတွေ မဖြစ်ပွားနိုင်အောင်  ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အသားအရေအတွက်ဆိုရင် လည်း ၀က်ခြံတို့၊ အသားအရေ မွဲခြောက်တာတို့၊ အစက်အပြောက် တို့၊ အရေးအကြောင်းတို့ စတာ တွေမဖြစ်အောင် လုပ်ဆောင်ပေး တဲ့အပြင် သရက်သီးကို အနှစ် လုပ်ပြီး သဘာဝမျက်နှာသစ်ဆေး ဖန်တီးကာ မျက်နှာသစ်ပေးရင် လည်း မျက်နှာအသားအရေ ကြည်စင်ဝင်းပပြီး အရွယ်တင် နု ပျိုစေပါတယ်။

ဒါတွေတင် ဘယ်ကမလဲ။ ဆံသားမကောင်းလို့ စိတ်ညစ် နေသူတွေအတွက်လည်း သရက် သီးက ကူညီနိုင်ပါသေးတယ်။ သရက်သီးမှာပါတဲ့ ဗီတာမင်စီက ဆံပင်သားတွေခြောက်ပြီး အ ရောင်မှိန်တာတွေ မဖြစ်အောင် ထောက်ကူပေးပါတယ်။ သရက် သီးအနှစ်ကို သဘာဝဆံပင်ပျော့ ဆေးအဖြစ် သုံးပေးရင် ဦးရေပြား ခြောက်တာ၊ ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေကို ကာကွယ် နိုင်ပါတယ်။ ဒီတော့ စားရင်စား သလို အကျိုးများတဲ့ သရက်သီး ကိုကျန်းမာလှပရေးအတွက် အကျိုးရှိရှိ သုံးကြရအောင်ပါ။

Credit : 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top