iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္သူေကာင္ေလးက သင္နဲ႕ပတ္သက္ျပီး သူဒီအရာေတြ ႏွစ္ျခိဳက္တယ္၊ ျမတ္ႏိုးတယ္ဆုိတာ ဖြင့္ဟဖူးခ်င္မွ ဖြင့္ဟပါလိမ့္မယ္။ ဒါေပမယ့္ သူတုိ႕မွာ ကိုယ့္ခ်စ္သူေကာင္မေလးနဲ႕ ပတ္သက္ျပီး တိတ္တခိုးသေဘာက် ျမတ္ႏိုးေနတဲ့ အရာေလးတြ ရွိၾကပါတယ္၊ လူတစ္ေယာက္ အထူးသျဖင့္ အမ်ိဳးသားတစ္ေယာက္ဟာ အမ်ိဳးသမီးတစ္ေယာက္နဲ႕ ခ်စ္ႀကိဳက္ေနတဲ့အခ်ိန္ အဲ့ဒီအမ်ိဳးသမီးေတြ သတိမထားမိေပမယ့္ သူတုိ႕ သတိထားမိေနတဲ့ အရာငယ္ေလးေတြ ရွိၾကပါတယ္၊ ဒါေတြက သူတုိ႕ကို ျပံဳးသြားေစႏိုင္တဲ့အရာမ်ိဳးေတြေပါ့။ အဲ့ဒီအျပံဳးဟာ သူႏႈတ္ခမ္းတစ္စံုကသာ ျပံဳးသြားတာမဟုတ္ပါဘူး၊ ႏွလံုးသားကပါ ခံစားသြားရတာမ်ိဳးပါ၊ ဘယ္လိုအရာမ်ိဳးေလေးတြ ျဖစ္မလဲ ၾကည့္ရေအာင္။

၁။သူဟာ သူသင့္ကို ျပံဳးေပ်ာ္ရႊင္သြားေအာင္ လုပ္ႏိုင္တဲ့ အခါေတြမွာ သူကုိယ္တုိင္လည္း ၾကည္ႏူးသြားတတ္ပါတယ္။
သူစီစဥ္လိုက္တဲ့ကိစၥ၊ သူေျပာလိုက္တဲ့စကား စတာေတြေၾကာင့္ သင္ဟာ ဟန္မေဆာင္ႏိုင္ပဲ ျပံဳးေပ်ာ္ရႊင္သြားတယ္ဆုိရင္ ဒီအရာဟာ သူ႔ကို တန္ျပန္ခံစားသြားေစပါတယ္။

၂။သူဟာ သင္နဲ႕ႏွစ္ကိုယ္တည္း နီးနီးကပ္ကပ္အတူရွိေနခ်ိန္မွာလည္း စိတ္ထဲႀကိတ္သေဘာက်ေနတတ္ပါတယ္။
တစ္ေယာက္ကိုတစ္ေယာက္ နီးကပ္စြာ ေပြ႔ဖက္ထားခ်ိန္ေတြ၊ သူ႕ရင္ခြဲထဲ အနီးကပ္ဆံုး သင္ရွိေနခ်ိန္ေတြမွာ သူရင္ထဲ ၾကည္ႏူးမႈေတြ ျပည့္လ်ွံေနပါလိမ့္မယ္။

၃။သူကားေမာင္းေနတဲ့အခ်ိန္ သင္က သူ႔ဆံပင္ေလးေတြ ကစားေနတယ္ဆုိရင္ သူေက်နပ္ေနပါတယ္။
သင္က သူတစ္ခုခုလုပ္ေနခ်ိန္ သူ႔ပါးေလးကို သြားနမ္းလိုက္တာ၊ သူကားေမာင္းေနခ်ိန္ သူ႕ဆံပင္ေလးကို ေဆာ့ကစားေနတာမ်ိဳးေတြဟာ သူတုိ႕ထုတ္မေျပာေပမယ့္ သေဘာက်တတ္တဲ့ အရာေတြပါပဲ။

၄။သင့္ကို အနမ္းေပးျပီးတုိင္း သင္ျပံဳးလိုက္တဲ့ အျပံဳးဟာ သူ႔ကို အေၾကြႀကီးေၾကြေစတာေပါ့။
အခ်ိန္အၾကာႀကီး အနမ္းေျခြေနတာမ်ိဳး မဟုတ္ေတာင္ သူကိုယ့္ရဲ႕ ပါးကိုျဖစ္ျဖစ္၊ႏႈတ္ခမ္းကို ျဖစ္ျဖစ္ နမ္းျပီးသြားခ်ိန္ သင္ျပံဳးလိုက္တဲ့အျပံဳးဟာ သူ႔အတြက္ အားပါပဲ။

၅။သူ႔ကို ခိုးၾကည့္ေနတဲ့အခ်ိန္၊ ဒါမွမဟုတ္ စိုက္ၾကည့္မိေနတဲ့အခ်ိန္ သူကိုယ့္ကိုျမင္သြားရင္ သူေက်နပ္သြားျပန္ေရာ။
ရည္းစားမျဖစ္ခင္ ဒီလိုအျပဴအမူမ်ိဳး လုပ္မိသြားလုိ႕ တစ္ဖက္လူက သူ႔ကိုခိုးၾကည့္ေနမွန္းသိရင္ ေက်နပ္သြားသလိုမ်ိဳး၊ ရည္းစားျဖစ္ျပီးတဲ့ အခ်ိန္ေတြမွာလည္း ဒီလိုပီတိအေပ်ာ္ေတြ ရွိေနဆဲပါ။

၆။သင္ အူေၾကာင္ေၾကာင္ ဟာသေလးေတြ လုပ္မိသြားတဲ့အခါ သူတုိ႕ ပိုခ်စ္မိသြားတတ္ပါတယ္။
တစ္ခါတစ္ေလ ကိုယ္က သူ႔ကို ေျပာင္ျပ ဟာသလုပ္ျပေနတာက မပီျပင္ေပမယ့္ သူတုိ႕ ဒါေလးေတြကို သေဘာက်ပါတယ္။ စိတ္ရင္းအတုိင္းဆိုတာ သူတုိ႕သိေလ သူတုိ႕ပိုခ်စ္မိေလပါ။

၇။သူတုိ႕ကို အႀကံဥာဏ္ေတြေတာင္းခံတဲ့အခါမွာလည္း သူတုိ႕ေက်နပ္ေနၾကျပန္ေရာ။
ကိုယ့္ကိုေလးစားလို႕၊ ကိုယ့္ကိုယံုၾကည့္လို႔ အႀကံဥာဏ္ေတာင္းခံတဲ့ ကိုယ့္ခ်စ္သူကို သူတုိ႕ သိပ္ခ်စ္တာေပါ့။

၈။သင့္မ်က္လံုးထဲ သူစိုက္ၾကည့္ေနရတာကိုလည္း သူ သေဘာက်ပါတယ္။
လူတစ္ေယာက္က အျခားတစ္ေယာက္ရဲ႕ မ်က္လံုးကို စိုက္ၾကည့္ေနတယ္ဆုိတာ နည္းနည္းအူေၾကာင္ေၾကာင္ႏိုင္ေပမယ့္ ခ်စ္သူႏွစ္ဦးၾကားမွာေတာ့ မ်က္လံုးခ်င္းေတာင္ စကားေျပာႏိုင္တယ္လို႕ ဆုိၾကတယ္ မဟုတ္လား၊ ဒီေတာ့ အမ်ိဳးသားေတြအေနနဲ႕ ကိုယ့္ခ်စ္သူ ေကာင္မေလးရဲ႕ မ်က္လံုးကို စိုက္ၾကည့္ရင္း သူမ ေျပာခ်င္ေနတဲ့အရာေတြကို ခန္႕မွန္းရတာ သေဘာက်ၾကပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ချစ်သူကောင်လေးက သင်နဲ့ပတ်သက်ပြီး သူဒီအရာတွေ နှစ်ခြိုက်တယ်၊ မြတ်နိုးတယ်ဆိုတာ ဖွင့်ဟဖူးချင်မှ ဖွင့်ဟပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး တိတ်တခိုးသဘောကျ မြတ်နိုးနေတဲ့ အရာလေးတွ ရှိကြပါတယ်၊ လူတစ်ယောက် အထူးသဖြင့် အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေတဲ့အချိန် အဲ့ဒီအမျိုးသမီးတွေ သတိမထားမိပေမယ့် သူတို့ သတိထားမိနေတဲ့ အရာငယ်လေးတွေ ရှိကြပါတယ်၊ ဒါတွေက သူတို့ကို ပြုံးသွားစေနိုင်တဲ့အရာမျိုးတွေပေါ့။ အဲ့ဒီအပြုံးဟာ သူနှုတ်ခမ်းတစ်စုံကသာ ပြုံးသွားတာမဟုတ်ပါဘူး၊ နှလုံးသားကပါ ခံစားသွားရတာမျိုးပါ၊ ဘယ်လိုအရာမျိုးလေေးတွ ဖြစ်မလဲ ကြည့်ရအောင်။


၁။သူဟာ သူသင့်ကို ပြုံးပျော်ရွှင်သွားအောင် လုပ်နိုင်တဲ့ အခါတွေမှာ သူကိုယ်တိုင်လည်း ကြည်နူးသွားတတ်ပါတယ်။

သူစီစဉ်လိုက်တဲ့ကိစ္စ၊ သူပြောလိုက်တဲ့စကား စတာတွေကြောင့် သင်ဟာ ဟန်မဆောင်နိုင်ပဲ ပြုံးပျော်ရွှင်သွားတယ်ဆိုရင် ဒီအရာဟာ သူ့ကို တန်ပြန်ခံစားသွားစေပါတယ်။


၂။သူဟာ သင်နဲ့နှစ်ကိုယ်တည်း နီးနီးကပ်ကပ်အတူရှိနေချိန်မှာလည်း စိတ်ထဲကြိတ်သဘောကျနေတတ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် နီးကပ်စွာ ပွေ့ဖက်ထားချိန်တွေ၊ သူ့ရင်ခွဲထဲ အနီးကပ်ဆုံး သင်ရှိနေချိန်တွေမှာ သူရင်ထဲ ကြည်နူးမှုတွေ ပြည့်လျှံနေပါလိမ့်မယ်။


၃။သူကားမောင်းနေတဲ့အချိန် သင်က သူ့ဆံပင်လေးတွေ ကစားနေတယ်ဆိုရင် သူကျေနပ်နေပါတယ်။

သင်က သူတစ်ခုခုလုပ်နေချိန် သူ့ပါးလေးကို သွားနမ်းလိုက်တာ၊ သူကားမောင်းနေချိန် သူ့ဆံပင်လေးကို ဆော့ကစားနေတာမျိုးတွေဟာ သူတို့ထုတ်မပြောပေမယ့် သဘောကျတတ်တဲ့ အရာတွေပါပဲ။


၄။သင့်ကို အနမ်းပေးပြီးတိုင်း သင်ပြုံးလိုက်တဲ့ အပြုံးဟာ သူ့ကို အကြွေကြီးကြွေစေတာပေါ့။

အချိန်အကြာကြီး အနမ်းခြွေနေတာမျိုး မဟုတ်တောင် သူကိုယ့်ရဲ့ ပါးကိုဖြစ်ဖြစ်၊နှုတ်ခမ်းကို ဖြစ်ဖြစ် နမ်းပြီးသွားချိန် သင်ပြုံးလိုက်တဲ့အပြုံးဟာ သူ့အတွက် အားပါပဲ။


၅။သူ့ကို ခိုးကြည့်နေတဲ့အချိန်၊ ဒါမှမဟုတ် စိုက်ကြည့်မိနေတဲ့အချိန် သူကိုယ့်ကိုမြင်သွားရင် သူကျေနပ်သွားပြန်ရော။

ရည်းစားမဖြစ်ခင် ဒီလိုအပြူအမူမျိုး လုပ်မိသွားလို့ တစ်ဖက်လူက သူ့ကိုခိုးကြည့်နေမှန်းသိရင် ကျေနပ်သွားသလိုမျိုး၊ ရည်းစားဖြစ်ပြီးတဲ့ အချိန်တွေမှာလည်း ဒီလိုပီတိအပျော်တွေ ရှိနေဆဲပါ။


၆။သင် အူကြောင်ကြောင် ဟာသလေးတွေ လုပ်မိသွားတဲ့အခါ သူတို့ ပိုချစ်မိသွားတတ်ပါတယ်။

တစ်ခါတစ်လေ ကိုယ်က သူ့ကို ပြောင်ပြ ဟာသလုပ်ပြနေတာက မပီပြင်ပေမယ့် သူတို့ ဒါလေးတွေကို သဘောကျပါတယ်။ စိတ်ရင်းအတိုင်းဆိုတာ သူတို့သိလေ သူတို့ပိုချစ်မိလေပါ။


၇။သူတို့ကို အကြံဉာဏ်တွေတောင်းခံတဲ့အခါမှာလည်း သူတို့ကျေနပ်နေကြပြန်ရော။

ကိုယ့်ကိုလေးစားလို့၊ ကိုယ့်ကိုယုံကြည့်လို့ အကြံဉာဏ်တောင်းခံတဲ့ ကိုယ့်ချစ်သူကို သူတို့ သိပ်ချစ်တာပေါ့။


၈။သင့်မျက်လုံးထဲ သူစိုက်ကြည့်နေရတာကိုလည်း သူ သဘောကျပါတယ်။

လူတစ်ယောက်က အခြားတစ်ယောက်ရဲ့ မျက်လုံးကို စိုက်ကြည့်နေတယ်ဆိုတာ နည်းနည်းအူကြောင်ကြောင်နိုင်ပေမယ့် ချစ်သူနှစ်ဦးကြားမှာတော့ မျက်လုံးချင်းတောင် စကားပြောနိုင်တယ်လို့ ဆိုကြတယ် မဟုတ်လား၊ ဒီတော့ အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးရဲ့ မျက်လုံးကို စိုက်ကြည့်ရင်း သူမ ပြောချင်နေတဲ့အရာတွေကို ခန့်မှန်းရတာ သဘောကျကြပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ

ပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top