iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် စစ်တပ်မှနေပြီးတော့ ၎င်းတို့ရဲ့ စစ်သားများကို အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းအား စတင် တားမြစ်လိုက်ပါပြီ။ သူ့ကို Sit-up လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ ယင်း အားကစားနည်းဟာ ကြောရိုးနဲ့ ကြောရိုး တစ်လျှောက် အာရုံကျောအပေါ် ဆိုးကျိုး သက်ရောက်စေတာကို လေလာ တွေ့ရှိပြီးတဲ့နောက်မှာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။

ယင်း အားကစားနည်းဟာ ဗိုက်ကြွက်သား၊ ပေါင်ကြွက်သားများ အတွက် အဓိက ဖြစ်ပြီး ကစားလာကြရာ တကယ်တန်းကျတော့ သူဟာ ထင်မှတ်မထားနဲ့ ဘေးထွက်ရှိစေကြောင်း ဆိုပါတယ်။ အမေရိကန် စစ်သားပေါင်း အယောက် တစ်သောင်းကို စောင့်ကြည့် လေ့ကျင့်စေခဲ့ပြီး ၎င်းတို့ရဲ့ ကျောရိုးအောင့်ခြင်း၊ ခါးနာခြင်းတို့ရဲ့ အဓိက တရားခံဟာ ယင်း အားကစားနည်း ဖြစ်နေတာကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ကျောရိုးကို ပရက်ရှာဖြင့် ဖိတဲ့ သဘောသက်ရောက်ပြီး အာရုံကြောကိုပါ ထိခိုက်ပါတယ်။

ဒါကြောင့်မို့ ယင်း အားကစားကို push up ရဲ့ plunk post လိုခေါ်တဲ့ နည်းလမ်းနဲ့ အစားထိုးမှာဖြစ်ကြောင်း ဆိုပါတယ်။ သူက ဒိုက်ထိုးခြင်းကို တံတောင်ဆစ် အသုံးပြုပြီး တစ်လည့်စီကျတဲ့ နည်းလမ်းဖြစ်ပြီး ယင်းနည်းလမ်းကို https://youtu.be/uco2g3YexwA ကနေ ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့်မို့ လက်ရှိ sit-up အိပ်ထ မတင် ပြုလုပ်နေသူများ အနေနဲ့ ယင်းသို့ ပြုလုပ်ခြင်းကို ရှောင်ကြဉ်နိုင်ရန် သတင်းပေး တိုက်တွန်းလိုက်ရပါတယ်။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top