iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ဗိုက်မကြာခဏအောင့်ပြီး အစာအိမ်ဝေဒနာခံစားနေရတဲ့ လက္ခဏာများ ရှိနေပြီလား။ တကယ်လို့များ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစာအိမ်ဝေဒနာခံစားနေရ တယ်ဆိုရင် မဖြစ်မနေ ရှောင်သင့်တဲ့ အစားအသောက် (၉)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့

(၁)   ငရုတ်သီးနဲ့ စပ်တဲ့အစားအစာတွေရှောင်ပါ။

 အစပ်တွေဟာ အက်ဆစ်ဓါတ်ထုတ်လွှတ်မှု ပမာဏလျော့နည်းလာနေတဲ့ အစာအိမ်တွေအတွက် မသင့်တော်ပါဘူး။ ဒါတွေကအစာအိမ်ကို တရားလွန်နှိုးဆွ ပေးတဲ့အတွက် ဒီလိုအနံ့စူးတဲ့ အစပ်တွေကို ရှောင်ကျဉ် သင့်ပါတယ်။ အစာအိမ်ကို ပြည်တည်စေတာမျိုးတော့ မဖြစ်နိုင်ပေမယ့် ပြည်တည်ထားပြီးသားဆိုရင်တော့ ဒါကိုပိုဆိုးစေပါတယ်။

(၂)  နွားနို့မသောက်ပါနဲ့။

အစာခြေဖျက်နိုင်စွမ်းနည်းတဲ့ သူတွေဟာ နွားနို့နဲ့မတည့်ပါဘူး။ နွားနို့ တစ်ဖန်ခွက်သောက်ပြီးချိန်မှာ အစာအိမ်မှာ နာကျင်တာတွေ ၊ လေးလံနေတာတွေ ခံစားရတယ်ဆိုရင် မင်းဟာ စောစာကပြောတဲ့မျိုးအစားထဲက သူတစ်ယောက်ပါ။

(၃) အသီးအနှံတစ်ချို့ကိုလည်း ရှောင်ရပါမယ်။

အက်ဆီဒင့်အက်ဆစ် ပါဝင်မှုပမာဏများတဲ့ အသီးတွေဖြစ်တဲ့ စပျစ်သီး၊ လိမော်သီး၊ နာနတ်သီးနဲ့ သံပုရာသီးတွေဟာ ဗိုက်နာစေပါတယ်။

(၄)အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေ မသောက်ပါနဲ့။

ပဋိဇီဝဆေးတော်တော်များများဟာ အစာအိမ်ကို ကပြောင်းကပြန်ဖြစ်စေခြင်း၊ ပျို့အန်စေခြင်းနဲ့ အစာအိမ်နာကျင်ခြင်းတွေဖြစ်ပွားစေပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ ၊ ပိုးသတ်ဆေးတွေနဲ့ ဗီတာမင်အားဖြည့်ဆေးတွေ ဖြစ်ပါတယ်။

(၅)   အစာစိမ်းတွေ ရှောင်ပါ။

မချက်ရသေးတဲ့ အစာစိမ်းတွေကို ဝေဒနာ ဖြစ်နေချိန်နဲ့ ပျောက်ကင်းစ ရက်အနည်းငယ်အထိ ရှောင်ကျဉ်ပါ။ အထူးသဖြင့် ဖရဲသီး၊ သဘောင်္သီး နဲ့ နာနတ်သီးတွေကို အစာများတာဟာ ၀မ်းချုပ်စေပါတယ်။

(၆)   အဆီများတဲ့အစားစာတွေရှောင်ပါ။

အာလူးကြော်လို ဟာမျိုးကိုရှောင်ကျဉ်ပါ။ တိရစ္ဆာန်တွေကရတဲ့ အဆီတွေဟာ ထိခိုက်လွယ်တဲ့ အစာအိမ်တွေနဲ့ မသင့်တော် ပါဘူး။

(၇)  အချိုများတဲ့အစာတွေကိုလည်း ရှောင်ပါ။

သကြားလုံးနဲ့ အချိုများတဲ့ အစားအစာတွေက အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒီအစာတွေက အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး သွေးတွင်းသကြားဓါတ် ပါဝင်မှုကို တက်လိုက်ကျလိုက်ဖြစ်စေပါတယ်။

(၈)    ကဖင်းဓါတ်ကိုလည်း ရှောင်ရပါမယ်။

ကဖင်းဓာတ်တွေက အစာအိမ်ကြွက်သားတွေ ပြန်လည်ဖြေလျော့ခြင်းကို တားဆီး ပါတယ်။ ဒါကြောင့် ကိုလာ ၊ ကော်ဖီ ၊ လက်ဖက်ရည် စတာတွေကိုလဲ ရှောင်ကျဉ် ရပါမယ်။

(၉)   အားဖြည့်အချိုရည်တွေ ရှောင်ပါ။

ဂက်စ်ပမာဏအနည်းငယ်က လေးလံနေတဲ့ အစာအိမ်ကို အနည်းငယ် အထောက် အကူဖြစ်စေပေမယ့် အမြုပ်တစီစီနဲ့ ဂက်စ်ပါဝင်မှုများတဲ့ အချိုရည်တွေက အစာအိမ်ကို ရောင်ရမ်းစေပါတယ်။ အစာအိမ်နာကျင်မှု တစ်ခုခုခံစားနေရချိန်မှာ အားဖြည့်အချိုရည်တွေကိုလဲ မသောက်သင့်ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top