iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် ပေါ့ပ်ကြယ်ပွင့်နှင့် သရုပ်ဆောင်မင်းသမီး လေဒီဂါဂါသည် ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပပြုလုပ် မည့် Super Bowl အမေရိကန် ဘောလုံးချန်ပီယံလုပွဲ မစတင်မီနိုင်ငံတော်သီချင်း The Stars-Spangled Banner ကို သီဆို မည်ဖြစ်သည်။

ယင်းဖျော်ဖြေတင်ဆက်မှုကို CBS ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့ Coldplay သည် ၂၀၁၆ Super Bowl ဗိုလ်လုပွဲ ပထမပိုင်းပွဲအပြီးအားလပ်ချိန် ဖျော်ဖြေပွဲ၌ အဓိကဖျော်ဖြေတင်ဆက်မည်ဖြစ် သည်။

၂၀၁၅ Super Bowl ဗိုလ်လု ပွဲကို ကြည့်ရှုသူ ၁၁ ဒသမ ၅ သန်းရှိခဲ့ပြီး ယင်းမှာ ကြည့်ရှုသူအများ ဆုံး ရုပ်သံအစီအစဉ်အဖြစ် စံချိန်တင်ခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့ Levi's အားကစားကွင်း၌ ကျင်းပမည့် ၂၀၁၆Super Bowl ဗိုလ်လုပွဲ ပထမပိုင်းပွဲအပြီး အားလပ်ချိန် ဖျော်ဖြေပွဲတွင် Coldplay အဖွဲ့နှင့်အတူအဆိုတော် ဘီယွန်စေးလည်းပါဝင်ဖျော်ဖြေမည်ဟု အတည်ပြုထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top