iMyanmarHouse.com - Best Property Website for Myanmar
×

Miley Cyrus နဲ့ Liam Hemsworth တို့ စတင်းပြီး ပြန်လည်လက်တွဲတဲ့ အချိန်ကတည်းက သူတို့ အပြီးသတ်လက်တွဲသွားကြပြီလားဆိုတာ ပရိသတ်တွေ သိချင်ခဲ့ကြပါတယ်။ အဲဒီထင်ကြေးပေးချက် မှန်မယ့် သဘောရှိပါတယ်။ ဘာလို့လဲဆိုတော့ ယင်းစုံတွဲဟာ လူသူကင်းရှင်းတဲ့ သြစတြေးလျကျွန်းတစ်ခုမှာ လက်ထပ်ခဲ့ကြောင်း သတင်းထွက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

သိရသလောက်တော့ Miley နဲ့ Liam က "သူတို့ လက်ထပ်သွားကြပြီဖြစ်ကြောင်း  ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ပြောပြခဲ့ပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးစလုံးက "မိန်းမ" သို့မဟုတ် "ယောက်ျား" ဆိုတဲ့ နာမ်စားတွေနဲ့ တစ်ယောက်ကို တစ်ယောက် ရည်ညွန်းပြောဆိုနေကြကြောင်း သိရပါတယ်။

Life & Style မှ သတင်းအရင်းအမြစ်တွေကလည်း အခုလိုပြောဆိုခဲ့ကြပါတယ်။ Liam အနေနဲ့ ရင်ခုန်ရလွန်းလို့ Miley အား ဘယ်လောက်ချစ်ခြင်းကြောင်း ထုတ်မပြောတတ်လောက်အောင်ပါပဲလို့ ပြောဆိုပြီးတဲ့နောက် Miley Cyrus လည်း မျက်ရည်ကျခဲ့ပါတယ်။ အင်မတန် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ဒါ ထာဝရတောက်လောင်နေမယ့် သူ့ရဲ့ ချစ်ခြင်းမီးလျှံကို ကိုယ်စားပြုတယ်လို့ ပြောဆိုရင်း Liam က သူ့မိသားစုဝင်အားလုံးကို ဖယောင်းတိုင်မီး ထွန်းစေခဲ့ပါတယ်။

အရမ်းရိုမန်တစ်ဆန်ပြီး အဖြစ်အပျက်တွေကို ပိုမို လှပတင့်တယ် စေခဲ့ပါတယ်။ ယင်းအဖြစ်အပျက်တစ်ခုလုံးဟာ နေဝင်ဆည်းဆာနဲ့ အတူ အသက်ဝင်ခဲ့ပါတယ်။ Miley သို့မဟုတ် Liam တစ်ယောက်ယောက်ဆီမှ အတည်ပြုပြောဆိုမှု မရှိပေမယ့် သူတို့ နှစ်ဦးစလုံးဟာ စိတ်ကူးရှိသလို လုပ်ဆောင်တတ်သူတွေ ဖြစ်ပြီး သူတို့သဘောအတိုင်း စီစဉ်ဆောင်ရွက်ရတာ နှစ်သက်သဘောကျ သူတွေမို့ သူတို့ ဒီအကြောင်း အသေးစိတ် အချက်အလက်တွေ တစ်နေ့ ဝန်ခံခဲ့မယ်ဆိုရင် ဒါဟာလည်း ကျွန်ုပ်တို့အတွက်တော့ အံ့သြစရာတွေ ဖြစ်ကြရဦးမှာပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top