iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီက နာကျင်ကိုက်ခဲမှုတွေ ဖြစ်လာခဲ့ရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ အချို့သော နာကျင်ခံစားရမှု တွေဟာ သေးငယ်သည့်တိုင်အောင် သင့်ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။ ဘယ်တော့မှ လျစ်လျူမရှုထားသင့်တဲ့ ခန္ဓာကိုယ် နာကျင်မှု (၅) မျိုးရှိပါတယ်။

၁။ ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင်တာမျိုးကို လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ နာကျင်မှုဟာ ကျောရိုးနဲ့ ပုခုံးဆီ ဆက်ပြီး ရွေ့သွားမယ်ဆိုရင် ဒါဟာ နှလုံးရောဂါဖြစ်နိုင်တဲ့ အခြေအနေပါ။

၂။ နောက်ကျောအောက်ပိုင်းမှ စတင်နာကျင်လာခြင်း
ဒါလည်း အချိန်မဆွဲသင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လက်တင်လိုတော့ မြင်းမြှီးရောဂါလို့ ခေါ်ကြပြီး နောက်ပိုင်းမှာ လမ်းလျှောက်ရ ခက်လာနိုင်ပါတယ်။

၃။ ဗိုက်အောက်ပိုင်း နာကျင်ခြင်း
ဗိုက်အောက်ပိုင်း နာကျင်လာရင်လည်း အချိန်မီ ဆရာဝန်ဆီသွားသင့်ပါတယ်။ ဗိုက်အောင့်နေချိန်မှာ ဖျားချင်နေပြီဆိုရင်တော့ ဒါဟာ အူအတက်ရောင်တာ ဖြစ်နိုင်လို့ အန္တရာယ်ရှိပါတယ်။

၎။ ခြေထောက်နာကျင်ခြင်း/ မကြာခဏ ကြွက်တက်ခြင်း
နာကျင်တဲ့ နေရာတစ်ဝိုက်မှာ နီရဲပြီး ယောင်ယမ်းနေမယ်ဆိုရင်တော့ သတိထားသင့်တဲ့ ရောဂါဖြစ်ပါတယ်။ ခြေထောက်မှာ သွေးခဲတာမျိုး ဖြစ်နိုင်ပါတယ်။

၅။ ခြေဖဝါးနာကျင်ခြင်း
ခြေဖဝါးက နာကျင်မယ်/ ထုံကျင်နေမယ်ဆိုရင်တော့ ဆေးခန်းချက်ခြင်းပြသင့်ပါတယ်။ ဒါဟာ ဆီးချိုရောဂါကြောင့် အာရုံကြော ချွတ်ယွင်းနေတာဖြစ်နိုင်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top