iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဟန်ဟိုဂျူသည် MBC ရုပ်သံလိုင်းမှထုတ်လွှင့် ပြသမည့် W အမည်ရှိ ဒရာမာ ဇာတ်လမ်းတွဲသစ်၌ ပါဝင်သရုပ် ဆောင်ရန် ဆုံးဖြတ်လိုက်သည်ဟု ၎င်း၏အေဂျင်စီ BH Entertain-ment က ပြောသည်။ ဟန်ဟိုဂျူ သည် Wဒရာမာဇာတ်လမ်းတွဲ၌ လီဂျောင်ဆော့နှင့်အတူ သရုပ် ဆောင်မည်ဖြစ်သည်။

 ဟန်ဟိုဂျူသည် ၂၀၁၀ တွင် Dong Yi ရာဇဝင်ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ခဲ့ပြီးနောက် Mas -querade, Love 911, Cole Eyes နှင့် Beauty Inside ဇာတ် ကားများတွင် ပါဝင်သရုပ်ဆောင် ခဲ့သည်။

ဟန်ဟိုဂျူသည် ဒရာမာ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအဖွဲ့ သားများအပေါ် ယုံကြည်၍ ဒရာမာဇာတ်လမ်းတွဲရိုက်ကူးမှု များကို ခြောက်နှစ်ခန့် ရပ်နား ထားပြီးနောက် W ဒရာမာဇာတ် လမ်းတွဲဖြင့် ပရိသတ်ရှေ့မှောက် သို့ ပြန်လည်ရောက်ရှိမည်ဟု အတည်ပြုသည်။

 အပိုင်းပေါင်း   ၁၆  ပိုင်းပါ သော Wအချစ်ဒရာမာဇာတ်လမ်း တွဲကို လာမည့်ဇူလိုင်တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ထို အတောအတွင်း ဟန်ဟိုဂျူ၏ Love, Lies ရုပ်ရှင်ဇာတ်ကားသစ် ကို ဧပြီ ၁၃ ရက်တွင် ရုံတင်ပြသ မည်ဖြစ်သည်။


Credit : 7Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top