iMyanmarHouse.com - Best Property Website for Myanmar
×

တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူရဲ့ နေထိုင်ပုံ၊ အပြူအမူလေးတွေက အစ အမျိုးသားတွေက ကြည့်ပြီး ကြည်နူးနေတတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသားအများစု မုန်းလေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အလေ့အကျင့် တစ်ချို့ရှိပါတယ်။ ဒါကို မိန်းကလေးတွေကိုယ်တိုင် သတိမထားမိတတ်ကြပါဘူး။

မိန်းကလေးတွေအနေနဲ့ ဒီလိုအမူအကျင့်တွေကို အိမ်မှာထားခဲ့ရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။

၁။ လူကြားထဲတွင် ရန်ဖြစ်ခြင်း

မိန်းကလေး အချို့က လူကြားထဲမှာ ရန်ဖြစ်ဖို့ မကြောက်တတ်ကြပါဘူး။ ဒေါသက လွှမ်းမိုးသွားတဲ့အခါ ဒီလိုဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကတော့ လူကြားထဲ မိန်းကလေးနဲ့ ရန်မဖြစ်ချင်ကြပါဘူး။

၂။ လူရှေ့တွင် ဝေဖန်ခြင်း

မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေရှေ့မှာ ဝေဖန်တာကို အမျိုးသားတွေ လုံးဝမကြိုက်ပါဘူး။ ဒါဟာ မိန်းကလေးအချို့ရဲ့ အကျင့်ဗီဇဖြစ်နေပေမဲ့ ဘယ်အမျိုးသားမှာ လက်မခံနိုင်တဲ့ အပြုအမူပါ။

၃။ အမြဲတမ်း အဆိုးမြင်ခြင်း

အချို့ မိန်ကလေးတွေက ကိုယ်ချစ်တာကိုတော့ ထုတ်မပြတတ်ကြပါဘူး။ ဒါပေမယ့် စိုးရိမ်တာကိုတော့ အမြဲတမ်း ထုတ်ပြောလေ့ရှိပါတယ်။ အဲဒီအခါ ကိုယ့်ချစ်သူ မိန်းကလေးက အမြဲတမ်း အပြစ်တင်ပြီး အဆိုးမြင်နေတာပဲလို့ အမျိုးသားတွေ တွေးလာတတ်ပါတယ်။

၎။ ယောက်ျားလေးများနှင့် လိုတာထက်ပို အရောဝင်ခြင်း

အချို့ အပေါင်းအသင်းတွေကို ခင်တတ်လို့ ဆိုပြီး အမျိုးသားမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ကြပါတယ်။ ဒီအကျင့်ကိုတော့ ဘယ်အမျိုးသားမှ မကြိုက်ပါဘူး။ သူ သင့်ကိုအူတိုတဲ့စိတ်နဲ့ ပိုပြီးချစ်လာအောင် သင့်ဘက်က လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သင် အခြားအမျိုးသားတွေနဲ့ ရောချင်လို့ ရောနေတာပဲလို့သာ တွေးမှာပါ။

၅။ ပုံကြီးချဲ့ပြီး ပြဿနာရှာခြင်း

သူချော့တာကို ခံချင်လို့ သင့်ဘက်က ဒီလိုလုပ်တာ ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ ဘာမှ အရေးမကြီးတဲ့ ကိစ္စတွေအပေါ်မှာ သူတို့ကို အပြစ်ရှာပြီး စိတ်ကောက်တတ်တာမျိုးကို အမျိုးသားတွေ စိတ်မရှည်တတ်ကြပါဘူး။

၆။ သူ့ကို ပြောင်းလဲဖို့ အမြဲ ကြိုးစားခြင်း

ချစ်သူအမျိုးသားတွေအပေါ်မှာ အမျိုးသမီးတွေက တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြောင်းလဲယူဖို့ ကြိုးစားတတ်ကြပါတယ်။ သူတို့ကြိုက်တဲ့ အားကစားပွဲတွေကို သင်လိုက်ကြည့်ပေးဖို့ အမြဲအဆင့်သင့် ဖြစ်ပြီလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒါကြောင့် သူ့အကြိုက်နဲ့ သူနေပါစေ။

၇။ "မီး" လှလားဟု ခဏခဏ မေးခြင်း

ကိုယ့်ချစ်သူက ခဏခဏ လှတယ်ပြောတာကို မိန်းကလေးအားလုံး သဘောကျပါတယ်။ ဒါပေမဲ့ လွန်ကဲစွာ အလှတွေပြင်ပြီးတော့ မကြာခဏ ချစ်သူဆီကို "ချစ် လှရဲ့လား" ဆိုပြီး မေးတာ သူတို့ကို စိတ်ညစ်စေပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top