iMyanmarHouse.com - Best Property Website for Myanmar
×

လိမ္မော်သီးခွံ အသားအရေဆိုတာ ကမ္ဘာတစ်ဝှမ်း လူအများအပြားကို အထူးသဖြင့် အမျိုးသမီးများကို ထိခိုက်နစ်နာစေတဲ့ အဖြစ်များတဲ့ ပြသနာတစ်ခုပါ။ ဒီ ရောဂါအနေအခြေဟာ အရေပြားအောက်မှာ ရေ၊ အဆီနဲ့ အညစ်အကြေးတွေ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ ကံအားလျှော်စွာ ရေပုံမှန်သောက်သုံးခြင်းဖြင့် cellulite ကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

ဒီဓာတ်စာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊ ငါး၊ အဆီနည်းအသား၊ ကြက်ဥနဲ့ ဒိန်ခဲ စားတာ ပါဝင်ပါတယ်။ ထမင်းမစားရသေးခင်စပ်ကြား ဆာလောင်မှုခံစားပါက ဗိုက်ပြည့်အောင် ပန်းသီးဖြစ်ဖြစ် စားပေးနိုင်ပါတယ်။ ဒီဓာတ်စာမှာ ပေါင်မုန့်၊ ပါစတာ နဲ့ (ကာဘိုဟိုက်ဒရိုက်၊ သကြား၊ အဆီစတဲ့) အချိုတွေ ရှောင်ရပါမယ်။ မနက်ကနေစပြီး ရိုးရိုးရေ ၂ လီတာခွဲ သောက်ပေးပါ။

(၁) ပတ်ကြာပြီးနောက်

ဗိုက်ပြည့်ဖောင်းနေသလို ခံစားရလည်း စိုးရိမ်စရာမရှိပါ။ ရေများများသောက်ထားလို့ ဖြစ်ပါတယ်။ ၃-၄ ရက်ကြာပြီးရင် လျှော့သွားပါလိမ့်မယ်။ ရေက သင့်ကို အချိန်ပိုကြာ ဗိုက်ပြည့်နေအောင် ထိန်းနိုင်စွမ်းရှိလို့  ဗိုက်ဆာတဲ့ခံစားချက် လျော့နည်းလာမှာဖြစ်တယ်။

(၂) ပတ်ကြာပြီးနောက်

ပိုမိုလန်းဆန်းတက်ကြွလာပါလိမ့်မယ်။ တစ်ခုတည်းသော ပြသနာက မကြာခဏ ဆီးသွားချင်တာတွေ ဖြစ်တတ်ပါတယ်။ သို့သော် ဒီနည်းက အဆိပ်အတောက်များကို ခန္ဓာကိုယ်မှ ဖယ်ရှားပေးပါတယ်။ ပြီးတော့ အစာခြေချက်မှု ပိုမိုကောင်းမွန်စေပြီး ဝမ်းသွားမှု ပုံမှန်ဖြစ်စေပါလိမ့်မယ်။

(၃) ပတ်ကြာပြီးနောက်

နေရထိုင်ရတာ အဆင်ပြေလာပြီး အနည်းဆုံး ကိုယ်အလေးချိန် ၂ ကီလိုဂရမ် လျော့နည်းသွားပါလိမ့်မယ်။ နောက် အသားအရေ သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး လိမ္မော်သီးခွံလို အသားအရေ သိပ်ထင်သာမြင်သာရှိတော့မှာ မဟုတ်ပါဘူး။

(၄) ပတ်ကြာပြီးနောက်

ရေပုံမှန်သောက်ခြင်းကြောင့် ကိုယ်အလေးချိန် ၄ ကီလိုဂရမ် လျော့ကျ နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top