iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ပိုပြီး စွန့်စားတယ်

သားဦးတွေ၊ သမီးဦးတွေမှာရှိတတ်တဲ့  ပြန်ဦးဆောင်ရမယ်ဆိုတဲ့ တာဝန်စိတ်မျိုးနဲ့ သူတို့က ကင်းလွတ်ပါတယ်။ မိသားစုထက် ကိုယ်ပိုင်ပုံစံကို လွပ်လွပ်လပ်လပ်ရှာနိုင်သူတွေဖြစ်ပြီး မိသားစုထဲမှာ အစွန့်စားဆုံးလူတွေ ဖြစ်တတ်ပါတယ်။

၂ - ပျော်တတ်တယ်

အငယ်ဆုံးတွေဟာ မိသားစုထဲမှာ တွေ့သမျှလူ လိုက်စနေတတ်တဲ့လူတွေ ဖြစ်တတ်ပါတယ်။  တခြားမောင်နှမတွေထက်လည်း ပိုပျော်တတ်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ YouGov စစ်တမ်းတစ်ခုမှာ အငယ်ဆုံးတွေဟာ မောင်နှမတွေထဲ သူတို့ကိုယ်သူတို့ အပျော်တတ်ဆုံးလူတွေလို့ ထင်ကြကြောင်း တွေ့ရှိထားပါတယ်။ အကြီးဆုံးတွေနဲ့ သူတို့က ပြောင်းပြန်ဖြစ်ပါတယ်။

၃ - သက်သောင့်သက်သာရှိတယ်

အငယ်ဆုံးသားသမီးတွေဟာ့  တခြားမောင်နှမတွေထက် တင်းတင်းမာမာမရှိဘဲ အေးအေးဆေး ဘဝကိုဖြတ်သန်းသူတွေလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့သားသမီးတွေကို  မိဘတွေရဲ့ ပြုစုပျိုးထောင်တဲ့ ပုံစံကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သားသမီးအကြီးတွေကို ပျိုးထောင်ရာကရရှိလာတဲ့ အတွေ့အကြုံတွေဟာ အငယ်ဆုံးသားသမီးအတွက် အထောက်အကူဖြစ်သွားတယ်လို့ ဆိုပါတယ်။

၎ - အပေါင်းအသင်းဆံ့

အကြီးဆုံးသားသမီးတွေလိုမဟုတ်ဘဲ အငယ်ဆုံးတွေဟာ အပျော်ကြိုက်သူတွေဖြစ်ပြီး အပေါင်းအသင်းဆံ့ပါတယ်။

၅- တီထွင်ဖန်တီးလိုစိတ်

အငယ်ဆုံးတွေဟာ တီထွင်ဖန်တီးလိုစိတ် သူများထက်ရှိတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အကြီးတွေလျှောက်တဲ့လမ်းကို ရှောင်ရှားဖို့ကြိုးစားရင်း အခုလို တီထွင်ဖန်တီးတဲ့ လမ်းကြောင်းကို ရွေးမိလာတတ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Credit:  Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top