iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ်ချရတာ လွယ်ပါတယ်။ အရင်က အချက်တွေ(၁၀)ချက်လောက်အထိ ရေးဖူးတော့ လူတွေက လုပ်ငန်းဆောင်တာ
တွေက များလိုက်တာဆိုပြီး နှာခေါင်းရှုံ့ချင်ကြတယ်။ အခု အလွယ်နည်း (၅)ခုကို တင်ဆက်ပေးလိုက်
ပါတယ်။

(၁) အဓိကအစားအစာ 5 မျိုးပါပါစေ

နေ့စဉ်စားတဲ့ အစားအစာထဲမှာ ကယ်လိုရီလောင်ကျွမ်းမှုကို မြင့်မားစေတဲ့ ပြောင်းဂျုံကဲ့သို့သော အစေ့အဆန်တွေ၊ ပရို
တိန်းဓာတ်ပါတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပုံမှန်အစားအစာထဲမှာ
အနည်းဆုံး နှစ်မျိုးလောက်ပါအောင် စားပေးပါ။ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေ ပါအောင် စားပေးပါ။
(၂) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

အကောင်းဆုံးကတော့ မနက်အိပ်ယာထ လေ့ကျင့်ခန်းလုပ်ခြင်းပါဘဲ။ အချိန်အများကြီး ပေးစရာမလိုပါဘူး။ မိနစ်(၂၀)ဆို
လုံလောက်ပါပြီ။ နေ့တိုင်းလုပ်ဖို့တော့ လိုပါတယ်။
(၃) ဖိအားကင်းကင်းနဲ့နေပါ

ဖိအားတွေဟာ ကောင်းကျိုးမပေးတဲ့ဟိုမုန်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါမှာ ကယ်လိုရီလောင်ကျွမ်းမှုနည်းပြီး ကို
လက်စထရောဓာတ် ခန္ဓာကိုယ်တွင်း ပါဝင်မှုပမာဏများလာပါတယ်။ စိတ်ဖိအားများခြင်းဟာ လူကို ၀ဖြိုးစေပါတယ်။
(၄) ဆာတဲ့အချိန်မှာ စားပါ

ဆာတဲ့အချိန် စားခြင်းက ၀ိတ်ကို ကျစေပါတယ်။ မဆာပဲနဲ့ စားတာတို့၊ ဆာရဲ့သားနဲ့ မစားတာတို့ဟာ ၀ိတ်ကို မြင့်မားစေ
ပြီး ရောဂါဘယပေါင်းစုံကိုလည်း ပေးပါတယ်။
(၅) ကိုယ်အလေးချိန်ကို မျက်ခြေမပျက်ပါစေနဲ့

ကိုယ်အလေးချိန်ချရုံနဲ့ ထိရောက်မှု မရှိသေးပါဘူး။ မိမိခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ မနေ့ဘယ်လောက်ရှိတယ်၊ ဒီနေ့
ဘယ်လောက်ရှိတယ်ဆိုတာကို မျက်ခြေမပျက်မှ ၀ိတ်ချရတာ ပိုပြီးထိရောက်ပါတယ်။



Credit :  (Shwemom)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top