iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ခွေးချစ်သူဆိုရင် သင့်ဘဝ ပိုမိုစိုပြေလှပအောင် ခွေးတစ်ကောင်မွေးသင့်ပါတယ်။ ခွေးမွေးသင့်တဲ့ အကြောင်းရင်း (၁၂) ခု ရှိပါတယ်။

၁။ ခွေးတွေက သိပ်ချစ်ဖို့ကောင်းတယ်

ခွေးတွေက ချစ်စရာကောင်းတဲ့မျက်နှာတွေလုပ်တတ်သလို သင့်နှလုံးသား အရည်ပျော်အောင် ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတယ်။ အဲဒါကြောင့် သခင်တွေဆီက သူတို့လိုချင်တာ အမြဲရတယ်။

၂။ တစ်သက်တာ အချစ်ဆုံးသူငယ်ချင်းတွေ

သင်အလိုအပ်ဆုံးအချိန်တွေမှာ သင့်ခွေးလေးက သင့်အနားမှာ အမြဲရှိနေမှာပါ။ သင်ဝမ်းနည်းနေရင် သူတို့သိသလို သင့်ကို ဘယ်လိုစိတ်ပျော်အောင် လုပ်ရမယ်ဆိုတာလဲ သူတို့သိပါတယ်။

၃။ အိမ်ပြန်ချိန်တိုင်း အမြဲကြိုဆိုနေမယ့်သူ

တံခါးဝရောက်တာနဲ့ သင့်ကို ဝမ်းသာတကြီး ကြိုဆိုပြီး ပျော်ရွှင်အောင် သူက အမြဲလုပ်ပေးလိမ့်မယ်။

၎။ သင့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်သူ

ခွေးတွေဟာ သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး ပျော်ရွှင်မှုကို တိုးပွားစေပါတယ်။

၅။ သင့်ကို ဘယ်တော့မှ ဝေဖန်မယ့်သူတွေ မဟုတ်ဘူး

သင့်ရဲ့အမှားတွေအတွက် ဘယ်တော့မှ သင့်ကို အပြစ်တင်မယ့်သူမဟုတ်သလို သင်ဘယ်လိုပဲ ဝတ်ဝတ်၊ ဘယ်လို ဆံပင်ကေပဲ ညှပ်ညှပ် သင့်ကို ဝေဖန်မယ့်သူတွေ မဟုတ်ဘူး။ သင်အနားမှာရှိနေရင် ပျော်နေမယ့်သူတွေဖြစ်တယ်။

၆။ သင့်ကိုယ်ပိုင် အားကစားလေ့ကျင့်ပေးသူ

နေ့စဉ် လေ့ကျင့်ခန်း (ပြေးလွှား၊ လမ်းလျှောက်) လုပ်ဖြစ်အောင် သူတို့က ကူညီပေးလိမ့်မယ်။ တစ်ချိန်လုံး တီဗီထိုင်ကြည့်၊ ဂိမ်းပဲဆော့နေသူဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး။

၇။ သင့်ကို စိတ်ထားနူးညံ့သူဖြစ်စေလိမ့်မယ်

သူများအတွက် ဘယ်လိုစဉ်းစားပေးရမယ်။ ကြင်နာရမယ်။ ဂရုစိုက်ရမယ်ဆိုတာ သူတို့က သင်ပေးလိမ့်မယ်။

၈။ သူသာရှိနေရင် ဘယ်တော့မှ ပျင်းရမှာမဟုတ်ဘူး

သင်ဘယ်လိုပဲ စိတ်ညစ်နေပစေ သူတို့က သင့်ကို ပျော်အောင် လုပ်ပေးမယ့်သူတွေပါ။

၉။ သက်ဆုံးတိုင် သစ္စာရှိမယ့်သူ

သင့်အတွက် သူတို့မှာ အချိန်မပေးနိုင်တာ မရှိဘူး။ သင် ရင်ဖွင့်သမျှ နားထောင်ပေးလိမ့်မယ်။ ဘယ်သူ့ကိုမှ ပြန်ပြောမှာ မဟုတ်ဘူး။

၁၀။ သူတို့အချစ်မှာ ကန့်သတ်ချက်မရှိဘူး

သင်ဟာ သူ့ရဲ့ကမ္ဘာဖြစ်တယ်။ သူ့မှာ ကစားစရာအသစ်ရရင်တောင် သင့်ကို ဘယ်တော့မှ အချစ်လျော့သွားမှာ မဟုတ်ဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top