iMyanmarHouse.com - Best Property Website for Myanmar
×







Credit: duwun



#Unicode

အိတ်တွေကို ပခုံးမှာ လွယ်တဲ့အခါ ကြိုးတွေက ဆံပင်တွေနဲ့ ငြိပြီး ဆောင့်ဆွဲသလို ဖြစ်ကာ ဆံပင်တွေ ကျိုးပြတ်ကုန်ပါတယ်။

အိပ်ကို ပခုံးနောက်ကို ပို့တဲ့အခါမှာ ဆံပင်တွေကို ဆောင့်ဆွဲသလို ဖြစ်တာကိုလည်း တစ်ခါတလေ သင်သတိထားမိပါလိမ့်မယ်။ ဆံပင်ကို ပခုံးတစ်ဖက်တည်းမှာပဲ အမြဲလွယ်ခြင်းအားဖြင့် လွယ်တဲ့ဘက်ခြမ်းက ဆံပင်ကို ပါးသွားစေပါတယ်။

သံကြိုးတွေပါတဲ့ အိတ်တွေက ဆံပင်ကို အလွယ်တကူငြိစေတဲ့အတွက် ဆံသားကို ပိုပျက်စီးစေပါတယ်။

ကံကောင်းတဲ့အချက်က ဆံသားမပျက်စီးအောင် အိတ်ကို လွယ်လို့ရတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အိတ်ကို နောက်ကိုလွှဲတဲ့အခါတိုင်း ဖြည်းဖြည်းသက်သာလုပ်ပြီး ဆံပင်ကို ဂရုတစိုက်နဲ့ ဖယ်ပေးပါ။ အိတ်မလွယ်တဲ့ဘက်ကို ဆံပင်ကို ပို့နိုင်သလို ဆံပင်က ပြန်ပြန်ကျနေရင် ခပ်လျော့လျော့လေး စည်းထားလို့ ရပါတယ်။

နောက်ပြီး အခုချိန်ကစပြီး အိတ်ကို ပခုံးတစ်ဖက်တည်းမှာပဲ မလွယ်မိစေဖို့လည်း လိုပါတယ်။ ဆံပင်အတွက်တင် မဟုတ်ပါဘူး၊ သင့်ရဲ့ကိုယ်နေဟန်ထားအတွက်လည်း ကောင်းပါတယ်။

တကယ်လို့ သင်က ဆံပင်တိုတဲ့သူဖြစ်ရင်တော့ ဝမ်းသာစရာပါပဲ။ ဘယ်လိုအိတ်မျိုးကို လွယ်လွယ် ဆံပင်မငြိနိုင်တဲ့အတွက် ဘာပြဿနာမှ မရှိနိုင်ဘူးလေ။

Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top