iMyanmarHouse.com - Best Property Website for Myanmar
×

ခရုသင်းရောဂါသည်များအနေဖြင့် အားကစားလုပ်ခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီသော အစားအသောက် များသည် အရေးကြီးသည်ဆိုခြင်းတို့နှင့် ပတ်သက်၍ ပညာရှင်များ က လမ်းညွှန်ထားသည်။

အိန္ဒိယနိုင်ငံ အမျိုးသားအရေပြားရောဂါကုဆေးရုံ အရေပြားရောဂါဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဗီကတ်စ်ရှာမာက ခရုသင်း ရောဂါသည် နားလည်မှုအလွဲမှားဆုံးရောဂါတစ်ခုဖြစ်ပြီး သက်တမ်း ရင့်ရောဂါတစ်မျိုးဖြစ်သည်ဟု ပြောသည်။

ခရုသင်းရောဂါသည်များအနေဖြင့် လေ့ကျင့်ခန်းများလုပ်သင့် ပြီး အဆောက်အအုံအတွင်းအပြင် အားကစားလှုပ်ရှားမှုများ၌ ပါဝင်သင့်သည်ဟု ပြောသည်။ မပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း ကြောင့် ရောဂါအတွက် အထောက်အကူပြုနိုင်ပြီး အကျိုးကျေးဇူး များ ရရှိနိုင်သည်။

နွားနို့နှင့် ငါးကဲ့သို့ အစားအစာများက ရောဂါအပေါ် လွှမ်းမိုးမှုရှိသည်ဆိုသော ပြောကြားမှုများအားလုံးမှာ မှားယွင်းပြီး ယင်းရောဂါဖြစ်ပွားခြင်းနှင့် အစားအစာများအကြား ဆက်စပ်မှုမရှိ ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။

ကမ္ဘာတစ်ဝန်းလူဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်း အထိ ခရုသင်းရောဂါဖြစ်ပွားနေပြီး လူပေါင်း ၆၅ သန်းအထိ ယင်း ရောဂါဖြစ်ပွားနေကြောင်း သိရသည်။ ယင်းရောဂါသည်များအနက် ထက်ဝက်မှာ အသက်(၂၀)မတိုင်မီ ရောဂါဖြစ်ပွားပြီး အများစုမှာ အသက်(၄၀)မပြည့်မီ ရောဂါဖြစ်ပွားခြင်းဖြစ်သည်။

ယင်းရောဂါသည် အမျိုးသား၊ အမျိုးသမီး မခြားနားဘဲ ထိခိုက်  နိုင်သော်လည်း အာရှသားများအဖြစ်များကြောင်း သိရသည်။

ခရုသင်းရောဂါသည် အရေပြားမှုမမှန်မှုကြောင့်ဖြစ်ပြီး အရေ ပြားအားလုံး ဖြူဖွေးသွားခြင်း (သို့မဟုတ်) အစက်အပြောက်များဖြစ်ပေါ်ပြီး အရေပြားတွင် အသားအရောင်ဖြစ်ပေါ်စေသော ဆဲလ်များ မရှိခြင်းတို့ကြောင့်ဖြစ်သည်။

ခရုသင်းရောဂါသည် ကူးစက်တတ်သော ရောဂါတစ်ခုမဟုတ် ဆိုသည်ကို လူများစွာက သတိမထားမိကြသဖြင့် ခရုသင်းရောဂါ သည်အများအပြားသည် လူမှုရေးခွဲခြားဆက်ဆံမှုများစွာနှင့် ရင်ဆိုင်ကြရသည်။

သို့သော် နူနာရောဂါမှာ ခရုသင်းရောဂါကဲ့သို့ မဟုတ်ဘဲ လူ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ကာ အမြင်အာရုံအားနည်းခြင်းတို့ လည်း ဖြစ်ပေါ်နိုင်သည်။

နူနာရောဂါသည်တစ်ဦး၏ ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့် ရောဂါကူးစက်နိုင်သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top