iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြအတြက္ လက္ျပတ္အက်ီၤေတြ ၊ စြပ္က်ယ္ အက်ီၤေတြ ၀တ္ဆင္တဲ့အခါမွာ တစ္ခ်ိဳ႕အတြက္ ဆုေတာင္ေကာင္းခဲ့သလို တစ္ခ်ိဳ႕ အတြက္ေတာ့ က်ိန္စာ သင့္ခဲ့ရပါတယ္။ မိန္းကေလးတစ္ခ်ိဳ႕ဟာ ခ်ိဳင္းၾကားမွာ ရွိေနတဲ့ ခ်ိဳင္းေမႊးေတြေၾကာင့္ လက္ျပတ္ အကၤ်ီ၀တ္ဖို႔ အခက္အခဲ ျဖစ္ၾကရပါတယ္။ ဒါေပမယ့္ မိန္းကေလးေတြဟာ ဘယ္သူမွာ ခ်ိဳင္းေမႊးေတြနဲ႔ လက္ျပတ္အကၤ်ီ မ၀တ္ၾကပါဘူး။ သူတို႔ဟာ အဲဒီ ခ်ိဳင္းေမႊးေတြကို ရိတ္ၿပီး ဖယ္ရွားလိုက္ၾကပါတယ္။ အစပိုင္းမွာေတာ့ အဆင္ေျပသြားၾကပါလိမ့္မယ္။ တစ္လေလာက္ၾကာလာရင္ေတာ့ ခ်ိဳင္းေမႊးရိတ္ထားတဲ့ ေနရာေတြမွာ အမည္းေရာင္ အစက္အေျပာက္ေလး ေတြရွိေနတဲ့အတြက္ က်ိန္စာ ထပ္သင့္ရျပန္ပါတယ္။ အဲဒီ ျပႆနာကို ေျဖရွင္းဖို႔အတြက္ နည္းလမ္းေလးတစ္ခ်ိဳ႕ကို အႀကံျပဳေပးလိုပါတယ္။

၁။ အာလူး ၊ သခြားသီး ၊ သံပုရာသီး
ဒီ သဘာ၀ အသီးအႏွံေတြဟာ Acidic ပါ၀င္တဲ့အရာေတြျဖစ္တာေၾကာင့္ သဘာ၀ ကုထံုးတစ္ခုအျဖစ္ စိတ္ခ်စြာ စမ္းသပ္ၾကည့္ႏိုင္ပါတယ္။ အာလူး ၊ သခြားသီး နဲ႔ သံပုရာသီးေတြကို တစ္စိတ္ခ်င္း ခပ္ပါးပါးလွီးၿပီး ခ်ိဳင္းၾကားမွာ ခဏထားလိုက္ပါ။ ၁၀ မိနစ္ ကေန ၃၀ မိနစ္ေလာက္ေစာင့္ၾကည့္ၿပီးရင္ ေရေဆးၾကည့္လိုက္ပါ။ သံပုရာသီး သံုးမယ္ဆိုရင္ေတာ့ လိုးရွင္းနည္းနည္း အရင္သံုးသင့္ပါတယ္။ သံပုရာသီးဟာ သင့္အေရျပားကို ေျခာက္ေသြ႕ သြားေစ ႏိုင္တာေၾကာင့္ပါ။

၂။ ဆိုဒီယမ္ ဘိုင္ကာဘြန္နိတ္(မုန္႔ဖုတ္ဆိုဒါ)
မုန္႔ဖုတ္ဆိုဒါနဲ႔ ေရနဲ႔ကို ပ်စ္ပ်စ္ေလး ေရာေႏွာၿပီး ခ်ိဳင္းၾကားမွာ သုတ္လိမ္းပါ။ ခဏတျဖဳတ္ သုတ္လိမ္းထား ၿပီးရင္ ေဆးေၾကာလိုက္ပါ။ တစ္ပတ္ကို အႀကိမ္ေရ မ်ားစြာ ထပ္ခါထပ္ခါ ျပဳလုပ္ပါ။ တစ္ပတ္ေလာက္ဆိုရင္ သင့္ခ်ိဳင္းၾကားက အမည္းစက္ေတြ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

၃။ အုန္းဆီ
အုန္းဆီမွာ ပါ၀င္တဲ့ ဗီတာမင္ အီး ဟာလည္း သင့္ ခ်ိဳင္းၾကားက အစက္အေပ်ာက္ေတြကို ဖယ္ရွားဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းတစ္ခုပါ။ ဂ်ိဳင္းၾကားကို အုန္းဆီလိမ္းရင္း ၁၀ မိနစ္ - ၁၅ မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။ ၿပီးရင္ေဆးေၾကာလိုက္ပါ။ ဒီနည္းလမ္းဟာလည္း အျမန္ဆံုး ထိေရာက္မႈ ရွိလာေစႏိုင္ပါတယ္။

၄။ လိေမၼာသီး အခြံ
ဒီနည္းလမ္းအတြက္ကေတာ့ ႀကိဳတင္ျပင္ဆင္ရပါတယ္။ လိေမၼာ္ခြံအခ်ိဳ႕ကို ေျခာက္ေသြ႕ေအာင္ထားၿပီး ေပါင္ဒါမႈန္႔ေတြနဲ႔ ေရာေႏွာၿပီး ႀကိတ္ထားလိုက္ပါ။ ၿပီးရင္ ေရနည္းနည္း ၊ ႏြားႏို႔နည္းနည္း နဲ႔ ပ်စ္ပ်စ္ေလးေရာၿပီး ဂ်ိဳင္းၾကားမွာ သုတ္လိမ္းေပးပါ။ ေဆးေၾကာတဲ့အခါမွာေတာ့ ေရေအးေအးေလးနဲ႔ ေဆးေၾကာလိုက္တာ ပိုၿပီး ထိေရာက္ ႏိုင္ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode


မိန်းကလေးတွေအတွက် လက်ပြတ်အကျီင်္တွေ ၊ စွပ်ကျယ် အကျီင်္တွေ ၀တ်ဆင်တဲ့အခါမှာ တစ်ချို့အတွက် ဆုတောင်ကောင်းခဲ့သလို တစ်ချို့ အတွက်တော့ ကျိန်စာ သင့်ခဲ့ရပါတယ်။ မိန်းကလေးတစ်ချို့ဟာ ချိုင်းကြားမှာ ရှိနေတဲ့ ချိုင်းမွှေးတွေကြောင့် လက်ပြတ် အင်္ကျီဝတ်ဖို့ အခက်အခဲ ဖြစ်ကြရပါတယ်။ ဒါပေမယ့် မိန်းကလေးတွေဟာ ဘယ်သူမှာ ချိုင်းမွှေးတွေနဲ့ လက်ပြတ်အင်္ကျီ မဝတ်ကြပါဘူး။ သူတို့ဟာ အဲဒီ ချိုင်းမွှေးတွေကို ရိတ်ပြီး ဖယ်ရှားလိုက်ကြပါတယ်။ အစပိုင်းမှာတော့ အဆင်ပြေသွားကြပါလိမ့်မယ်။ တစ်လလောက်ကြာလာရင်တော့ ချိုင်းမွှေးရိတ်ထားတဲ့ နေရာတွေမှာ အမည်းရောင် အစက်အပြောက်လေး တွေရှိနေတဲ့အတွက် ကျိန်စာ ထပ်သင့်ရပြန်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းလေးတစ်ချို့ကို အကြံပြုပေးလိုပါတယ်။

၁။ အာလူး ၊ သခွားသီး ၊ သံပုရာသီး
ဒီ သဘာဝ အသီးအနှံတွေဟာ Acidic ပါ၀င်တဲ့အရာတွေဖြစ်တာကြောင့် သဘာဝ ကုထုံးတစ်ခုအဖြစ် စိတ်ချစွာ စမ်းသပ်ကြည့်နိုင်ပါတယ်။ အာလူး ၊ သခွားသီး နဲ့ သံပုရာသီးတွေကို တစ်စိတ်ချင်း ခပ်ပါးပါးလှီးပြီး ချိုင်းကြားမှာ ခဏထားလိုက်ပါ။ ၁၀ မိနစ် ကနေ ၃၀ မိနစ်လောက်စောင့်ကြည့်ပြီးရင် ရေဆေးကြည့်လိုက်ပါ။ သံပုရာသီး သုံးမယ်ဆိုရင်တော့ လိုးရှင်းနည်းနည်း အရင်သုံးသင့်ပါတယ်။ သံပုရာသီးဟာ သင့်အရေပြားကို ခြောက်သွေ့ သွားစေ နိုင်တာကြောင့်ပါ။

၂။ ဆိုဒီယမ် ဘိုင်ကာဘွန်နိတ်(မုန့်ဖုတ်ဆိုဒါ)
မုန့်ဖုတ်ဆိုဒါနဲ့ ရေနဲ့ကို ပျစ်ပျစ်လေး ရောနှောပြီး ချိုင်းကြားမှာ သုတ်လိမ်းပါ။ ခဏတဖြုတ် သုတ်လိမ်းထား ပြီးရင် ဆေးကြောလိုက်ပါ။ တစ်ပတ်ကို အကြိမ်ရေ များစွာ ထပ်ခါထပ်ခါ ပြုလုပ်ပါ။ တစ်ပတ်လောက်ဆိုရင် သင့်ချိုင်းကြားက အမည်းစက်တွေ ပျောက်ကင်းသွားပါလိမ့်မယ်။

၃။ အုန်းဆီ
အုန်းဆီမှာ ပါ၀င်တဲ့ ဗီတာမင် အီး ဟာလည်း သင့် ချိုင်းကြားက အစက်အပျောက်တွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဂျိုင်းကြားကို အုန်းဆီလိမ်းရင်း ၁၀ မိနစ် - ၁၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင်ဆေးကြောလိုက်ပါ။ ဒီနည်းလမ်းဟာလည်း အမြန်ဆုံး ထိရောက်မှု ရှိလာစေနိုင်ပါတယ်။

၄။ လိမ္မောသီး အခွံ
ဒီနည်းလမ်းအတွက်ကတော့ ကြိုတင်ပြင်ဆင်ရပါတယ်။ လိမ္မော်ခွံအချို့ကို ခြောက်သွေ့အောင်ထားပြီး ပေါင်ဒါမှုန့်တွေနဲ့ ရောနှောပြီး ကြိတ်ထားလိုက်ပါ။ ပြီးရင် ရေနည်းနည်း ၊ နွားနို့နည်းနည်း နဲ့ ပျစ်ပျစ်လေးရောပြီး ဂျိုင်းကြားမှာ သုတ်လိမ်းပေးပါ။ ဆေးကြောတဲ့အခါမှာတော့ ရေအေးအေးလေးနဲ့ ဆေးကြောလိုက်တာ ပိုပြီး ထိရောက် နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top