iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်းရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အိပ်စက်ခြင်းက အရေးကြီးပါတယ်။ အိပ်စက်တဲ့အခါမှာလည်း အသုံးပြုတဲ့ ခေါင်းအုံးတွေ သန့်ရှင်းနေဖို့လည်း အဓိက ကျပါတယ်။ ခေါင်းအုံးတွေ မသန့်ရှင်းတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ခေါင်းအုံး မသန့်ရှင်းတဲ့အခါ ပထမဆုံး ခံစားရနိုင်တဲ့ အရေပြား ပြဿနာကတော့ ၀က်ခြံထွက်ခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းအုံးမှာ ဆဲလ်သေတွေ ကပ်ငြိနေတတ်ပါတယ်။ ခေါင်းအုံးကို မျက်နှာနဲ့ထိပြီး အိပ်တဲ့အခါ အဲဒီဆဲလ်သေတွေဟာ မျက်နှာပေါ်ရောက်ရှိလာပြီး ၀က်ခြံဖြစ်ပေါ်စေတာပါ။

ခေါင်းအုံး ညစ်ပတ်တဲ့အခါ နောက်ထပ်ခံစားရစေနိုင်တာကတော့ အရေပြားယားယံခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းအုံးမှာ ဖုန်၊ ခေါင်းလိမ်းဆီနဲ့ ချွေးတွေရှိနေမယ်ဆိုရင် ခေါင်းအုံးနဲ့ ထိတွေ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ယားယံစေနိုင်ပါတယ်။



Credit:Momolay


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top