iMyanmarHouse.com - Best Property Website for Myanmar
×

ပူမနေနဲ့ ... ငါ အိမ် ထောင်ရှင်မကောင်း လုပ်ဖို့ ဆုံးဖြတ်ပြီးသား ။ ဘယ် ဖိတ်စာမှာမှ ငါ့နာမည် ရှေ့ကတပ်ပြီး မလာစေရဘူး.. ။ နင်သာ ဖိတ်တဲ့ပွဲတိုင်း ငါ့လက်တွဲပြီး တတ်ပေး...

နင်အဟာရပြည့်ဝပြီး စားကောင်းအောင် ငါချက်တတ်တယ်။ နင်ကြိုက်တတ်တာတွေလည်း ကြိုးစားပြီး ချက်ပေးမယ်။ ညစာ အိမ်မှန်မှန် ပြန်စားပါ့မယ် လို့ ကတိပေး..,

အလှပျက်သွားမှာစိုးလား .. ဝေးသေး။ အပျိုဘဝကထက် အနေအထိုင် အစားအသောက် ဆင်ခြင်မယ် ။ gym မှန်မှန်ဆော့မယ်။ ပိုမဝပဲ ပိုလှလာစေရမယ်။ လေ့လာသင့်တာ လေ့လာမယ်။ နင်သာ ငါ့အလှအပတွေကို ဂရုစိုက်မိပါစေ..

အပေါင်းအသင်းလား ? စိတ်ချ ဘယ်လောက် စိတ်ဆိုးဆိုး ငါလူရှေ့မှာ ပြုံးပြုံးလေး နေပေးမယ်။ နင် သိက္ခာမကျစေရဘူး။ သူငယ်ချင်းတွေ ကြားမှာ နင် မယက မဖြစ်စေရဘူး။ အေးပြန်လာရင်တော့ ချော့ဖို့ မမေ့နဲ့။

အလုပ်ကိစ္စတွေလား..?? စိတ်မပူနဲ့ အိမ်ထောင်သည် ဖြစ်သွားလို့ ဦးနှောက်ကို ချောင်ထိုးထားမယ့် မိန်းမထဲမှာ ငါမပါဘူး။ နင့်အတွက် အတော်ဆုံး secretary တစ်ယောက် ဖြစ်စေရမယ်.. ။ နင်သာ ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ပေး....

နှစ်ဘက်မိဘလား ..?? စိတ်မပူပါနဲ့ ငါ့ကို တသက်လုံး မယားမှတ်မှတ် သားမှတ်မှတ် ရှာကျွေးမယ့် နင့်ကို မွေးပေးတဲ့ မိဘတွေ ကို ကန်တော့ဖို့ ငါ မတွန့်တိုပါဘူး။ ညီတူညီမျှ ဖြစ်စေရမယ်.., ။ နင်သာတူတူ သွားကန်တော့ ဖို့ အချိန်နည်းနည်းပေး..,

 social network တွေ password တွေလား .. ? မတောင်းနဲ့ မပေးဘူး ။ ဒါပေမယ့် နင်စိတ်မပူပါနဲ့ .. တခါတလေ နင်မြင်အောင် ငါ တမင် log in လုပ်ပြီး နင်မွှေလို့ အားရတဲ့ အထိ မသိချင်ယောင် ဆောင်ပေးမယ်။ နင်တို့ ယောက်ကျားတွေက လျှို့ဝှက်ချက် တခုရှိနေမှ ပိုတန်ဖိုး ထားတတ်တာလေ .. ။ ငါ့သိက္ခာကိုတောတန်ဖိုးထားပေး ..,

 နင်မသိတဲ့ တချို့ ရင်းနှီးမြုတ်နှံမှုတွေလား.. ? ဘာမှ မမြဲတဲ့ ဘဝမှာ နင်အရင်သေခဲ့ရင် ငါနဲ့ ငါတို့ကလေး တွေ လက်မဲ့ဖြစ်မကျန်ခဲ့အောင် ငါစုထားတာပါ။ အားကိုးရာထပ်မရှာဘူး။ မယုံရင်ကြည့် နင့်ကို special power အကုန်လွှဲထားပြီးသား .. ။ ငါ့ကိုတော့ ယုံကြည်ပေးပေါ့ .. ။

 စီးပွားရေး အဆင်မပြေခဲ့ရင်လား?? မပူပါနဲ့ နင်ဆိုက်ကားထွက်နင်းရင် ငါရပ်ကွက်ထဲ ဖရဲသီး လည်ရောင်းဖို့ ဝန်မလေးဘူး။ စကားအဖြစ်ပြောတာပါ။ ငါ ဘေးမှာ ရှိနေသရွေ့ နင်ဘယ်တော့မှအဆိုးရွားဆုံး မကျရှုံးစေရဘူး။အောင်မြင်နေတဲ့ ယောက်ကျားတိုင်းမှာ မိန်းမရဲ့ အထောက်အပံ့တွေပါတတ်တာ မမေ့နဲ့။ ငါ့ရဲ့ အကြံပေးမှုတွေကိုတော့ နင်အလေးအနက်ထားပေါ့။

သားသမီးတွေ ပြုစုပျိုးထောင်ဖို့လား..?? ငါလိုအပ်တာ မှန်သမျှ လေ့လာထားမယ်။ စိတ်ဓါတ်အဆင့်အတန်းမြင့်မြင့်မားမား နဲ့ ကြီးပြင်း လာစေရမယ်။ .. ခလေးတွေ ကို ချစ်တဲ့ စိတ်နဲ့ အမြဲတမ်းတော့ နင် ကန့်လန့် ကန့်လန့် မပါနဲ့ပေါ့..,

ငါတို့ အချစ်တွေ .. လား?? စိတ်မပူနဲ့နော်... ငါ အမြဲဆန်းသစ် ယုယ ကြင်နာပေးပြီး အချစ်တွေကို ဟောင်းနွမ်းမသွားအောင် ဂရုစိုက်ပေးမယ်။ .. နှစ်ပတ်လည် တွေတော့ နင်မမေ့နဲ့., ပေါ့ ။

မင်္ဂလာဆောင်ရမယ့် နေ့က ငါတို့ရဲ့ happy ending မဟုတ်ဘူး.. ။ တစ်ယောက်လက်ကို တစ်ယောက် ဆုတ်ကိုင်ထားရင်း.., နင် ဒါမှမဟုတ် ငါ လောကကြီးကို စွန့်ခွာသွားတဲ့ အချိန်ရောက်မှသာ ငါတို့ရဲ့ happy ending ပါ။
ပြော.... နောက် နှစ်ပေါင်း ၄၅ နှစ်ကို ငါနဲ့ အတူတူ ဖြတ်သန်းနိုင်မှာလား .,.


Credit:မြခွါညို
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top