iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun



#Unicode

စိတ်ညစ်လို့ပဲဖြစ်ဖြစ် ပွဲမှာအသောက်လွန်လို့ပဲဖြစ်ဖြစ် ရေချိန်ကျော်သွားတဲ့အခါ အမူးလွန်တဲ့ဝေဒနာကို ခံစားကြရပါတယ်။ အိပ်ရာကမထနိုင်ဘဲ ခေါင်းကိုက်နေတာတွေ၊ အစာအိမ်ထဲက နေလို့မကောင်းတာတွေနဲ့ အော့အန်ချင်သလိုဖြစ်တာတွေကို ကုစားနိုင်ဖို့နည်းလမ်းကို အမြဲတမ်းလိုလိုရှာဖွေနေကြတုန်းပါပဲ။

သြစတြေးလျသိပ္ပံပညာရှင်တွေ နောက်ထပ်တွေ့ရှိလိုက်တဲ့ အမူးလွန်တာပျောက်စေမယ့်အရာကတော့ သစ်တော်သီးဖျော်ရည်ပါ။

အရက်မသောက်မီမှာ သစ်တော်သီးဖျော်ရည် ၂၂၀ မီလီလီတာကို ကြိုတင်သောက်သုံးခြင်းကြောင့် အမူးလွန်တာကို သိသိသာသာ သက်သာလျော့ပါးစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ သစ်တော်သီးဖျော်ရည်ကြောင့် အစာအိမ်က အရက်ကိုစုပ်ယူမှုလျော့ပါးသွားမှာဖြစ်သလို အယ်လ်ကိုဟောရဲ့အာနိသင်သက်ရောက်မှုကိုပါ လျော့ချနိုင်တယ်လို့ သိရပါတယ်။


Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top