iMyanmarHouse.com - Best Property Website for Myanmar
×

ဖြူဖွေပြီး လှပသော မျက်နှာလေးကို အလိုရှိသော မိန်းကလေး များအတွက်
  ကောင်းမွန်သော နည်းလမ်းကောင်းများနှင့် အကြံပြုချက်များကို ရေးသား
လိုက်ရပါတယ်။

(၁) မျက်နှာကို နေလောင်မခံရအောင် ဂရိုစိုက်ပါ

  နေပူထဲကို သွားတော့မယ်ဆိုရင် မျက်နှာအတွက် နေလောင်ဒဏ်ကို
ကာကွယ်နိုင်မည့် cream များကို လိမ်းပြီးမှ သွားပါ။ သို့မှသာ နေလောင်မှုကို
ကာကွယ်နိုင်ပါလမ့်မယ်။

(၂) ညအိပ်ယာဝင်တိုင်း မျက်နှာသစ်ပါ

အိပ်ယာဝင်ခါနီးမှာ မျက်နှာကို သစ်ပေးသင့်ပါတယ်။ ဘာလို့ဆိုတော့
တစ်နေကုန် မျက်နှာပေါ်မှာ တင်နေသော ဖုန်မှုန်တွေနှင့် အညစ်အကြေးတွေက ဝက်ခြံ ဖြစ်စေ နိုင်ပါတယ်။

(၃) မှန်ကန်သော မိတ်ကပ်များကို လိမ်းခြယ်ပါ

မိတ်ကပ် ရွေးချယ်ရာမှာလည်း အထူးပင် အရေးကြီးပါတယ်။ မိမိအသားအရည်နှင့်မကိုက်ညီတဲ့ မိတ်ကပ်မျိုးကို ရွေးချယ်လိမ်းမိပါက မျက်နှာမှာ ဝက်ခြံ (သို့) အခြားသော အဖုအကြိတ် ထွက်လာ ပါလိမ့်မယ်။ ဒါကြောင့် မှန်ကန်သော
မိတ်ကပ်ကိုသာ ရွေးချယ်ပါ။

(၄) မျက်နှာသစ်ဆေး ရွေးချယ်မှု မှန်ပါစေ

မိမိမျက်နှာအတွက် အဖုအကြိတ်တွေ ထွက်စေတဲ့ မျက်နှာသစ်ဆေးများကို
အထူးသဖြင့် ရှောင်ကြဉ်လိုက်ပါ။ မျက်နှာသစ်ဆေးဟာလည်း အဓိက ကျသော ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

(၅) ဆရာဝန်နှင့် တိုင်ပင်ပါ

မျက်နှာမှာ အဆီကြိတ် ဒါမှမဟုတ် ဝက်ခြံ အကြီးကြီးတွေ ထွက်လာရင်တော့
မိမိဘာသာ မလုပ်ဘဲ ဆရာဝန်နှင့် တိုင်ပင်ကာ ဆေးကုသမှု ခံယူတာဟာ
အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၆) လေ့ကျင့်ခန်းလုပ်ပါ

  လေ့ကျင့်ခန်း လုပ်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ ချွေးပုပ်တွေကို ထွက်သွားစေပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ပေးစေချင်ပါတယ်။


Credit: Myawady News 

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top