iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူဘဝမှာ အမျိုးသမီးတိုင်းလိုလို တွေးတတ်တဲ့ အတွေးမျိုးက သူငါနဲ့ လက်ထပ်မှာလားဆိုတဲ့ အတွေးမျိုး ဖြစ်ပါတယ်။ ထုံးစံအရတော့ အမျိုးသားတွေက လက်ထပ်ခွင့်တောင်းရတာဖြစ်ပြီး အမျိုးသမီးတွေက ရွေးချယ်ရတာမျိုးပါ။

ဒီလက္ခဏာတွေ သူ့မှာ ရှိနေပြီဆိုရင်တော့ သူဟာ သင့်ကိုလက်ထပ်ဖို့ မစဉ်းစားသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

၁။ သူ့ဘက်ကစ မပြောဘူး

အမျိုးသားတွေအများစုဟာ စိတ်မဝင်စားတာကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး မပြောတတ်ကြပါဘူး။ သူက မင်္ဂလာဆောင်ဖို့ ကိစ္စ ဘာမှ စပြီး ပြောမလာဘူးဆိုရင် သူ့မှာ သင့်ကို  လက်ထပ်ဖို့ အစီအစဉ် မရှိသေးလို့ပါ။

၂။ အနာဂတ် အစီအစဉ်မှာ သင်မပါဘူး

သူ့မှာလည်း အနာဂတ်အစီအစဉ် အချို့ရှိပါလိမ့်ယ်။ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာမျိုး သူ့ဘဝကို အစီအစဉ်ဆွဲထားပါလိမ့်မယ်။ အဲဒီအထဲမှာ သင်မပါဘူးဆိုရင်တော့ပြန်ပြီး စဉ်းစားသင့်ပါပြီ။

၃။ သူ့မိသားစုဆီမခေါ်သွားဘူး

သင့်ကို တကယ်တွဲဖို့ စဉ်းစားထားသူဟာ သူ့ရဲ့မိသားစု၊ အပေါင်းအသင်း၊ အလုပ်အကိုင်စတဲ့နေရာဆီ ခေါ်သွားတတ်ပါတယ်။ အမြဲတမ်း မဟုတ်ရင်တောင် ရံဖန်ရံခါ သင့်ကို ခေါ်သွားလေ့ရှိပါတယ်။ ဒီလို မခေါ်သွားတတ်သူဆိုရင်တောာ့ သင့်ကို လက်တွဲဖို့ အစီအစဉ် မရှိသေးလို့ပါ။

၎။ အိမ်ထောင်သည် ဘဝကို မုန်းတယ်ပြောမယ်

အိမ်ထောင်သည် ဖြစ်ရတာကို မကြိုက်ကြောင်း သူခဏခဏ ပြောမယ်။ အိမ်ထောင်သည်ဘဝရဲ့ ဆိုးကျိုးတွေကိုလည်း အမြဲပြောမယ်ဆိုရင်တော့ သင်အဖြေရှာသင့်ပါပြီ။ အိမ်ထောင်သည်ဖြစ်ရတာကိုမကြိုက်ကြောင်း ပြောနေရင်တော့ အဖြေက ရှင်းပါတယ်။

၅။ လက်ဝတ်ရတနာတွေ လက်ဆောင်မပေးဘူး

သင်နဲ့ တဘဝလုံး လက်တွဲ့ဖို့ မစဉ်းစားသူဟာ လက်ဝတ်ရတနာတွေ လက်ဆောင်မပေးတတ်ပါဘူး။ အမျိုးသားတိုင်း မဟုတ်ပေမယ့် အတွေးလွန်တတ်တဲ့ အမျိုးသားတွေကတော့ ဒါမျိုး မလုပ်ကြပါဘူး။ လက်ကောက်၊ လည်ဆွဲ၊ နားကပ် စတာတွေ လက်ဆောင် ဝယ်ပေးမိရင် အမျိုးသမီးတွေက လက်ထပ်ခွင့်တောင်းဖို့ စောင့်နေတာကို သူတို့မလိုလားလို့ ဖြစ်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top