iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္ေနသည့္ စံုတြဲမ်ား၏ ေန႔စဥ္အေလ့အက်င့္မ်ား

ေန႔ရက္တိုင္းကို ေပ်ာ္ရႊင္ေက်နပ္စရာေတြနဲ႔ အတူတကြျဖတ္သန္းခ်င္တာက ခ်စ္သူရည္းစားေတြ၊ ဇနီးေမာင္ႏွံေတြအားလံုးရဲ႕ တူညီေသာစိတ္ကူးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေပ်ာ္ရႊင္စရာ တူႏွစ္ကိုယ္ဘ၀ကို ပိုင္ဆိုင္ထားၾကတဲ့ စံုတြဲေတြရဲ႕ ေန႔စဥ္လုပ္ေဆာင္ခ်က္ေတြကို ေလ့လာၾကည့္ဖို႔ လိုပါတယ္။

၁။ အခ်ိန္ၾကာၾကာေပြ႕ဖက္တတ္ၾကတယ္။

အလုပ္ကေန အိမ္ကိုျပန္ေရာက္တဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ စိတ္ဆိုးစိတ္ေကာက္ေနခ်ိန္မွာပဲျဖစ္ျဖစ္ ႏွစ္မိနစ္ သံုးမိနစ္ေလာက္ တစ္ဦးကိုတစ္ဦး ၾကင္နာယုယစြာ ေပြ႕ဖက္ထားတာမ်ိဳးျဖစ္ပါတယ္။

၂။ တစ္ေယာက္ကိုတစ္ေယာက္ ေနရာေပးၾကတယ္။

တစ္ေယာက္ခ်င္းစီရဲ႕ ၀ါသနာပါရာ၊ လုပ္ခ်င္တာေတြအတြက္ အခ်ိန္ေပးတာမ်ိဳးျဖစ္ပါတယ္။ ႏွစ္ေယာက္အတူတူ ကုန္ဆံုးရမယ့္ အခ်ိန္ေတြရွိသလို တစ္ဦးခ်င္းစီအတြက္ အျပန္အလွန္နားလည္မႈရွိရွိ အခ်ိန္ေပးရမွာ ျဖစ္ပါတယ္။

၃။ အခ်င္းခ်င္းမတြက္ကပ္ပဲ လိုတာကိုျဖည့္ဆည္းေပးတတ္ၾကတယ္။

အခ်စ္ဆိုတာက ဘာမွအေရးမႀကီးလို႔ ထင္ရတဲ့အျပဳအမူေလးေတြ၊ ၾကင္နာမႈေလးေတြနဲ႔ ေဖာ္ျပႏိုင္ပါတယ္။ အိမ္အလုပ္ေတြ၊ အျခားအမႈကိစၥေလးေတြကို သူ႔အလုပ္ ကိုယ့္အလုပ္မခြဲပဲ လုပ္ေပးတတ္တာမ်ိဳးေတြက ႏွစ္ဦးသားဆက္ဆံေရးကို ခိုင္ျမဲေစမွာျဖစ္ပါတယ္။

၄။ နားေထာင္တတ္ၾကတယ္။

အမ်ိဳးသားေတြက ျပႆနာေျဖရွင္းသူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေရးကိစၥတစ္ခုကို ၾကားသိလိုက္ရၿပီဆိုရင္ ခ်က္ခ်င္းစဥ္းစားသံုးသပ္ၿပီး အေျဖရွာေပးတတ္ၾကပါတယ္။ ဒါေပမယ့္ မိန္းကေလးေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ သင့္ခ်စ္သူမိန္းကေလးက ျပႆနာတစ္ခုကို ေျပာျပေနတာက ေျဖရွင္းခ်က္လိုခ်င္တာထက္ သင့္ကိုနားေထာင္ေစခ်င္တာျဖစ္ပါတယ္။ ျပႆနာအတြက္ အေျဖကို သူမကိုယ္တိုင္ရွာေဖြမွာျဖစ္ၿပီး သင္နားလည္႐ုံ ေျပာျပခ်င္တာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေလးစားသမႈနဲ႔ နားေထာင္ေပးတတ္ဖို႔ လိုပါတယ္။

၅။ ေပ်ာ္စရာကိစၥေတြကို အတူတူလုပ္ေဆာင္တတ္ၾကတယ္။

ႏွစ္ဦးစလံုးေပ်ာ္ရမယ့္ အူေၾကာင္ေၾကာင္ကိစၥေတြ၊ ဟာသေတြကိုလည္း အတူတကြလုပ္ေဆာင္တတ္ၾကပါတယ္။ စိတ္ဖိစီးစရာေတြကို ေမ့ေဖ်ာက္ၿပီး ေပ်ာ္ရႊင္စရာကိစၥေတြကို အတူတူခံစားၾကတာမ်ိဳးျဖစ္ပါတယ္။

၆။ လိုအပ္လာရင္ အေရးစိုက္တတ္ၾကတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ ၀န္ခံစရာရွိတာေတြ၊ လိုအပ္ခ်က္ေတြကို အျပန္အလွန္နားလည္မႈနဲ႔ ခြင့္လႊတ္ေပးတတ္ၾကတယ္။

၇။ တစ္ေန႔တာမွာ အဆက္အသြယ္မျပတ္ေအာင္ ဂ႐ုစိုက္တတ္ၾကတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ အလွမ္းေ၀းေနခ်ိန္မွာလည္း မက့္ေဆ့ဂ်္ပို႔တာ၊ ေပ်ာ္စရာဓာတ္ပံုေလးေတြပို႔တာ စသျဖင့္ လုပ္ေဆာင္ၿပီး အဆက္အသြယ္လုပ္ေနတတ္ၾကပါတယ္။ ဒီလိုနည္းလမ္းနဲ႔ နီးနီးကပ္ကပ္ရွိေနသလို ခံစားရေစမွာျဖစ္ပါတယ္။

၈။ ဘာေၾကာင့္ ခ်စ္မိသြားတာလဲဆိုတာကို အျမဲတမ္းအသိေပးေနတတ္တယ္။

အခုလို ခ်စ္သူေတြျဖစ္ဖို႔၊ ဘ၀လက္တြဲေဖာ္ေတြျဖစ္ဖို႔ ဘာေၾကာင့္ေရြးခ်ယ္ခဲ့လဲဆိုတာကို ေန႔တိုင္းလိုလို အသိေပးေျပာေနတတ္ၾကပါတယ္။#50001

၉။ ေန႔ရက္တိုင္းမွာ အဓိပၸါယ္ျပည့္စံုေအာင္ ဖန္တီးေပးတတ္ၾကတယ္။

မနက္ခင္းမွာ ေကာ္ဖီေဖ်ာ္ေပးတာ၊ ပင္ပန္းေနခ်ိန္မွာ အလုပ္ေတြကူလုပ္ေပးတာ စတဲ့အျပဳအမူေလးေတြက ဘာမွမဟုတ္ေပမယ့္ ႏွစ္ဦးသားဆက္ဆံေရးကို ခုိင္ျမဲေစႏိုင္ပါတယ္။

၁၀။ ေန႔စဥ္ အတူတူလုပ္စရာတစ္ခု ရွိတတ္ၾကတယ္။

မနက္တိုင္း ေလ့က်င့္ခန္းအတူတူလုပ္တာ၊ ဂိမ္းတစ္ခုခုကစားတာ စသျဖင့္ ေန႔စဥ္ေန႔တိုင္ အတူတကြလုပ္ေဆာင္တဲ့အရာတစ္ခု ရွိတတ္ၾကပါတယ္။ အတူတူမလုပ္ျဖစ္တဲ့ေန႔မွာ တစ္ခုခုလိုအပ္ေနသလို ခံစားရတဲ့အထိျဖစ္ပါတယ္။

၁၁။ ယုယၾကင္နာတတ္ၾကတယ္။

မနက္ခင္း အိပ္ရာကထခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္ယုယၿပီး ကလူက်ီဇယ္တာမ်ိဳးက ႏွစ္ေယာက္စလံုးကို ပိုၿပီးတြယ္တာခ်စ္ခင္ေစႏိုင္ပါတယ္။

Credit:Gentleman Magazine

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Unicode Version

ပျော်ရွှင်နေသည့် စုံတွဲများ၏ နေ့စဉ်အလေ့အကျင့်များ

နေ့ရက်တိုင်းကို ပျော်ရွှင်ကျေနပ်စရာတွေနဲ့ အတူတကွဖြတ်သန်းချင်တာက ချစ်သူရည်းစားတွေ၊ ဇနီးမောင်နှံတွေအားလုံးရဲ့ တူညီသောစိတ်ကူးဖြစ်ပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်စရာ တူနှစ်ကိုယ်ဘဝကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို လေ့လာကြည့်ဖို့ လိုပါတယ်။

၁။ အချိန်ကြာကြာပွေ့ဖက်တတ်ကြတယ်။

အလုပ်ကနေ အိမ်ကိုပြန်ရောက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ စိတ်ဆိုးစိတ်ကောက်နေချိန်မှာပဲဖြစ်ဖြစ် နှစ်မိနစ် သုံးမိနစ်လောက် တစ်ဦးကိုတစ်ဦး ကြင်နာယုယစွာ ပွေ့ဖက်ထားတာမျိုးဖြစ်ပါတယ်။

၂။ တစ်ယောက်ကိုတစ်ယောက် နေရာပေးကြတယ်။

တစ်ယောက်ချင်းစီရဲ့ ဝါသနာပါရာ၊ လုပ်ချင်တာတွေအတွက် အချိန်ပေးတာမျိုးဖြစ်ပါတယ်။ နှစ်ယောက်အတူတူ ကုန်ဆုံးရမယ့် အချိန်တွေရှိသလို တစ်ဦးချင်းစီအတွက် အပြန်အလှန်နားလည်မှုရှိရှိ အချိန်ပေးရမှာ ဖြစ်ပါတယ်။

၃။ အချင်းချင်းမတွက်ကပ်ပဲ လိုတာကိုဖြည့်ဆည်းပေးတတ်ကြတယ်။

အချစ်ဆိုတာက ဘာမှအရေးမကြီးလို့ ထင်ရတဲ့အပြုအမူလေးတွေ၊ ကြင်နာမှုလေးတွေနဲ့ ဖော်ပြနိုင်ပါတယ်။ အိမ်အလုပ်တွေ၊ အခြားအမှုကိစ္စလေးတွေကို သူ့အလုပ် ကိုယ့်အလုပ်မခွဲပဲ လုပ်ပေးတတ်တာမျိုးတွေက နှစ်ဦးသားဆက်ဆံရေးကို ခိုင်မြဲစေမှာဖြစ်ပါတယ်။

၄။ နားထောင်တတ်ကြတယ်။

အမျိုးသားတွေက ပြဿနာဖြေရှင်းသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကိစ္စတစ်ခုကို ကြားသိလိုက်ရပြီဆိုရင် ချက်ချင်းစဉ်းစားသုံးသပ်ပြီး အဖြေရှာပေးတတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သင့်ချစ်သူမိန်းကလေးက ပြဿနာတစ်ခုကို ပြောပြနေတာက ဖြေရှင်းချက်လိုချင်တာထက် သင့်ကိုနားထောင်စေချင်တာဖြစ်ပါတယ်။ ပြဿနာအတွက် အဖြေကို သူမကိုယ်တိုင်ရှာဖွေမှာဖြစ်ပြီး သင်နားလည်ရုံ ပြောပြချင်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လေးစားသမှုနဲ့ နားထောင်ပေးတတ်ဖို့ လိုပါတယ်။

၅။ ပျော်စရာကိစ္စတွေကို အတူတူလုပ်ဆောင်တတ်ကြတယ်။

နှစ်ဦးစလုံးပျော်ရမယ့် အူကြောင်ကြောင်ကိစ္စတွေ၊ ဟာသတွေကိုလည်း အတူတကွလုပ်ဆောင်တတ်ကြပါတယ်။ စိတ်ဖိစီးစရာတွေကို မေ့ဖျောက်ပြီး ပျော်ရွှင်စရာကိစ္စတွေကို အတူတူခံစားကြတာမျိုးဖြစ်ပါတယ်။

၆။ လိုအပ်လာရင် အရေးစိုက်တတ်ကြတယ်။

တစ်ယောက်နဲ့ တစ်ယောက် ဝန်ခံစရာရှိတာတွေ၊ လိုအပ်ချက်တွေကို အပြန်အလှန်နားလည်မှုနဲ့ ခွင့်လွှတ်ပေးတတ်ကြတယ်။

၇။ တစ်နေ့တာမှာ အဆက်အသွယ်မပြတ်အောင် ဂရုစိုက်တတ်ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးနေချိန်မှာလည်း မက့်ဆေ့ဂျ်ပို့တာ၊ ပျော်စရာဓာတ်ပုံလေးတွေပို့တာ စသဖြင့် လုပ်ဆောင်ပြီး အဆက်အသွယ်လုပ်နေတတ်ကြပါတယ်။ ဒီလိုနည်းလမ်းနဲ့ နီးနီးကပ်ကပ်ရှိနေသလို ခံစားရစေမှာဖြစ်ပါတယ်။

၈။ ဘာကြောင့် ချစ်မိသွားတာလဲဆိုတာကို အမြဲတမ်းအသိပေးနေတတ်တယ်။

အခုလို ချစ်သူတွေဖြစ်ဖို့၊ ဘဝလက်တွဲဖော်တွေဖြစ်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတာကို နေ့တိုင်းလိုလို အသိပေးပြောနေတတ်ကြပါတယ်။#50001

၉။ နေ့ရက်တိုင်းမှာ အဓိပ္ပါယ်ပြည့်စုံအောင် ဖန်တီးပေးတတ်ကြတယ်။

မနက်ခင်းမှာ ကော်ဖီဖျော်ပေးတာ၊ ပင်ပန်းနေချိန်မှာ အလုပ်တွေကူလုပ်ပေးတာ စတဲ့အပြုအမူလေးတွေက ဘာမှမဟုတ်ပေမယ့် နှစ်ဦးသားဆက်ဆံရေးကို ခိုင်မြဲစေနိုင်ပါတယ်။

၁၀။ နေ့စဉ် အတူတူလုပ်စရာတစ်ခု ရှိတတ်ကြတယ်။

မနက်တိုင်း လေ့ကျင့်ခန်းအတူတူလုပ်တာ၊ ဂိမ်းတစ်ခုခုကစားတာ စသဖြင့် နေ့စဉ်နေ့တိုင် အတူတကွလုပ်ဆောင်တဲ့အရာတစ်ခု ရှိတတ်ကြပါတယ်။ အတူတူမလုပ်ဖြစ်တဲ့နေ့မှာ တစ်ခုခုလိုအပ်နေသလို ခံစားရတဲ့အထိဖြစ်ပါတယ်။

၁၁။ ယုယကြင်နာတတ်ကြတယ်။

မနက်ခင်း အိပ်ရာကထချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ယုယပြီး ကလူကျီဇယ်တာမျိုးက နှစ်ယောက်စလုံးကို ပိုပြီးတွယ်တာချစ်ခင်စေနိုင်ပါတယ်။

Credit:Gentleman Magazine



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top