iMyanmarHouse.com - Best Property Website for Myanmar
×

ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ဖို႔ လြယ္ကူ႐ုိးရွင္းတဲ့နည္းလမ္း(၁၀)
ေယာက်ၤားေလးေတြဟာ မိန္းကေလးတစ္ေယာက္ရဲ႕ အခ်စ္ကိုပိုင္ဆိုင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာဆိုရင္ နည္းလမ္းမ်ိဳးစံုသံုးတတ္ၾကေပမယ့္ အိမ္ေထာင္က်ၿပီးေနာက္မွာေတာ့ ကိုယ့္ရဲ႕ဇနီးမယားကို ေပ်ာ္ရႊင္ေစဖို႔ အားသိပ္မစိုက္တတ္ၾကေတာ့ပါဘူး။ တကယ္တမ္းေတာ့ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္ အမ်ိဳးသမီးကို ေပ်ာ္ရႊင္ေစၿပီး ေပ်ာ္ရႊင္ၾကည္ႏူးမႈအျပည့္နဲ႔ သာယာလွပတဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ႏိုင္ဖို႔က အရမ္းခက္တဲ့ ကိစၥမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ GM ပရိသတ္ေတြထဲက အိမ္ေထာင္ရွင္အမ်ိဳးသားေတြအတြက္ ခင္ပြန္းေကာင္းတစ္ေယာက္၊ လင္ေယာက်ၤားေကာင္းတစ္ေယာက္ျဖစ္ေစႏိုင္မယ့္ နည္းလမ္း(၁၀)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သူမကို ဘယ္လိုခ်စ္ရတဲ့အေၾကာင္း ေျပာပါ။

ဒီအခ်က္က သိပ္လြယ္တို႔ ထင္ခ်င္ထင္မွာပါ။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္လက္ထပ္ၿပီးသားျဖစ္ေနလို႔ သူမကို ခ်စ္တယ္ဆိုတာ ေျပာဖို႔ေတာင္မလုိေလာက္ဘူးလို႔ သင္ယူဆထားမိမွာပါ။ ဒါ့ေၾကာင့္ သူမကို သင္ဘယ္လို ခ်စ္တယ္၊ ဘာေၾကာင့္ခ်စ္ေနတယ္ဆိုတာကို မၾကာခဏအသိေပးေျပာၾကားသင့္ပါတယ္။



၂။ ခဏတာပဲျဖစ္ျဖစ္ ကေလးေတြကို လစ္လ်ဴ႐ႈထားပါ။

တီဗီြၾကည့္တာေတြ၊ ကေလးေတြကို အာ႐ုံစိုက္ေနရတာေတြနဲ႔ အျခားအျခားေသာ အေႏွာက္အယွက္ျဖစ္စရာ ကိစၥေတြကို ေဘးခ်ိတ္ထားၿပီး သင့္ရဲ႕အိမ္သူဇနီးကို အခ်ိန္(၁၅)မိနစ္ေလာက္ေပးႏိုင္ေအာင္ ႀကိဳးစားပါ။ သင့္ ဇနီးရဲ႕ အလုပ္ကိစၥေတြ၊ တစ္ေန႔တာကိစၥေတြမွာ ဘာေတြျဖစ္တယ္၊ ဘာေတြ စိတ္၀င္စားစရာရွိလဲဆိုတာကို စိတ္၀င္တစားေမးျမန္းပါ။ သူမေျပာျပတဲ့အခါမွာလည္း အာ႐ုံစိုက္နားေထာင္ပါ။ ဒီလိုနည္းလမ္းနဲ႔ သူမကို ဂ႐ုစိုက္ေၾကာင္း ေဖာ္ျပႏိုင္ပါတယ္။

၃။ သူမကို လြတ္လပ္ခြင့္ေပးလိုက္ပါ။

အျမဲတေစ လင္မယားႏွစ္ေယာက္ တပူးတြဲတြဲရွိေနတာက ေကာင္းတယ္လို႔ မထင္ပါနဲ႔။ တစ္ေယာက္ခ်င္းစီမွာ ကိုယ္ပိုင္စိတ္၀င္စားမႈေတြနဲ႔ ၀ါသနာေတြရွိေနတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ဇနီးက သူမသူငယ္ခ်င္းေတြနဲ႔ အျပင္သြားတာပဲျဖစ္ျဖစ္၊ ေပ်ာ္ပြဲစားထြက္တာပဲျဖစ္ျဖစ္ သြားမယ္ဆိုရင္ ခြင့္ျပဳေပးသင့္ပါတယ္။

၄။ အေသးစိတ္စီမံခန္႔ခြဲျခင္းကို ေရွာင္ရွားပါ။

သင့္ဇနီးရဲ႕ အေရးကိစၥမွန္သမွ်ကို အရမ္းႀကီးလိုက္ထိန္းခ်ဳပ္လြန္းတာမ်ိဳးကို ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။ အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြဟာ ကြဲျပားျခားနားၾကပါတယ္။ အမ်ိဳးသမီးေတြဟာ တစ္ခါတစ္ေလမွာ သင့္ထက္ေတာင္ပိုၿပီး ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းႏိုင္စြမ္း ရွိၾကပါတယ္။ သူမကိုယ္တိုင္ လုပ္ေဆာင္ေနတဲ့ ကိစၥကို သြားၿပီး ဆရာလုပ္လွ်ာရွည္အာေခ်ာင္တာမ်ိဳးမလုပ္မိပါေစနဲ႔။

၅။ စိတ္႐ႈပ္စရာေတြကို သိမ္းဆည္းမထားပါနဲ႔။

လင္မယားေတြအၾကားမွာ ေျပေျပလည္လည္ စကားေျပာညွိႏႈိင္းမယ္ဆိုရင္ အေရးကိစၥအမ်ားစုက အဆင္ေျပသြားတတ္ပါတယ္။ ဒီလိုမဟုတ္ပဲ။ သင့္ရဲ႕မေက်နပ္ခ်က္ေတြ၊ စိတ္႐ႈပ္စရာေတြကို ဆုပ္ကိုင္ထားၿပီး ပဋိပကၡျဖစ္တိုင္း ထည့္ေျပာေနမယ္ဆိုရင္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။

၆။ သူမရဲ႕ထင္ျမင္ယူဆခ်က္ကို နားေထာင္ပါ။

အေရးကိစၥတစ္ခုခုနဲ႔ ပတ္သက္ၿပီး သင့္ဇနီးရဲ႕ထင္ျမင္ယူဆခ်က္ေတြကို သူမေနရာက၀င္ၿပီး ေတြးၾကည့္ႏုိင္ေအာင္ ႀကိဳးစားပါ။ သူမရဲ႕အျမင္ကို ဂ႐ုတစိုက္နားေထာင္ၿပီး ေဆြးေႏြးတိုင္ပင္ပါ။ သူမဘာေတြကို စိုးရိမ္ေသာကေရာက္ေနလဲဆိုတာကို အခ်ိန္တစ္ခုေပးၿပီး နားေထာင္ေပးပါ။

၇။ သူမသေဘာက်ေအာင္ စေနာက္ပါ။

သင့္ဇနီးကို က်ီစားဖို႔ မေမ့ပါနဲ႔။ အေျပာင္အေနာက္စာေတြ ပို႔ေပးတာ၊ သူမလန္းတယ္လို႔ ေျပာေပးတာ၊ တစ္ခါတစ္ေလ သူမႀကိဳက္တတ္တဲ့ စားစရာေလးေတြ ၀ယ္ေကၽြးတာ စသျဖင့္ လုပ္ေပးလို႔ရပါတယ္။ ဒီလိုေလးေတြ လုပ္ေပးမယ္ဆိုရင္ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈကို သူမကလည္း အသိအမွတ္ျပဳၿပီး သာယာလွပတဲ့ ခ်စ္လမ္းခရီးကို ေလွ်ာက္လမ္းႏိုင္မွာျဖစ္ပါတယ္။

၈။ စိတ္ဖိစီးမႈေတြကို ေျဖေလွ်ာ့ပါ။

အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ စိတ္ဖိစီးမႈေတြကို အိမ္ေထာင္ဖက္ေတြဆီမွ ဖြင့္ဟေျပာျပေလ့မရွိပါဘူး။ တကယ္ေတာ့ ဒါဟာ အေလ့အက်င့္ေကာင္းတစ္ခုေတာ့ မဟုတ္ပါဘူး။ စိတ္႐ႈပ္စရာေတြကို တစ္ေယာက္တည္းႀကိတ္ၿပီး ခံစားေနရမယ့္အစား သင့္ရဲ႕ဇနီးနဲ႔ အတူေ၀မွ်ခံစားပါ။ သူမတတ္ႏိုင္သေလာက္ ကူညီခြင့္ေပးလိုက္ပါ။

၉။ ကာလယႏၱရားစက္ကို အသံုးျပဳပါ။

နားမလည္ျဖစ္မသြားပါနဲ႔။ သင္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ စၿပီး ခ်စ္ၾကႀကိဳက္စ အတူရွိခဲ့ခ်ိန္ေတြ၊ အရင္တုန္းက ေပ်ာ္ရႊင္ၾကည္ႏူးခဲ့ရတဲ့ အခိုက္အတန္႔ေတြကို ျပန္အမွတ္ရဖို႔ ဆိုလိုတာပါ။ ႏွစ္ေယာက္သားအတူထိုင္ၿပီး အရင္တုန္းက ဓာတ္ပံုေတြျပန္ၾကည့္တာ၊ သမီးရည္းစားဘ၀က အျပန္အလွန္ေပးဖို႔ခဲ့တဲ့ စာေတြ၊ အီးေမးလ္ေတြ ျပန္ဖတ္တာ စသျဖင့္ လုပ္ၾကည့္သင့္ပါတယ္။

၁၀။ ခ်စ္တင္းေႏွာပါ။

ဒါက ဘာဆန္းလို႔လဲလို႔ ေတြးမိမွာပါ။ အိမ္ေထာင္ဖက္ေတြအၾကားမွာ ဒီကိစၥက တကူးတကေျပာေနစရာ မဟုတ္ဘူးလို႔ ထင္ရင္မွားသြားပါလိမ့္မယ္။ အခုေခတ္မွာ ဇနီးေမာင္ႏွံႏွစ္ေယာက္စလံုး တစ္ေနကုန္ အလုပ္ေတြလုပ္ေနၾကရၿပီး ပင္ပင္ပန္းပန္း ျပန္လာတဲ့အခါမွာ ခ်စ္တင္းေႏွာဖို႔ကိစၥကို အာ႐ုံမစိုက္တတ္ၾကေတာ့ပါဘူး။ ဇနီးေမာင္ႏွံေတြအၾကား ခ်စ္တင္းေႏွာျခင္းဟာ အိမ္ေထာင္ေရးကို လတ္ဆတ္ေပ်ာ္ရႊင္ေစေနမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အရင္ဆံုး သတိေပးထားတာျဖစ္ပါတယ္။

Credit   :Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်း(၁၀)
ယောကျၤားလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာဆိုရင် နည်းလမ်းမျိုးစုံသုံးတတ်ကြပေမယ့် အိမ်ထောင်ကျပြီးနောက်မှာတော့ ကိုယ့်ရဲ့ဇနီးမယားကို ပျော်ရွှင်စေဖို့ အားသိပ်မစိုက်တတ်ကြတော့ပါဘူး။ တကယ်တမ်းတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက် အမျိုးသမီးကို ပျော်ရွှင်စေပြီး ပျော်ရွှင်ကြည်နူးမှုအပြည့်နဲ့ သာယာလှပတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ဖို့က အရမ်းခက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါ့ကြောင့် GM ပရိသတ်တွေထဲက အိမ်ထောင်ရှင်အမျိုးသားတွေအတွက် ခင်ပွန်းကောင်းတစ်ယောက်၊ လင်ယောကျၤားကောင်းတစ်ယောက်ဖြစ်စေနိုင်မယ့် နည်းလမ်း(၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူမကို ဘယ်လိုချစ်ရတဲ့အကြောင်း ပြောပါ။

ဒီအချက်က သိပ်လွယ်တို့ ထင်ချင်ထင်မှာပါ။ ဒါပေမယ့် သင်တို့နှစ်ယောက်လက်ထပ်ပြီးသားဖြစ်နေလို့ သူမကို ချစ်တယ်ဆိုတာ ပြောဖို့တောင်မလိုလောက်ဘူးလို့ သင်ယူဆထားမိမှာပါ။ ဒါ့ကြောင့် သူမကို သင်ဘယ်လို ချစ်တယ်၊ ဘာကြောင့်ချစ်နေတယ်ဆိုတာကို မကြာခဏအသိပေးပြောကြားသင့်ပါတယ်။



၂။ ခဏတာပဲဖြစ်ဖြစ် ကလေးတွေကို လစ်လျူရှုထားပါ။

တီဗွီကြည့်တာတွေ၊ ကလေးတွေကို အာရုံစိုက်နေရတာတွေနဲ့ အခြားအခြားသော အနှောက်အယှက်ဖြစ်စရာ ကိစ္စတွေကို ဘေးချိတ်ထားပြီး သင့်ရဲ့အိမ်သူဇနီးကို အချိန်(၁၅)မိနစ်လောက်ပေးနိုင်အောင် ကြိုးစားပါ။ သင့် ဇနီးရဲ့ အလုပ်ကိစ္စတွေ၊ တစ်နေ့တာကိစ္စတွေမှာ ဘာတွေဖြစ်တယ်၊ ဘာတွေ စိတ်ဝင်စားစရာရှိလဲဆိုတာကို စိတ်ဝင်တစားမေးမြန်းပါ။ သူမပြောပြတဲ့အခါမှာလည်း အာရုံစိုက်နားထောင်ပါ။ ဒီလိုနည်းလမ်းနဲ့ သူမကို ဂရုစိုက်ကြောင်း ဖော်ပြနိုင်ပါတယ်။

၃။ သူမကို လွတ်လပ်ခွင့်ပေးလိုက်ပါ။

အမြဲတစေ လင်မယားနှစ်ယောက် တပူးတွဲတွဲရှိနေတာက ကောင်းတယ်လို့ မထင်ပါနဲ့။ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေနဲ့ ဝါသနာတွေရှိနေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဇနီးက သူမသူငယ်ချင်းတွေနဲ့ အပြင်သွားတာပဲဖြစ်ဖြစ်၊ ပျော်ပွဲစားထွက်တာပဲဖြစ်ဖြစ် သွားမယ်ဆိုရင် ခွင့်ပြုပေးသင့်ပါတယ်။

၄။ အသေးစိတ်စီမံခန့်ခွဲခြင်းကို ရှောင်ရှားပါ။

သင့်ဇနီးရဲ့ အရေးကိစ္စမှန်သမျှကို အရမ်းကြီးလိုက်ထိန်းချုပ်လွန်းတာမျိုးကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ ကွဲပြားခြားနားကြပါတယ်။ အမျိုးသမီးတွေဟာ တစ်ခါတစ်လေမှာ သင့်ထက်တောင်ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိကြပါတယ်။ သူမကိုယ်တိုင် လုပ်ဆောင်နေတဲ့ ကိစ္စကို သွားပြီး ဆရာလုပ်လျှာရှည်အာချောင်တာမျိုးမလုပ်မိပါစေနဲ့။

၅။ စိတ်ရှုပ်စရာတွေကို သိမ်းဆည်းမထားပါနဲ့။

လင်မယားတွေအကြားမှာ ပြေပြေလည်လည် စကားပြောညှိနှိုင်းမယ်ဆိုရင် အရေးကိစ္စအများစုက အဆင်ပြေသွားတတ်ပါတယ်။ ဒီလိုမဟုတ်ပဲ။ သင့်ရဲ့မကျေနပ်ချက်တွေ၊ စိတ်ရှုပ်စရာတွေကို ဆုပ်ကိုင်ထားပြီး ပဋိပက္ခဖြစ်တိုင်း ထည့်ပြောနေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

၆။ သူမရဲ့ထင်မြင်ယူဆချက်ကို နားထောင်ပါ။

အရေးကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး သင့်ဇနီးရဲ့ထင်မြင်ယူဆချက်တွေကို သူမနေရာကဝင်ပြီး တွေးကြည့်နိုင်အောင် ကြိုးစားပါ။ သူမရဲ့အမြင်ကို ဂရုတစိုက်နားထောင်ပြီး ဆွေးနွေးတိုင်ပင်ပါ။ သူမဘာတွေကို စိုးရိမ်သောကရောက်နေလဲဆိုတာကို အချိန်တစ်ခုပေးပြီး နားထောင်ပေးပါ။

၇။ သူမသဘောကျအောင် စနောက်ပါ။

သင့်ဇနီးကို ကျီစားဖို့ မမေ့ပါနဲ့။ အပြောင်အနောက်စာတွေ ပို့ပေးတာ၊ သူမလန်းတယ်လို့ ပြောပေးတာ၊ တစ်ခါတစ်လေ သူမကြိုက်တတ်တဲ့ စားစရာလေးတွေ ဝယ်ကျွေးတာ စသဖြင့် လုပ်ပေးလို့ရပါတယ်။ ဒီလိုလေးတွေ လုပ်ပေးမယ်ဆိုရင် သင့်ရဲ့ကြိုးစားအားထုတ်မှုကို သူမကလည်း အသိအမှတ်ပြုပြီး သာယာလှပတဲ့ ချစ်လမ်းခရီးကို လျှောက်လမ်းနိုင်မှာဖြစ်ပါတယ်။

၈။ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပါ။

အမျိုးသားတော်တော်များများက သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို အိမ်ထောင်ဖက်တွေဆီမှ ဖွင့်ဟပြောပြလေ့မရှိပါဘူး။ တကယ်တော့ ဒါဟာ အလေ့အကျင့်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှုပ်စရာတွေကို တစ်ယောက်တည်းကြိတ်ပြီး ခံစားနေရမယ့်အစား သင့်ရဲ့ဇနီးနဲ့ အတူဝေမျှခံစားပါ။ သူမတတ်နိုင်သလောက် ကူညီခွင့်ပေးလိုက်ပါ။

၉။ ကာလယန္တရားစက်ကို အသုံးပြုပါ။

နားမလည်ဖြစ်မသွားပါနဲ့။ သင်တို့ဇနီးမောင်နှံနှစ်ယောက် စပြီး ချစ်ကြကြိုက်စ အတူရှိခဲ့ချိန်တွေ၊ အရင်တုန်းက ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေကို ပြန်အမှတ်ရဖို့ ဆိုလိုတာပါ။ နှစ်ယောက်သားအတူထိုင်ပြီး အရင်တုန်းက ဓာတ်ပုံတွေပြန်ကြည့်တာ၊ သမီးရည်းစားဘဝက အပြန်အလှန်ပေးဖို့ခဲ့တဲ့ စာတွေ၊ အီးမေးလ်တွေ ပြန်ဖတ်တာ စသဖြင့် လုပ်ကြည့်သင့်ပါတယ်။

၁၀။ ချစ်တင်းနှောပါ။

ဒါက ဘာဆန်းလို့လဲလို့ တွေးမိမှာပါ။ အိမ်ထောင်ဖက်တွေအကြားမှာ ဒီကိစ္စက တကူးတကပြောနေစရာ မဟုတ်ဘူးလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ အခုခေတ်မှာ ဇနီးမောင်နှံနှစ်ယောက်စလုံး တစ်နေကုန် အလုပ်တွေလုပ်နေကြရပြီး ပင်ပင်ပန်းပန်း ပြန်လာတဲ့အခါမှာ ချစ်တင်းနှောဖို့ကိစ္စကို အာရုံမစိုက်တတ်ကြတော့ပါဘူး။ ဇနီးမောင်နှံတွေအကြား ချစ်တင်းနှောခြင်းဟာ အိမ်ထောင်ရေးကို လတ်ဆတ်ပျော်ရွှင်စေနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်ဆုံး သတိပေးထားတာဖြစ်ပါတယ်။

 Credit   :Gentleman Magazine

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top