iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ ထမင္းမစားပဲ ေပါင္မုန္႔ပဲ စားမယ္ဆိုတာဟာ မွန္ကန္တဲ့ ေရြးခ်ယ္မႈ တစ္ခုေတာ့မဟုတ္ပါဘူး။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ အစာအိမ္ထဲက ဘက္တီးရီးယားေတြကို ေျပာင္းလဲလိုက္တာဟာ အေကာင္းဆံုး နည္းလမ္းျဖစ္မွာပါ။

လန္ဒန္ တကၠသိုလ္မွာရွိတဲ့ King's ေကာလိပ္က ပေရာ္ဖက္ဆာ Tim Spector က ေျပာျပခဲ့တာကေတာ့ အဲဒီလို အစားအေသာက္ ေျပာင္းလဲစားေသာက္ျခင္းဟာ လူတစ္ေယာက္ကို ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားေအာင္ ကူညီေပးႏိုင္ခဲ့တယ္ဆိုတဲ့ သက္ေသမ်ိဳး မရွိခဲ့ဖူးဘူးလို႔ ဆိုပါတယ္။

သၾကားဓါတ္ ၊ ပါစတာ ၊ အာလူးနဲ႔ ေပါင္မုန္႔ျဖဴတို႔လို အစားအေသာက္ အစီအစဥ္ေတြဟာ ဂလူးကို႔စ္ အျဖစ္လ်င္ျမန္စြာ ေျပာင္းလဲသြားၿပီး ေသြးထဲက သၾကားဓါတ္ပမာဏကို ရုတ္တရက္ ျမင့္တက္လာေစႏိုင္တယ္ပါတယ္ လို႔ တိရိစာၦန္ေတြကို ေလ့လာမႈ မ်ားျပဳလုပ္အၿပီးမွာ ပေရာ္ဖက္ဆာ Tim Spector ကဆိုခဲ့ပါတယ္။

အခုလည္း Cell ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ သုေတသန အသစ္တစ္ခုဟာ မတူညီတဲ့ လူသာေတြဟာ သူတို႔ရဲ႕ အစာေခ်ဖ်က္မႈ စစန္အတြင္းက သန္းေပါင္းမ်ားစြာေသာ အႏုဇီ၀ ပိုးမႊားေတြရဲ႕ ေရာေထြးမႈအေပၚ အေျခခံကာ ကာဗြန္ဟိုက္ၿဒိတ္ နဲ႔ပတ္သက္ၿပီး မတူညီတဲ့ တံု႔ျပန္မႈ ေတြ ရွိေနတယ္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။

ဘက္တီးရီးယားေတြရဲ႕ သိမ္းပိုက္ထားမႈ အေပၚအေျခခံၿပီး လူေတြဟာ ခရမ္းခ်ဥ္သီးစားတဲ့အခါ ေသြးထဲက သၾကားဓါတ္မွာ ဆူးေျငာင့္ေတြျဖစ္ေပၚလာတာကို ေတြ႕ခဲ့ၾကပီး တစ္ခ်ိဳ႕ကေတာ့ ေပါင္မုန္း နဲ႔ ပီဇာ တို႔ကိုသာ စားသံုးတဲ့အတြက္ ဘာသက္ေရာက္မႈ မွမရွိခဲ့တာကိုေတြ႕ရပါတယ္။

ဒါေပမယ့္လည္း ပေရာ္ဖက္ဆာ Tim Spector က ရွင္းျပကေတာ့ ပိုလီဖေနာ ၾကြယ္၀စြာပါ၀င္တဲ့ ေခ်ာ့ကလက္ လုိ အစားအစာ မ်ိဳးကသာ အစာအိမ္အတြင္းက အႏုဇီ၀ ပိုးမႊားေတြကို သန္မာလာေစတဲ့အတြက္ ေပါင္မုန္႔ေတြထက္စာရင္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ အသံုး၀င္ႏိုင္တယ္ဆိုတာပါပဲ။

ဒါေၾကာင့္ ပေရာ္ဖက္ဆာ Tim Spector က ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ ေပါင္မုန္႔ကဲ့သို႔ေသာ ထမင္းမဟုတ္တဲ့ အျခားအစားအစာ ေတြစားျခင္းထက္ ေခ်ာ့ကလက္စားျခင္းက ထိေရာက္စြာ ကူညီေပးႏိုင္လိမ့္မယ္ဆိုတာကို အႀကံေပးခဲ့ပါတယ္။

Credit: Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ထမင်းမစားပဲ ပေါင်မုန့်ပဲ စားမယ်ဆိုတာဟာ မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အစာအိမ်ထဲက ဘက်တီးရီးယားတွေကို ပြောင်းလဲလိုက်တာဟာ အကောင်းဆုံး နည်းလမ်းဖြစ်မှာပါ။

လန်ဒန် တက္ကသိုလ်မှာရှိတဲ့ King's ကောလိပ်က ပရော်ဖက်ဆာ Tim Spector က ပြောပြခဲ့တာကတော့ အဲဒီလို အစားအသောက် ပြောင်းလဲစားသောက်ခြင်းဟာ လူတစ်ယောက်ကို ကိုယ်အလေးချိန်လျော့ကျသွားအောင် ကူညီပေးနိုင်ခဲ့တယ်ဆိုတဲ့ သက်သေမျိုး မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

သကြားဓါတ် ၊ ပါစတာ ၊ အာလူးနဲ့ ပေါင်မုန့်ဖြူတို့လို အစားအသောက် အစီအစဉ်တွေဟာ ဂလူးကို့စ် အဖြစ်လျင်မြန်စွာ ပြောင်းလဲသွားပြီး သွေးထဲက သကြားဓါတ်ပမာဏကို ရုတ်တရက် မြင့်တက်လာစေနိုင်တယ်ပါတယ် လို့ တိရိစ္ဆာန်တွေကို လေ့လာမှု များပြုလုပ်အပြီးမှာ ပရော်ဖက်ဆာ Tim Spector ကဆိုခဲ့ပါတယ်။

အခုလည်း Cell ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန အသစ်တစ်ခုဟာ မတူညီတဲ့ လူသာတွေဟာ သူတို့ရဲ့ အစာချေဖျက်မှု စစန်အတွင်းက သန်းပေါင်းများစွာသော အနုဇီ၀ ပိုးမွှားတွေရဲ့ ရောထွေးမှုအပေါ် အခြေခံကာ ကာဗွန်ဟိုက်ဒြိတ် နဲ့ပတ်သက်ပြီး မတူညီတဲ့ တုံ့ပြန်မှု တွေ ရှိနေတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဘက်တီးရီးယားတွေရဲ့ သိမ်းပိုက်ထားမှု အပေါ်အခြေခံပြီး လူတွေဟာ ခရမ်းချဉ်သီးစားတဲ့အခါ သွေးထဲက သကြားဓါတ်မှာ ဆူးငြောင့်တွေဖြစ်ပေါ်လာတာကို တွေ့ခဲ့ကြပီး တစ်ချို့ကတော့ ပေါင်မုန်း နဲ့ ပီဇာ တို့ကိုသာ စားသုံးတဲ့အတွက် ဘာသက်ရောက်မှု မှမရှိခဲ့တာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း ပရော်ဖက်ဆာ Tim Spector က ရှင်းပြကတော့ ပိုလီဖနော ကြွယ်ဝစွာပါဝင်တဲ့ ချော့ကလက် လို အစားအစာ မျိုးကသာ အစာအိမ်အတွင်းက အနုဇီ၀ ပိုးမွှားတွေကို သန်မာလာစေတဲ့အတွက် ပေါင်မုန့်တွေထက်စာရင် ကိုယ်အလေးချိန် လျှော့ချရာမှာ အသုံးဝင်နိုင်တယ်ဆိုတာပါပဲ။

ဒါကြောင့် ပရော်ဖက်ဆာ Tim Spector က ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ပေါင်မုန့်ကဲ့သို့သော ထမင်းမဟုတ်တဲ့ အခြားအစားအစာ တွေစားခြင်းထက် ချော့ကလက်စားခြင်းက ထိရောက်စွာ ကူညီပေးနိုင်လိမ့်မယ်ဆိုတာကို အကြံပေးခဲ့ပါတယ်။


Credit: Thithtoolwin



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top