iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာေလာကထဲကို အသက္ ၁၆ ႏွစ္အရြယ္ကတည္းက စတင္၀င္ေရာက္လာကာ ေဆးေက်ာင္းတစ္ဖက္ အႏုပညာတစ္ဖက္နဲ႕မွ်ေျချဖစ္ေအာင္ၾကိဳးစားလုပ္ကုိင္ခဲ့သူကေတာ့ ခ်စ္သုေ၀ပါ။ သူမဟာ ပညာေရးဖက္မွာလဲ ထူးခၽြန္ေျပာင္ေျမာက္ခဲ့သလုိ အႏုပညာေလာကမွာပါ ပရိသတ္အမ်ား လက္ခံခဲ့တဲ့အႏုပညာပါရမီျပည့္၀သူတစ္ဦးျဖစ္ခဲ့ပါတယ္။ အႏုပညာအလုပ္ေတြကို သူမရဲ႕ဘ၀လမ္းေၾကာင္းအရ ခပ္စိပ္စိပ္ မလုပ္ကိုင္ႏုိင္ခဲ့ေပမဲ့ ခပ္ၾကဲၾကဲနဲ႕မွန္မွန္လုပ္ကိုင္ခဲ့သမွ်ဟာ ပရိသတ္အတြက္ အားရေက်နပ္စရာျဖစ္ခဲ့တာအမွန္ပါ။ အပ်ိဳဘ၀မွာတင္ မဟုတ္ပဲ အိမ္ေထာင္သည္ဘ၀ေရာက္သည့္တုိင္ေအာင္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္သည္ အႏုပညာရွင္တစ္ဦးျဖစ္တဲ့ သူမရဲ႕ျဖတ္သန္းမႈတိုင္းဟာ ပရိသတ္အတြက္ၾကည္ႏူးစရာျဖစ္ခဲ့သလုိ လက္ရွိမွာလဲ ပထမရင္ေသြးေလးကုိ လြယ္ထားရၿပီျဖစ္သလို အျမႊာပူးလုိ႕သိရတာေၾကာင့္ သူမအပါအ၀င္ သူမကိုခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြပါ သူမရဲ႕သတင္းကထူးျခားျဖစ္စဥ္ျဖစ္ေနတာမို႕ကိုယ္၀န္သံုးလေက်ာ္လာၿပီျဖစ္တဲ့သူမရဲ႕ အႏုပညာအခ်ိဳ႕နဲ႕ေျပာင္းလဲလာတဲ့ ကိုယ္၀န္ေဆာင္တစ္ေယာက္ရဲ႕စိတ္ခံစားမႈမ်ားကုိ ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိမွာ ကုိယ္၀န္နဲ႕ဆုိေတာ့ အႏုပညာအလုပ္ေတြကို ဆက္လုပ္ျဖစ္ေနေသးလား။ နားထားလားမမ။

မမ ေရွ႕ႏွစ္လ ဇြန္၊ ဇူလုိင္ကေတာ့ သီခ်င္းပြဲေလးေတြေလာက္ပဲ ဆုိျဖစ္တယ္။ ရုိက္ကူးေရးပိုင္းေတာ့ နားထားတာေပါ့။ အခုေတာ့ အလုပ္အေၾကြးေတြလဲ ပံုေနၿပီ။ ဒီၾသဂုတ္ပထမအပတ္ကေနစၿပီး အလုပ္ေတြျပန္လက္ခံၿပီးလုပ္ေပးျဖစ္ေနတယ္။ မမ ရုိက္ေနက် Lifeboy တို႕ Samsung တို႕အျပင္ ဇာဆုိင္ေၾကာ္ျငာတို႕တျခားဓာတ္ပံုေၾကာ္ျငာေတြ၊ တီဗီေၾကာ္ျငာေလးေတြရုိက္ေပးျဖစ္တယ္။ ေနာက္တစ္ခု ပိုလာတာက ဗိုက္နဲ႕ကေလးေမြးေတာ့မယ္ဆိုေတာ့ ကေလးနဲ႕ပတ္သက္တဲ့ေၾကာ္ျငာေလးေတြ ရုိက္ဖုိ႕လက္ခံထားတယ္။ အႏုပညာအလုပ္ေတြကို အခုလပိုင္းမွာျပန္လုပ္ျဖစ္တယ္ေပါ့ေလ။ မမလရင့္ၿပီးေမြးဖြားခံနီးက်မွျပန္နားမယ္ေပါ့။ ဒီအေတာအတြင္းကေတာ့ နည္းနည္းခ်င္းစီျပန္လုပ္ျဖစ္မယ္ေပါ့။

-ကားရုိက္ကျပင္ဦးလြင္မွာသြားရုိက္တဲ့ကားၾကီးၿပီးကတည္းက ကားရုိက္ပိုင္းကိုသိပ္မေတြ႕ရေတာ့ဘူးေနာ္။

မမေတာက္ေလွ်ာက္နားျဖစ္ေနတာ ၊ နားတယ္ဆိုတာထက္ အသစ္ကေလးေတြလဲ အရမ္းမ်ားသလိုၿပီးေတာ့လဲ သိပ္မခ်ိတ္ၾကေတာ့ပါဘူး။ ကားရုိက္ကေထြေထြထူးထူးေျပာစရာမရွိဘူး။ အရင္ကတည္းကလဲ နားတယ္ဆိုတာမ်ိဳးမရွိဘူး ေျဖးေျဖးပဲ သြားတယ္ဆုိေတာ့ေလ။ အရင္ႏွစ္ကလဲ မမဗီဒီယိုမရုိက္ျဖစ္ဘူး။ ကားၾကီးႏွစ္ကားေလာက္ပဲ ရုိက္ျဖစ္တယ္။ ဗိုက္အတြက္ရယ္လို႕ကားရုိက္ပုိင္းကို သီးသန္႕နားစရာမရွိဘူးေပါ့။ ဒီၾကားထဲမွာ ဗီဒီယိုရုိက္ဖို႕လာေျပာတဲ့ဟာေလးေတြက်ေတာ့ ရက္ကေလးေတြ အဆင္မေျပဘူးျဖစ္သြားေတာ့ မရုိက္ျဖစ္လိုက္တာ သံုးကားေလာက္ျဖစ္သြားတယ္။ ပြဲရာသီဆိုေတာ့ စတိတ္ရိႈးလုိက္ဆိုတဲ့အခ်ိန္ဆိုေတာ့ ကားရုိက္နဲ႕ကနည္းနည္းသြားတိုက္ေနလို႕မရုိက္ျဖစ္လိုက္ဘူး။ က်န္တာေတြကေတာ့ စတိတ္ရိႈးေတြပံုမွန္ဆုိျဖစ္တယ္။

-ကိုယ္၀န္ကလဲႏုေနေသးတဲ့အခ်ိန္ဆိုေတာ့ အရမ္းဂရုစိုက္ရမယ္လုိ႕ထင္ပါတယ္။

မမအခုအလုပ္လုပ္တယ္ဆိုတာကလဲ သံုးလေက်ာ္သြားလို႕ပါ။ အေရွ႕လေတြကေတာ့ လုပ္ဖို႕ထက္ေနကလဲေတာ္ေတာ္မေကာင္းဘူး။ ပြဲေတြေတာင္မတက္ျဖစ္ဘူး။ လူမႈေရးေတြလဲ အရမ္းပ်က္ကြက္ခဲ့ေတာ့ အခုျပန္လုပ္ေပးျဖစ္ေနပါတယ္။ အျမႊာကလဲ အမႊာျဖစ္ေတာ့ ဂရုစိုက္ရတာတစ္ဖက္ဆုိေတာ့ေလ။

-ပထမဆံုးကုိယ္၀န္နဲ႕အမွတ္တရအေနနဲ႕ကားရုိက္ငွားရင္ေရာ ရုိက္ကူးေပးဖို႕ရွိမလား။

လာငွားမယ္ဆုိရင္ေတာ့ ကေလးအတြက္အမွတ္တရျဖစ္ေအာင္ မမလဲရုိက္ခ်င္ပါတယ္။

-ကုိယ္၀န္လြယ္ထားရတဲ့အခ်ိန္မွာ အရင္နဲ႕မတူတဲ့ ေျပာင္းလဲမႈေတြကေရာ ဘာေတြမ်ားျဖစ္မလဲ။

ေျပာင္းလဲမႈကေရာ အစံုပါပဲညီမရယ္။ life က မတူေတာ့ဘူးဆိုေတာ့ေလ။ ကိုယ့္ရဲ႕စိတ္ေလးေတြ၊ ကုိယ့္ရဲ႕ခံယူခ်က္ေလးေတြ၊ ကုိယ့္ရဲ႕အေရးၾကီးဆံုးအရာေလးေတြကေျပာင္းလဲသြားတာေပါ့ေနာ္။ အကုန္ေျပာင္းလဲသြားတာေပါ့။ အစားအေသာက္အေနအထိုင္ကအစအရာရာေျပာင္းလဲသြားခဲ့ရပါတယ္။

-မိခင္တစ္ေယာက္ျဖစ္ေတာ့မွာဆိုေတာ့ ကိုယ့္အေမကိုေရာ အရင္ကထက္ပိုၿပီးနားလည္ေပးႏုိင္လာတာမ်ိဳးေတြေရာ ရွိမလား။

အရင္ကေတာ့ မမကကိုယ့္ကိုကိုယ္အရမ္းနားလည္လွၿပီထင္တာ ေမေမ့အတြက္ အရမ္းနားလည္ေပးလွၿပီထင္တာ အခုေတာ့ ကုိယ္၀န္ရွိသြားေတာ့ အေမ့ေက်းဇူးလဲ ပိုၿပီးသိလာတယ္။ ပိုၿပီးနားလည္လာတယ္။ အေမ့ရဲ႕စိတ္ကုိနားလည္ၿပီးေတာ့ ကိုယ္ခံစားရတာေတြထက္ ပိုၿပီးေတာ့ကို နားလည္လာတယ္။ မမကိုဆိုရင္ေမေမက ပထမကေလးယူၿပီးမွေနာက္ထပ္ ကေလးယူတာဆိုေတာ့ ဒီဒုကၡေတြကုိ သိၿပီးသြားၿပီ။ ဒါေပမဲ့လဲ မမကို ခ်စ္လို႕ဒီေလာကထဲထည့္ခဲ့တာေလေနာ္။ အဲ့ဒီအတြက္ေမေမ့ကိုလဲ ပိုေက်းဇူးတင္တယ္။ မမအခု ကုိယ္၀န္ရွိတဲ့အခ်ိန္မွာ မမတို႕ကိုကုိတို႕ကေမေမတို႕နဲ႕ေနေတာ့ ေမေမ့ေက်းဇူး ပိုသိတယ္။ အစစအရာရာ ဂရုစိုက္တာေပါ့။ စိတ္ခြန္အား၊ က်န္တဲ့မမရဲ႕အေနအထုိင္အတြက္ဂရုစိုက္တာေလးေတြ ၿပီးေတာ့ မမအစားအေသာက္အတြက္ျဖစ္ခ်င္တာလိုခ်င္တာစားခ်င္တာမွန္သမွ်ကို ဖန္တီးေပးတာမ်ိဳးေလးေတြ စိတ္ဓာတ္က်အားငယ္ရင္အားေပးတာမ်ိဳးေလးေတြ မမအတြက္ဘာနဲ႕မွမတူတဲ့ခြန္အားေတြရတယ္။ မမေမေမကေတာ့ မမအတြက္ မရွိမျဖစ္ပဲ။ ေမေမ့ေက်းဇူးကိုပုိၿပီးသိလာတယ္။ အေမခ်င္းက်ေတာ့ ပိုသိသြားတာေပါ့။ ဒါေတာင္မမက မေမြးရေသးဘူး။ ဗိုက္ထဲမွာပဲ ထည့္ရေသးတဲ့အခ်ိန္ေပါ့။ အျမႊာေလးရွိေတာ့လဲ အရမ္းစိတ္ပူရတယ္။ တေရးႏုိးထလာရင္ေတာင္ဘုရားစာကုိ ပါးစပ္ကေအာ္တိုမက္တစ္ ရြတ္ၿပီးသား။ သူတုိ႕အတြက္ အရာရာစိတ္ပူၿပီးေတာ့ ဘုရားသခင္ကုိပဲဆုေတာင္းၿပီးေတာ့ အားကိုးေနရတာေပါ့။

-အခုအႏုပညာအလုပ္ေတြၾကိဳၾကားၾကိဳၾကားျပန္လုပ္ေနတဲ့အေပၚ ကုိလင္းကေရာ ခြင့္ျပဳလား။

ကုိကုိကေတာ့ စြက္ဖက္တာတုိ႕၊ ခြင့္မျပဳတာတို႕ကို အရင္ကတည္းက သိပ္မလုပ္တတ္ဘူး။ ဒါေပမဲ့ ကုိကိုက အမွန္အတိုင္းေျပာရရင္ေတာ့ သူမလုပ္ေစခ်င္ဘူးေပါ့ေနာ္။ မလုပ္ေစခ်င္ဘူးဆိုတာ ပင္ပန္းမွာစိုးတာ မမကိုနားေစခ်င္တယ္။ ဒါေပမဲ့လဲ ကုိကို႕ကိုမမက နားလည္ေအာင္ေျပာျပတယ္ေလ။ မမအလုပ္ေလးလုပ္ေတာ့လဲ စိတ္ဓာတ္ကေလးက လန္းဆန္းတယ္။ တက္ၾကြတယ္။ ၿပီးေတာ့ လႈပ္လႈပ္ရွားရွားေလးလဲ အနည္းငယ္ျဖစ္တယ္။ အိမ္မွာၾကီးပဲအေရွ႕ႏွစ္လတုန္းကဆို အိပ္ရာထဲကို လဲေနတာေလ။ အစားအေသာက္လဲစားလို႕မေကာင္း လူက မူးၿပီးေတာ့ လွဲေနရတာဆိုေတာ့ အခုေနာက္ပိုင္းနည္းနည္းေလးေနလို႕ေကာင္းလာတဲ့အခ်ိန္ေလးမွာ ကိုယ္၀န္လရင့္တဲ့အခ်ိန္ ရွစ္လကိုးလဆိုမမနားမွာပါ။ အခုၾကားထဲမွာေတာ့ မမလက္စသတ္ေပးစရာရွိတာေလးေတြ၊ အသစ္လက္ခံစရာေလးေတြေပါ့ေပါ့ပါးပါးေလးေတြ လုပ္တယ္။ ေနာက္တစ္ခုမမကံေကာင္းတာက မမနဲ႕လက္တြဲလုပ္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကစီးပြားေရးသေဘာဆိုတာထက္ မိသားစုလိုသေဘာထားတယ္။ မမကုိယ္၀န္ရွိတာသိေတာ့ ဂရုစိုက္ၾကတယ္။ လုပ္ငန္းခြင္မွာလဲ အရမ္းအဆင္ေျပတယ္။ သက္သက္သာသာ လုပ္ႏုိင္ေအာင္အရာရာကိုဂရုစိုက္ေပးၾကတယ္။ အားလံုးကိုလဲေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ကိုကိုလဲၾကည္ျဖဴပါတယ္ေပါ့။ အဓိက ကိုကိုကေတာ့ မမ မပင္ပန္းဘူး။ စိတ္သက္ေတာင့္သက္သာရွိတယ္။ မမေပ်ာ္ေပ်ာ္ရႊင္ရႊင္ဆိုရင္ေတာ့ သူမတားဘူး။ ကုိကိုကစိတ္ပူတာပဲရွိတာပါ။ မလုပ္ေစခ်င္တာေတာ့မရွိပါဘူး။ မမကလဲရက္ဆက္တုိက္မလုပ္ပါဘူး။ ၾကားရက္ထားၿပီး လုပ္ပါတယ္။ တစ္ေနကုန္လဲမလုပ္ဘူး။ အခ်ိန္အေနေတာ္ေလာက္ပဲလုုပ္တယ္။ အကုန္လံုးညွိညွိနႈိင္းႏိႈင္းလုပ္လုိ႕ရတဲ့သူေတြနဲ႕ပဲလုပ္တဲ့အတြက္အရမ္းအဆင္ေျပပါတယ္။

-ကိုလင္းကေရာ မမကိုအရင္ကထက္အခ်ိန္ပိုေပးလာတာမ်ိဳးေတြရွိမလား။

ကိုကိုက အရင္ကတည္းက မမတို႕အိမ္ေထာင္စက်ၿပီးကတည္းက အျပင္သိပ္မထြက္တတ္တဲ့သူေပါ့။ သူကအိမ္မွာပဲ စာအုပ္ဖတ္မယ္။ သီခ်င္းလုပ္မယ္။ သူတီဗီၾကည့္မယ္။ ရုပ္ရွင္ၾကည့္မယ္။ အိမ္မွာေနတဲ့သူမ်ိဳးဆိုေတာ့ ထူးျခားၿပီးအိမ္မွာပိုေနလာတာမ်ိဳးမရွိဘူး။ ဒါေပမဲ့ မမကိုယ္၀န္မရွိခင္မွာ ကိုကိုက လမ္းေၾကာင္းလုိက္တာရယ္၊ အေမစုနဲ႕ေနျပည္ေတာ္ပါသြားတာကတစ္ႏွစ္နီးပါးၾကာသြားတာကိုး။ အဲ့ဒီၾကားထဲမွာ အဲ့ဒီလိုသြားေနရတာမ်ိဳးဆိုရင္ေတာ့ ကိုကိုက တစ္ပတ္တစ္ခါမ်ိဳး၊ ႏွစ္ပတ္တစ္ခါမ်ိဳးေလာက္ပဲျပန္လာရတာကိုး။ အဲ့ဒီလိုအခ်ိန္ေလာက္ပဲ မမတို႕ေတြ႕ရတယ္။ ဒီေနာက္ပုိင္းကေတာ့ အရင္တုိင္းပဲျပန္ျဖစ္သြားတာေပါ့။ က်န္တာကေတာ့ ကိုကိုကဘာျဖစ္ျဖစ္စိုးရိမ္တတ္ေတာ့ေလ။ ပစၥည္းက်သြားလို႕ကုန္းေကာက္မယ္ဆုိရင္လဲ သူကမကုန္းနဲ႕၊ မလိမ္နဲ႕၊ မလွည့္နဲ႕ဆိုၿပီးအရာရာေဘးနားကေန ဂရုတစိုက္ေလးေတာ့သတိေပးရွာတယ္။ မမစားခ်င္တဲ့ အသီးေတြဘာညာဆိုရင္လဲ အျပင္ထြက္ၿပီးျပန္လာရင္မုန္႕ေတြ၀ယ္လာတာမ်ိဳး၊ တခါတေလ ကိုကိုအိမ္မွာရွိရင္ေတာ့ မမကပိုဇိမ္က်တာေပါ့ေလ။ ကုိကိုက မမကုိမထခုိင္းေတာ့ဘူး။ စားစရာဆိုရင္ေမေမလုပ္ၿပီးသြားရင္ သူပဲသြားယူေပးအဲ့ဒီေတာ့ မမက ကံေကာင္းတယ္ေျပာရမွာေပါ့ေလ။ ေမေမကလဲဂရုစိုက္တယ္။ ကိုကိုကလဲဂရုစိုက္ရွာတယ္။ ဒီကာလေလးဟာကိုယ္၀န္ရွိလို႕မအီမသာေလးျဖစ္ေပမဲ့ဇိမ္က်ပါတယ္။

-မမတုိ႕ႏွစ္ေယာက္အတြက္ဘာေလးရရင္ပုိၿပီးအဆင္ေျပမလဲ။

ဘာေလးျဖစ္ျဖစ္ပါ။ ကုိယ့္သားသမီးဆိုေတာ့ေလ။ မမေရာကိုကိုေရာေပ်ာ္တယ္။ အေရးၾကီးတာက စိတ္ေကာင္းႏွလံုးေကာင္းရွိၿပီးဘုရားကိုသိတဲ့ဘုရားကိုခ်စ္တဲ့သားသမီးေတြေမြးဖို႕ပဲအေရးၾကီးတာေလ။ က်န္တာကေတာ့ မိန္းကေလးပဲျဖစ္ျဖစ္ေယာက်ာ္းေလးပဲျဖစ္ျဖစ္မရွိပါဘူး။

-သီခ်င္းေတြေရာလုပ္ျဖစ္ေနေသးလား။

မမအေခြက၁၂ပုဒ္ၿပီးေနၿပီ။ ဒါေပမဲ့မမသြားခ်င္တဲ့ Trend ေလးကအျမန္ေလးေတြထည့္ခ်င္တယ္ဆုိေတာ့ အခုအျမန္ကႏွစ္ပုဒ္သံုးပုဒ္ပဲပါေသးေတာ့ အျမန္ေလးေတြထပ္ထည့္ၿပီး ေႏွးတဲ့အပုဒ္ေလးေတြကိုေတာ့ ေနာက္အေခြအတြက္ခဏေလးဖယ္ထားေပါ့။ ၁၂ပုဒ္ကေတာ့ၿပီးၿပီ။ အပုဒ္ႏွစ္ဆယ္ေလာက္ဆိုေတာ့ က်န္တဲ့ငါးပုဒ္၊ ေျခာက္ပုဒ္ေလာက္ကို ေဘာ္ဒီတည္ဖို႕ေစာင့္ေနတယ္။ ဒီအေရွ႕ႏွစ္လကေတာ့ မမေမာေမာေနတဲ့အတြက္ဆိုရတာသိပ္အဆင္မေျပလို႕စတူဒီယိုဒိတ္မယူျဖစ္ဘူး။ ဒီၾသဂုတ္၊ စက္တင္ဘာ၊ ေအာက္တိုဘာေလာက္ေတာ့ ျပန္လႈပ္ရွားဖုိ႕ရွိပါတယ္။

-ကိုလင္းေရာသီခ်င္းေတြလုပ္ျဖစ္ေသးလား။

သူကေတာ့ဗိုလ္ခ်ဳပ္အတြက္စုေဆာင္းတာေတြလုပ္ေနတဲ့အျပင္ တစ္ကုိယ္ေတာ္ရိႈးေတြအတြက္ျပင္ဆင္ေနတယ္။ လုပ္ေနတယ္။ ကုိကုိလဲအႏုပညာအလုပ္ေတြကုိ တစ္ႏွစ္နီးပါးေလာက္ေ၀းသြားသလိုျဖစ္တာကိုး။ အခုေတာ့ သူအေခြအတြက္ေရာအားလံုးအတြက္လုပ္ေနတယ္။ တျခားဟာကမမအေခြေလးလုပ္ေနတယ္။ ၿပီးေတာ့ေန၀အေခြေလးလုပ္ေနတယ္။ ၿပီးေတာ့ကုိကိုကဟုိတခါအႏုပညာရွင္လူငယ္ေတြကိုေရြးထားတဲ့ကိုယ္ပုိင္စပ္ေပါင္းစုေပါင္းကေလးေတြသူတို႕ကိုလုပ္ေပးေနတယ္။ ကုိကို႕ရည္ရြယ္ခ်က္ကကိုကိုလဲငယ္ငယ္ကလမ္းစေလးတစ္ခုကိုအရမ္းေမွ်ာ္တယ္။ အဲ့ဒီေတာ့ဘာရည္ရြယ္ခ်က္မွမပါတဲ့ ေစတနာသီးသန္႕နဲ႕သူျဖတ္သန္းခဲ့ရတဲ့အခ်ိန္ေတြတုန္းကလုိဘ၀တူတကယ့္အႏုပညာကိုခ်စ္တဲ့ကေလးေတြကိုသူေျမေတာင္ေျမွာက္ေပးခ်င္တယ္။ အဲ့ဒီအတြက္သူဒီအေခြေလးကိုလုပ္ေနတယ္။ ကုိကိုကေတာ့ အလုပ္ေတြရႈပ္ေနၾကတာေပါ့။

-မမကိုဆိုအားလံုးက အိမ္ေထာင္ေရးကံေကာင္းတယ္။ အျမဲစိတ္ခ်မ္းသာေနျပံဳးေပ်ာ္ရႊင္ေနတာကိုေတြ႕ရတယ္ေပါ့။ အခုဆိုလဲရင္ေသြးေလးကအမႊာေလးဆိုေတာ့ ပိုလို႕ေတာင္ေပ်ာ္ဖုိ႕ေကာင္းသြားတယ္ေပါ့။ အဲ့ဒီလို၀ိုင္း၀န္းခံစားေပးတဲ့ပရိသတ္ေတြကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

မမရဲ႕ဘ၀ေနထုိင္မႈေလးေၾကာင့္သူတို႕ေတြကူးစက္ၿပီးေပ်ာ္ရတယ္ဆိုရင္ မမလဲေပ်ာ္ပါတယ္လို႕။ လူေတြကုိစိတ္ခ်မ္းသာေပ်ာ္ရႊင္ေအာင္လုပ္ႏုိင္တယ္ဆုိေတာ့ေပ်ာ္တာေပါ့ေလ။ အိမ္ေထာင္ေရးကလဲတကယ္ေတာ့ကံပါပဲ။ မမကေတာ့ေရွ႕ေတြကိုဘယ္ေတာ့မွၾကိဳမေျပာဘူး။ ဒါေတြကမမတို႕မျမင္ရတဲ့အရာေတြေလ။ ဒါေပမဲ့မမျဖတ္သန္းခဲ့တဲ့တစ္ေလွ်ာက္လံုးမွာေတာ့ အခုခ်ိန္ထိမမကစိတ္အေႏွာင့္အယွက္ကင္းကင္းေလးနဲ႕ေအးေအးခ်မ္းခ်မ္းေလးေပ်ာ္ေပ်ာ္ေမြ႕ေမြ႕ေလးဟန္ခ်က္ညီညီေလးသြားေနႏုိင္တုန္းပဲေလ။ ဘုရားေက်းဇူးလဲပါသလို၊ မမတို႕ႏွစ္ဖက္မိဘေတြရဲ႕ေက်းဇူးလဲပါသလို ပရိသတ္ေတြပို႕သတဲ့ေမတၱာေၾကာင့္လဲပါတယ္။

-ကိုယ္တိုင္က ကေလးခ်စ္တတ္တဲ့သူဆိုေတာ့ ကိုယ္၀န္ရွိမွန္းသိလိုက္ရတဲ့အခ်ိန္မွာအမႊာပူးေလးဆိုေတာ့ ဘယ္လိုပီတိျဖစ္မိလဲ။

မိခင္တိုင္းျဖစ္တဲ့စိတ္ခံစားမႈပါပဲ။ မိခင္တိုင္းေပ်ာ္သလိုမမလဲေပ်ာ္တယ္။ ဒါေပမဲ့မမကစိတ္ပူတတ္တယ္။ မမက ကေလးလဲအရမ္းခ်စ္တယ္။ သူမ်ားကေလးေတာင္ပူတတ္တယ္။ ကိုယ့္ကေလးဆုိေတာ့ ပိုပူတာေပါ့။ ညဖက္ဆိုဗိုက္ကေလးကုိကုိင္ၿပီး ဒီအခ်ိန္ကဘာမွေတာ့မလႈပ္ေသးပါဘူး။ ဒါေပမဲ့လႈပ္ေနသလိုလုိ၊ မလႈပ္ေနသလုိလုိ ဗိုက္ကမၾကီးလာတာလား။ပိုၿပီးေတာ့မ၀လာတာလား။ အဲ့ဒီလိုမ်ိဳးစံုေတြးၿပီး ေလွ်ာက္ေျပာေနတာ အဲ့ဒါကို ကိုကိုကေလေဘးနားကေနမမကို စံုေနေအာင္ေျဖသိ့မ္ေနရတယ္။ မမကစိတ္အရမ္းပူတတ္ေတာ့ေလ။

-ကေလးေလးေမြးလာတဲ့အခါ ခ်စ္ဖို႕ေကာင္းေနေအာင္ ခ်စ္စရာေကာင္းတဲ့ပံုေတြၾကည့္တာမ်ိဳး ကိုယ္နဲ႕နီးစပ္တဲ့ေနရာေတြမွာထားထားတာမ်ိဳးေရာလုပ္ျဖစ္လား။

မမကေတာ့ အဲ့ဒီအယူအဆေတြကုိသိပ္ေတာ့ အယူမရွိဘူး။ က်န္းမာေရးနဲ႕ဆိုင္တဲ့အယူအဆေတြကိုေတာ့လုပ္တယ္။ မမရဲ႕ယံုၾကည္ခ်က္ေပါ့။ အေဖ နဲ႕ အေမ နဲ႕ေပါင္းၿပီးေတာ့ ျဖစ္လာတဲ့ကေလးဟာ ဘုရားေပးတဲ့အတုိင္းျဖစ္လာမွာပဲေလ။ ေခ်ာတာၾကည့္တုိင္းေခ်ာေၾကးဆုိ ၊ ဥပမာ ႏြားႏုိ႕ေသာက္တုိင္းသာ အသားျဖဴေၾကးဆိုေပါ့ေနာ္။ ကိုကိုကေတာင္ေနာက္ေနေသးတယ္။ မမကဒီအေတာအတြင္းေက်ာက္ေက်ာစားတယ္။ ပုန္းရည္ၾကီးေတြကို ဆီေလးနဲ႕စားတယ္ဆိုေတာ့။ သဲသဲရယ္ စားတာကလဲ အမဲေတြခ်ည္းဆုိေတာ့ ကိုကိုကေတာင္ေနာက္ေနတယ္။ ဥပမာႏြားႏုိ႕ဆိုရင္ကေလးအရိုးအဆစ္သန္မာဖို႕အတြက္ေသာက္တယ္။ က်န္တဲ့မ်က္ႏွာလွဖို႕ပံုၾကည့္တာဘာညာေတာ့မၾကည့္ျဖစ္ဘူး။ အထိတ္တလန္႕ရုပ္ရွင္ေတြေရွာင္တယ္။

-ပရိသတ္ေတြအတြက္ေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

မမအႏုပညာျဖတ္သန္းခဲ့တာဆုိရင္ မမအသက္ ၁၆ ႏွစ္မတုိင္ခင္ကတည္းက ဒါေပမဲ့မမက ေတာက္ေလွ်ာက္မလုပ္ႏုိင္ဘူး။ ေဆးေက်ာင္းတက္လို႕နားလိုက္၊ အႏုပညာျပန္လုပ္လုိက္ စိပ္မေနဘူး။ ခပ္က်ဲက်ဲသြားခဲ့တာကိုး။ မမရဲ႕ဘ၀လမ္းေၾကာင္းေတြအရေပါ့။ ဒါေပမဲ့ထူးဆန္းတာတစ္ခုက မမပရိသတ္ေတြက မမကုိ တစ္ခုဆိုတစ္ခုေလးျမင္ရံုနဲ႕ခ်စ္ၾကအားေပးၾကတယ္။ ဥပမာ မမေဆးေက်ာင္းမွာ ေဟာက္စ္ဆင္းေတာ့ တစ္ႏွစ္ခြဲေလာက္ဘာမွမလုပ္ပဲေနလုိက္ၿပီးေတာ့ အႏုပညာအလုပ္ေလးတစ္ခုေလာက္ျပန္လုပ္ရင္ကုိ အားေပးေနဆဲ ဂရုတစိုက္ရွိေနၾကဆဲ ခ်စ္ေနဆဲဆိုေတာ့ ဒီ၁၅ ႏွစ္ေက်ာ္အထိလဲ ခ်စ္ၾကတယ္။ ေမတၱာေပးၾကတယ္။ အေပၚယံသေဘာမပါပဲ မမေကာင္းဖို႕အတြက္ကိုစိတ္လိုလက္ရေလးဆုေတာင္းေပးၾကတယ္။ အဲ့ဒီအတြက္မမပရိသတ္ၾကီးကို အရမ္းလဲခ်စ္ပါတယ္။ အရမ္းလဲေက်းဇူးတင္ပါတယ္။ မမအတြက္ေတာ့ မမမိသားစု၊ မမမိတ္ေဆြနဲ႕မမပရိသတ္ေတြကဘုရားေပးတဲ့ဆုပါပဲလုိ႕ေျပာခ်င္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အနုပညာလောကထဲကို အသက် ၁၆ နှစ်အရွယ်ကတည်းက စတင်ဝင်ရောက်လာကာ ဆေးကျောင်းတစ်ဖက် အနုပညာတစ်ဖက်နဲ့မျှခြေဖြစ်အောင်ကြိုးစားလုပ်ကိုင်ခဲ့သူကတော့ ချစ်သုဝေပါ။ သူမဟာ ပညာရေးဖက်မှာလဲ ထူးချွန်ပြောင်မြောက်ခဲ့သလို အနုပညာလောကမှာပါ ပရိသတ်အများ လက်ခံခဲ့တဲ့အနုပညာပါရမီပြည့်ဝသူတစ်ဦးဖြစ်ခဲ့ပါတယ်။ အနုပညာအလုပ်တွေကို သူမရဲ့ဘဝလမ်းကြောင်းအရ ခပ်စိပ်စိပ် မလုပ်ကိုင်နိုင်ခဲ့ပေမဲ့ ခပ်ကြဲကြဲနဲ့မှန်မှန်လုပ်ကိုင်ခဲ့သမျှဟာ ပရိသတ်အတွက် အားရကျေနပ်စရာဖြစ်ခဲ့တာအမှန်ပါ။ အပျိုဘဝမှာတင် မဟုတ်ပဲ အိမ်ထောင်သည်ဘဝရောက်သည့်တိုင်အောင် ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သူမရဲ့ဖြတ်သန်းမှုတိုင်းဟာ ပရိသတ်အတွက်ကြည်နူးစရာဖြစ်ခဲ့သလို လက်ရှိမှာလဲ ပထမရင်သွေးလေးကို လွယ်ထားရပြီဖြစ်သလို အမြွှာပူးလို့သိရတာကြောင့် သူမအပါအဝင် သူမကိုချစ်ခင်ကြတဲ့ ပရိသတ်တွေပါ သူမရဲ့သတင်းကထူးခြားဖြစ်စဉ်ဖြစ်နေတာမို့ကိုယ်ဝန်သုံးလကျော်လာပြီဖြစ်တဲ့သူမရဲ့ အနုပညာအချို့နဲ့ပြောင်းလဲလာတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့စိတ်ခံစားမှုများကို မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိမှာ ကိုယ်ဝန်နဲ့ဆိုတော့ အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်နေသေးလား။ နားထားလားမမ။

မမ ရှေ့နှစ်လ ဇွန်၊ ဇူလိုင်ကတော့ သီချင်းပွဲလေးတွေလောက်ပဲ ဆိုဖြစ်တယ်။ ရိုက်ကူးရေးပိုင်းတော့ နားထားတာပေါ့။ အခုတော့ အလုပ်အကြွေးတွေလဲ ပုံနေပြီ။ ဒီသြဂုတ်ပထမအပတ်ကနေစပြီး အလုပ်တွေပြန်လက်ခံပြီးလုပ်ပေးဖြစ်နေတယ်။ မမ ရိုက်နေကျ Lifeboy တို့ Samsung တို့အပြင် ဇာဆိုင်ကြော်ငြာတို့တခြားဓာတ်ပုံကြော်ငြာတွေ၊ တီဗီကြော်ငြာလေးတွေရိုက်ပေးဖြစ်တယ်။ နောက်တစ်ခု ပိုလာတာက ဗိုက်နဲ့ကလေးမွေးတော့မယ်ဆိုတော့ ကလေးနဲ့ပတ်သက်တဲ့ကြော်ငြာလေးတွေ ရိုက်ဖို့လက်ခံထားတယ်။ အနုပညာအလုပ်တွေကို အခုလပိုင်းမှာပြန်လုပ်ဖြစ်တယ်ပေါ့လေ။ မမလရင့်ပြီးမွေးဖွားခံနီးကျမှပြန်နားမယ်ပေါ့။ ဒီအတောအတွင်းကတော့ နည်းနည်းချင်းစီပြန်လုပ်ဖြစ်မယ်ပေါ့။

-ကားရိုက်ကပြင်ဦးလွင်မှာသွားရိုက်တဲ့ကားကြီးပြီးကတည်းက ကားရိုက်ပိုင်းကိုသိပ်မတွေ့ရတော့ဘူးနော်။

မမတောက်လျှောက်နားဖြစ်နေတာ ၊ နားတယ်ဆိုတာထက် အသစ်ကလေးတွေလဲ အရမ်းများသလိုပြီးတော့လဲ သိပ်မချိတ်ကြတော့ပါဘူး။ ကားရိုက်ကထွေထွေထူးထူးပြောစရာမရှိဘူး။ အရင်ကတည်းကလဲ နားတယ်ဆိုတာမျိုးမရှိဘူး ဖြေးဖြေးပဲ သွားတယ်ဆိုတော့လေ။ အရင်နှစ်ကလဲ မမဗီဒီယိုမရိုက်ဖြစ်ဘူး။ ကားကြီးနှစ်ကားလောက်ပဲ ရိုက်ဖြစ်တယ်။ ဗိုက်အတွက်ရယ်လို့ကားရိုက်ပိုင်းကို သီးသန့်နားစရာမရှိဘူးပေါ့။ ဒီကြားထဲမှာ ဗီဒီယိုရိုက်ဖို့လာပြောတဲ့ဟာလေးတွေကျတော့ ရက်ကလေးတွေ အဆင်မပြေဘူးဖြစ်သွားတော့ မရိုက်ဖြစ်လိုက်တာ သုံးကားလောက်ဖြစ်သွားတယ်။ ပွဲရာသီဆိုတော့ စတိတ်ရှိုးလိုက်ဆိုတဲ့အချိန်ဆိုတော့ ကားရိုက်နဲ့ကနည်းနည်းသွားတိုက်နေလို့မရိုက်ဖြစ်လိုက်ဘူး။ ကျန်တာတွေကတော့ စတိတ်ရှိုးတွေပုံမှန်ဆိုဖြစ်တယ်။

-ကိုယ်ဝန်ကလဲနုနေသေးတဲ့အချိန်ဆိုတော့ အရမ်းဂရုစိုက်ရမယ်လို့ထင်ပါတယ်။

မမအခုအလုပ်လုပ်တယ်ဆိုတာကလဲ သုံးလကျော်သွားလို့ပါ။ အရှေ့လတွေကတော့ လုပ်ဖို့ထက်နေကလဲတော်တော်မကောင်းဘူး။ ပွဲတွေတောင်မတက်ဖြစ်ဘူး။ လူမှုရေးတွေလဲ အရမ်းပျက်ကွက်ခဲ့တော့ အခုပြန်လုပ်ပေးဖြစ်နေပါတယ်။ အမြွှာကလဲ အမွှာဖြစ်တော့ ဂရုစိုက်ရတာတစ်ဖက်ဆိုတော့လေ။

-ပထမဆုံးကိုယ်ဝန်နဲ့အမှတ်တရအနေနဲ့ကားရိုက်ငှားရင်ရော ရိုက်ကူးပေးဖို့ရှိမလား။

လာငှားမယ်ဆိုရင်တော့ ကလေးအတွက်အမှတ်တရဖြစ်အောင် မမလဲရိုက်ချင်ပါတယ်။

-ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ အရင်နဲ့မတူတဲ့ ပြောင်းလဲမှုတွေကရော ဘာတွေများဖြစ်မလဲ။

ပြောင်းလဲမှုကရော အစုံပါပဲညီမရယ်။ life က မတူတော့ဘူးဆိုတော့လေ။ ကိုယ့်ရဲ့စိတ်လေးတွေ၊ ကိုယ့်ရဲ့ခံယူချက်လေးတွေ၊ ကိုယ့်ရဲ့အရေးကြီးဆုံးအရာလေးတွေကပြောင်းလဲသွားတာပေါ့နော်။ အကုန်ပြောင်းလဲသွားတာပေါ့။ အစားအသောက်အနေအထိုင်ကအစအရာရာပြောင်းလဲသွားခဲ့ရပါတယ်။

-မိခင်တစ်ယောက်ဖြစ်တော့မှာဆိုတော့ ကိုယ့်အမေကိုရော အရင်ကထက်ပိုပြီးနားလည်ပေးနိုင်လာတာမျိုးတွေရော ရှိမလား။

အရင်ကတော့ မမကကိုယ့်ကိုကိုယ်အရမ်းနားလည်လှပြီထင်တာ မေမေ့အတွက် အရမ်းနားလည်ပေးလှပြီထင်တာ အခုတော့ ကိုယ်ဝန်ရှိသွားတော့ အမေ့ကျေးဇူးလဲ ပိုပြီးသိလာတယ်။ ပိုပြီးနားလည်လာတယ်။ အမေ့ရဲ့စိတ်ကိုနားလည်ပြီးတော့ ကိုယ်ခံစားရတာတွေထက် ပိုပြီးတော့ကို နားလည်လာတယ်။ မမကိုဆိုရင်မေမေက ပထမကလေးယူပြီးမှနောက်ထပ် ကလေးယူတာဆိုတော့ ဒီဒုက္ခတွေကို သိပြီးသွားပြီ။ ဒါပေမဲ့လဲ မမကို ချစ်လို့ဒီလောကထဲထည့်ခဲ့တာလေနော်။ အဲ့ဒီအတွက်မေမေ့ကိုလဲ ပိုကျေးဇူးတင်တယ်။ မမအခု ကိုယ်ဝန်ရှိတဲ့အချိန်မှာ မမတို့ကိုကိုတို့ကမေမေတို့နဲ့နေတော့ မေမေ့ကျေးဇူး ပိုသိတယ်။ အစစအရာရာ ဂရုစိုက်တာပေါ့။ စိတ်ခွန်အား၊ ကျန်တဲ့မမရဲ့အနေအထိုင်အတွက်ဂရုစိုက်တာလေးတွေ ပြီးတော့ မမအစားအသောက်အတွက်ဖြစ်ချင်တာလိုချင်တာစားချင်တာမှန်သမျှကို ဖန်တီးပေးတာမျိုးလေးတွေ စိတ်ဓာတ်ကျအားငယ်ရင်အားပေးတာမျိုးလေးတွေ မမအတွက်ဘာနဲ့မှမတူတဲ့ခွန်အားတွေရတယ်။ မမမေမေကတော့ မမအတွက် မရှိမဖြစ်ပဲ။ မေမေ့ကျေးဇူးကိုပိုပြီးသိလာတယ်။ အမေချင်းကျတော့ ပိုသိသွားတာပေါ့။ ဒါတောင်မမက မမွေးရသေးဘူး။ ဗိုက်ထဲမှာပဲ ထည့်ရသေးတဲ့အချိန်ပေါ့။ အမြွှာလေးရှိတော့လဲ အရမ်းစိတ်ပူရတယ်။ တရေးနိုးထလာရင်တောင်ဘုရားစာကို ပါးစပ်ကအော်တိုမက်တစ် ရွတ်ပြီးသား။ သူတို့အတွက် အရာရာစိတ်ပူပြီးတော့ ဘုရားသခင်ကိုပဲဆုတောင်းပြီးတော့ အားကိုးနေရတာပေါ့။

-အခုအနုပညာအလုပ်တွေကြိုကြားကြိုကြားပြန်လုပ်နေတဲ့အပေါ် ကိုလင်းကရော ခွင့်ပြုလား။

ကိုကိုကတော့ စွက်ဖက်တာတို့၊ ခွင့်မပြုတာတို့ကို အရင်ကတည်းက သိပ်မလုပ်တတ်ဘူး။ ဒါပေမဲ့ ကိုကိုက အမှန်အတိုင်းပြောရရင်တော့ သူမလုပ်စေချင်ဘူးပေါ့နော်။ မလုပ်စေချင်ဘူးဆိုတာ ပင်ပန်းမှာစိုးတာ မမကိုနားစေချင်တယ်။ ဒါပေမဲ့လဲ ကိုကို့ကိုမမက နားလည်အောင်ပြောပြတယ်လေ။ မမအလုပ်လေးလုပ်တော့လဲ စိတ်ဓာတ်ကလေးက လန်းဆန်းတယ်။ တက်ကြွတယ်။ ပြီးတော့ လှုပ်လှုပ်ရှားရှားလေးလဲ အနည်းငယ်ဖြစ်တယ်။ အိမ်မှာကြီးပဲအရှေ့နှစ်လတုန်းကဆို အိပ်ရာထဲကို လဲနေတာလေ။ အစားအသောက်လဲစားလို့မကောင်း လူက မူးပြီးတော့ လှဲနေရတာဆိုတော့ အခုနောက်ပိုင်းနည်းနည်းလေးနေလို့ကောင်းလာတဲ့အချိန်လေးမှာ ကိုယ်ဝန်လရင့်တဲ့အချိန် ရှစ်လကိုးလဆိုမမနားမှာပါ။ အခုကြားထဲမှာတော့ မမလက်စသတ်ပေးစရာရှိတာလေးတွေ၊ အသစ်လက်ခံစရာလေးတွေပေါ့ပေါ့ပါးပါးလေးတွေ လုပ်တယ်။ နောက်တစ်ခုမမကံကောင်းတာက မမနဲ့လက်တွဲလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကစီးပွားရေးသဘောဆိုတာထက် မိသားစုလိုသဘောထားတယ်။ မမကိုယ်ဝန်ရှိတာသိတော့ ဂရုစိုက်ကြတယ်။ လုပ်ငန်းခွင်မှာလဲ အရမ်းအဆင်ပြေတယ်။ သက်သက်သာသာ လုပ်နိုင်အောင်အရာရာကိုဂရုစိုက်ပေးကြတယ်။ အားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ ကိုကိုလဲကြည်ဖြူပါတယ်ပေါ့။ အဓိက ကိုကိုကတော့ မမ မပင်ပန်းဘူး။ စိတ်သက်တောင့်သက်သာရှိတယ်။ မမပျော်ပျော်ရွှင်ရွှင်ဆိုရင်တော့ သူမတားဘူး။ ကိုကိုကစိတ်ပူတာပဲရှိတာပါ။ မလုပ်စေချင်တာတော့မရှိပါဘူး။ မမကလဲရက်ဆက်တိုက်မလုပ်ပါဘူး။ ကြားရက်ထားပြီး လုပ်ပါတယ်။ တစ်နေကုန်လဲမလုပ်ဘူး။ အချိန်အနေတော်လောက်ပဲလုုပ်တယ်။ အကုန်လုံးညှိညှိနှိုင်းနှိုင်းလုပ်လို့ရတဲ့သူတွေနဲ့ပဲလုပ်တဲ့အတွက်အရမ်းအဆင်ပြေပါတယ်။

-ကိုလင်းကရော မမကိုအရင်ကထက်အချိန်ပိုပေးလာတာမျိုးတွေရှိမလား။

ကိုကိုက အရင်ကတည်းက မမတို့အိမ်ထောင်စကျပြီးကတည်းက အပြင်သိပ်မထွက်တတ်တဲ့သူပေါ့။ သူကအိမ်မှာပဲ စာအုပ်ဖတ်မယ်။ သီချင်းလုပ်မယ်။ သူတီဗီကြည့်မယ်။ ရုပ်ရှင်ကြည့်မယ်။ အိမ်မှာနေတဲ့သူမျိုးဆိုတော့ ထူးခြားပြီးအိမ်မှာပိုနေလာတာမျိုးမရှိဘူး။ ဒါပေမဲ့ မမကိုယ်ဝန်မရှိခင်မှာ ကိုကိုက လမ်းကြောင်းလိုက်တာရယ်၊ အမေစုနဲ့နေပြည်တော်ပါသွားတာကတစ်နှစ်နီးပါးကြာသွားတာကိုး။ အဲ့ဒီကြားထဲမှာ အဲ့ဒီလိုသွားနေရတာမျိုးဆိုရင်တော့ ကိုကိုက တစ်ပတ်တစ်ခါမျိုး၊ နှစ်ပတ်တစ်ခါမျိုးလောက်ပဲပြန်လာရတာကိုး။ အဲ့ဒီလိုအချိန်လောက်ပဲ မမတို့တွေ့ရတယ်။ ဒီနောက်ပိုင်းကတော့ အရင်တိုင်းပဲပြန်ဖြစ်သွားတာပေါ့။ ကျန်တာကတော့ ကိုကိုကဘာဖြစ်ဖြစ်စိုးရိမ်တတ်တော့လေ။ ပစ္စည်းကျသွားလို့ကုန်းကောက်မယ်ဆိုရင်လဲ သူကမကုန်းနဲ့၊ မလိမ်နဲ့၊ မလှည့်နဲ့ဆိုပြီးအရာရာဘေးနားကနေ ဂရုတစိုက်လေးတော့သတိပေးရှာတယ်။ မမစားချင်တဲ့ အသီးတွေဘာညာဆိုရင်လဲ အပြင်ထွက်ပြီးပြန်လာရင်မုန့်တွေဝယ်လာတာမျိုး၊ တခါတလေ ကိုကိုအိမ်မှာရှိရင်တော့ မမကပိုဇိမ်ကျတာပေါ့လေ။ ကိုကိုက မမကိုမထခိုင်းတော့ဘူး။ စားစရာဆိုရင်မေမေလုပ်ပြီးသွားရင် သူပဲသွားယူပေးအဲ့ဒီတော့ မမက ကံကောင်းတယ်ပြောရမှာပေါ့လေ။ မေမေကလဲဂရုစိုက်တယ်။ ကိုကိုကလဲဂရုစိုက်ရှာတယ်။ ဒီကာလလေးဟာကိုယ်ဝန်ရှိလို့မအီမသာလေးဖြစ်ပေမဲ့ဇိမ်ကျပါတယ်။

-မမတို့နှစ်ယောက်အတွက်ဘာလေးရရင်ပိုပြီးအဆင်ပြေမလဲ။

ဘာလေးဖြစ်ဖြစ်ပါ။ ကိုယ့်သားသမီးဆိုတော့လေ။ မမရောကိုကိုရောပျော်တယ်။ အရေးကြီးတာက စိတ်ကောင်းနှလုံးကောင်းရှိပြီးဘုရားကိုသိတဲ့ဘုရားကိုချစ်တဲ့သားသမီးတွေမွေးဖို့ပဲအရေးကြီးတာလေ။ ကျန်တာကတော့ မိန်းကလေးပဲဖြစ်ဖြစ်ယောကျာ်းလေးပဲဖြစ်ဖြစ်မရှိပါဘူး။

-သီချင်းတွေရောလုပ်ဖြစ်နေသေးလား။

မမအခွေက၁၂ပုဒ်ပြီးနေပြီ။ ဒါပေမဲ့မမသွားချင်တဲ့ Trend လေးကအမြန်လေးတွေထည့်ချင်တယ်ဆိုတော့ အခုအမြန်ကနှစ်ပုဒ်သုံးပုဒ်ပဲပါသေးတော့ အမြန်လေးတွေထပ်ထည့်ပြီး နှေးတဲ့အပုဒ်လေးတွေကိုတော့ နောက်အခွေအတွက်ခဏလေးဖယ်ထားပေါ့။ ၁၂ပုဒ်ကတော့ပြီးပြီ။ အပုဒ်နှစ်ဆယ်လောက်ဆိုတော့ ကျန်တဲ့ငါးပုဒ်၊ ခြောက်ပုဒ်လောက်ကို ဘော်ဒီတည်ဖို့စောင့်နေတယ်။ ဒီအရှေ့နှစ်လကတော့ မမမောမောနေတဲ့အတွက်ဆိုရတာသိပ်အဆင်မပြေလို့စတူဒီယိုဒိတ်မယူဖြစ်ဘူး။ ဒီသြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလောက်တော့ ပြန်လှုပ်ရှားဖို့ရှိပါတယ်။

-ကိုလင်းရောသီချင်းတွေလုပ်ဖြစ်သေးလား။

သူကတော့ဗိုလ်ချုပ်အတွက်စုဆောင်းတာတွေလုပ်နေတဲ့အပြင် တစ်ကိုယ်တော်ရှိုးတွေအတွက်ပြင်ဆင်နေတယ်။ လုပ်နေတယ်။ ကိုကိုလဲအနုပညာအလုပ်တွေကို တစ်နှစ်နီးပါးလောက်ဝေးသွားသလိုဖြစ်တာကိုး။ အခုတော့ သူအခွေအတွက်ရောအားလုံးအတွက်လုပ်နေတယ်။ တခြားဟာကမမအခွေလေးလုပ်နေတယ်။ ပြီးတော့နေဝအခွေလေးလုပ်နေတယ်။ ပြီးတော့ကိုကိုကဟိုတခါအနုပညာရှင်လူငယ်တွေကိုရွေးထားတဲ့ကိုယ်ပိုင်စပ်ပေါင်းစုပေါင်းကလေးတွေသူတို့ကိုလုပ်ပေးနေတယ်။ ကိုကို့ရည်ရွယ်ချက်ကကိုကိုလဲငယ်ငယ်ကလမ်းစလေးတစ်ခုကိုအရမ်းမျှော်တယ်။ အဲ့ဒီတော့ဘာရည်ရွယ်ချက်မှမပါတဲ့ စေတနာသီးသန့်နဲ့သူဖြတ်သန်းခဲ့ရတဲ့အချိန်တွေတုန်းကလိုဘဝတူတကယ့်အနုပညာကိုချစ်တဲ့ကလေးတွေကိုသူမြေတောင်မြှောက်ပေးချင်တယ်။ အဲ့ဒီအတွက်သူဒီအခွေလေးကိုလုပ်နေတယ်။ ကိုကိုကတော့ အလုပ်တွေရှုပ်နေကြတာပေါ့။

-မမကိုဆိုအားလုံးက အိမ်ထောင်ရေးကံကောင်းတယ်။ အမြဲစိတ်ချမ်းသာနေပြုံးပျော်ရွှင်နေတာကိုတွေ့ရတယ်ပေါ့။ အခုဆိုလဲရင်သွေးလေးကအမွှာလေးဆိုတော့ ပိုလို့တောင်ပျော်ဖို့ကောင်းသွားတယ်ပေါ့။ အဲ့ဒီလိုဝိုင်းဝန်းခံစားပေးတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

မမရဲ့ဘဝနေထိုင်မှုလေးကြောင့်သူတို့တွေကူးစက်ပြီးပျော်ရတယ်ဆိုရင် မမလဲပျော်ပါတယ်လို့။ လူတွေကိုစိတ်ချမ်းသာပျော်ရွှင်အောင်လုပ်နိုင်တယ်ဆိုတော့ပျော်တာပေါ့လေ။ အိမ်ထောင်ရေးကလဲတကယ်တော့ကံပါပဲ။ မမကတော့ရှေ့တွေကိုဘယ်တော့မှကြိုမပြောဘူး။ ဒါတွေကမမတို့မမြင်ရတဲ့အရာတွေလေ။ ဒါပေမဲ့မမဖြတ်သန်းခဲ့တဲ့တစ်လျှောက်လုံးမှာတော့ အခုချိန်ထိမမကစိတ်အနှောင့်အယှက်ကင်းကင်းလေးနဲ့အေးအေးချမ်းချမ်းလေးပျော်ပျော်မွေ့မွေ့လေးဟန်ချက်ညီညီလေးသွားနေနိုင်တုန်းပဲလေ။ ဘုရားကျေးဇူးလဲပါသလို၊ မမတို့နှစ်ဖက်မိဘတွေရဲ့ကျေးဇူးလဲပါသလို ပရိသတ်တွေပို့သတဲ့မေတ္တာကြောင့်လဲပါတယ်။

-ကိုယ်တိုင်က ကလေးချစ်တတ်တဲ့သူဆိုတော့ ကိုယ်ဝန်ရှိမှန်းသိလိုက်ရတဲ့အချိန်မှာအမွှာပူးလေးဆိုတော့ ဘယ်လိုပီတိဖြစ်မိလဲ။

မိခင်တိုင်းဖြစ်တဲ့စိတ်ခံစားမှုပါပဲ။ မိခင်တိုင်းပျော်သလိုမမလဲပျော်တယ်။ ဒါပေမဲ့မမကစိတ်ပူတတ်တယ်။ မမက ကလေးလဲအရမ်းချစ်တယ်။ သူများကလေးတောင်ပူတတ်တယ်။ ကိုယ့်ကလေးဆိုတော့ ပိုပူတာပေါ့။ ညဖက်ဆိုဗိုက်ကလေးကိုကိုင်ပြီး ဒီအချိန်ကဘာမှတော့မလှုပ်သေးပါဘူး။ ဒါပေမဲ့လှုပ်နေသလိုလို၊ မလှုပ်နေသလိုလို ဗိုက်ကမကြီးလာတာလား။ပိုပြီးတော့မဝလာတာလား။ အဲ့ဒီလိုမျိုးစုံတွေးပြီး လျှောက်ပြောနေတာ အဲ့ဒါကို ကိုကိုကလေဘေးနားကနေမမကို စုံနေအောင်ဖြေသိ့မ်နေရတယ်။ မမကစိတ်အရမ်းပူတတ်တော့လေ။

-ကလေးလေးမွေးလာတဲ့အခါ ချစ်ဖို့ကောင်းနေအောင် ချစ်စရာကောင်းတဲ့ပုံတွေကြည့်တာမျိုး ကိုယ်နဲ့နီးစပ်တဲ့နေရာတွေမှာထားထားတာမျိုးရောလုပ်ဖြစ်လား။

မမကတော့ အဲ့ဒီအယူအဆတွေကိုသိပ်တော့ အယူမရှိဘူး။ ကျန်းမာရေးနဲ့ဆိုင်တဲ့အယူအဆတွေကိုတော့လုပ်တယ်။ မမရဲ့ယုံကြည်ချက်ပေါ့။ အဖေ နဲ့ အမေ နဲ့ပေါင်းပြီးတော့ ဖြစ်လာတဲ့ကလေးဟာ ဘုရားပေးတဲ့အတိုင်းဖြစ်လာမှာပဲလေ။ ချောတာကြည့်တိုင်းချောကြေးဆို ၊ ဥပမာ နွားနို့သောက်တိုင်းသာ အသားဖြူကြေးဆိုပေါ့နော်။ ကိုကိုကတောင်နောက်နေသေးတယ်။ မမကဒီအတောအတွင်းကျောက်ကျောစားတယ်။ ပုန်းရည်ကြီးတွေကို ဆီလေးနဲ့စားတယ်ဆိုတော့။ သဲသဲရယ် စားတာကလဲ အမဲတွေချည်းဆိုတော့ ကိုကိုကတောင်နောက်နေတယ်။ ဥပမာနွားနို့ဆိုရင်ကလေးအရိုးအဆစ်သန်မာဖို့အတွက်သောက်တယ်။ ကျန်တဲ့မျက်နှာလှဖို့ပုံကြည့်တာဘာညာတော့မကြည့်ဖြစ်ဘူး။ အထိတ်တလန့်ရုပ်ရှင်တွေရှောင်တယ်။

-ပရိသတ်တွေအတွက်ရော ဘာများပြောချင်သေးလဲ။

မမအနုပညာဖြတ်သန်းခဲ့တာဆိုရင် မမအသက် ၁၆ နှစ်မတိုင်ခင်ကတည်းက ဒါပေမဲ့မမက တောက်လျှောက်မလုပ်နိုင်ဘူး။ ဆေးကျောင်းတက်လို့နားလိုက်၊ အနုပညာပြန်လုပ်လိုက် စိပ်မနေဘူး။ ခပ်ကျဲကျဲသွားခဲ့တာကိုး။ မမရဲ့ဘဝလမ်းကြောင်းတွေအရပေါ့။ ဒါပေမဲ့ထူးဆန်းတာတစ်ခုက မမပရိသတ်တွေက မမကို တစ်ခုဆိုတစ်ခုလေးမြင်ရုံနဲ့ချစ်ကြအားပေးကြတယ်။ ဥပမာ မမဆေးကျောင်းမှာ ဟောက်စ်ဆင်းတော့ တစ်နှစ်ခွဲလောက်ဘာမှမလုပ်ပဲနေလိုက်ပြီးတော့ အနုပညာအလုပ်လေးတစ်ခုလောက်ပြန်လုပ်ရင်ကို အားပေးနေဆဲ ဂရုတစိုက်ရှိနေကြဆဲ ချစ်နေဆဲဆိုတော့ ဒီ၁၅ နှစ်ကျော်အထိလဲ ချစ်ကြတယ်။ မေတ္တာပေးကြတယ်။ အပေါ်ယံသဘောမပါပဲ မမကောင်းဖို့အတွက်ကိုစိတ်လိုလက်ရလေးဆုတောင်းပေးကြတယ်။ အဲ့ဒီအတွက်မမပရိသတ်ကြီးကို အရမ်းလဲချစ်ပါတယ်။ အရမ်းလဲကျေးဇူးတင်ပါတယ်။ မမအတွက်တော့ မမမိသားစု၊ မမမိတ်ဆွေနဲ့မမပရိသတ်တွေကဘုရားပေးတဲ့ဆုပါပဲလို့ပြောချင်ပါတယ်။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top