iMyanmarHouse.com - Best Property Website for Myanmar
×

ကဲ အမ်ိဳးသမီးေတြ ကိုယ့္ကိုုကိုယ္ အရူးမလုပ္ၾကပါနဲ႕ေတာ့။ တကယ္လို႕ သင္ဟာ တစ္ကိုယ္တည္းသမားဆုိရင္ ကိုယ့္ကိုကုိယ္ ဒီအရာေလးေတြ အျမဲ သတိေပးေနဖုိ႕ လိုပါတယ္။

(၁) အခ်စ္ဆုိတာ တကယ္ရွိပါတယ္။ ျပီးေတာ့ တကယ္ကို ခ်စ္တတ္ျပီး သစၥာရွိတဲ့ ေယာက်ၤားေတြလည္း တကယ္ရွိပါတယ္။ (သင္ဘယ္ႏွစ္ခါ အသည္းကြဲခဲ့ကြဲခဲ့ ဒီအခ်က္ကိုေတာ့ သင္လ်စ္လ်ဴမရႈပါနဲ႕)

(၂) သင္ဟာ ေပ်ာ္ရႊင္ႏိုင္ပါေသးတယ္။ ျပီးေတာ့ သင့္ကိုယ္ပုိင္ေပ်ာ္ရႊင္မႈကို အျမဲရွာေဖြႏိုင္တယ္ဆုိတာ သိပါ။

(၃) အမ်ိဳးသားတစ္ေယာက္က သင့္ကိုစိတ္၀င္စားတဲ့ပံု၊ သိပ္ခ်စ္တဲ့ပံုမျပရင္၊ တကယ္လည္းသင့္ကို စိတ္မ၀င္စားလို႕၊ မခ်စ္လုိ႕ပါပဲ။

သူတုိ႕ေတြဟာ အမ်ိဳးသမီးေတြ သတိထားသင့္တဲ့ အေရးၾကီးတဲ့အရာေတြလုိ႕ ယူဆင္ရင္ သင့္အေနနဲ႕ နံပါတ္(၃) အခ်က္ကို အျမဲဦးေႏွာက္ထဲ စြဲျမဲထားပါ။ ဘာလုိ႕ဒါကိုေျပာရသလဲဆုိေတာ့ မိန္းကေလးေတြဟာ ကိုယ့္ကိုမခ်စ္တဲ့ သူေတြကို သိပ္စြဲလန္းတတ္တာေၾကာင့္ပါပဲ။

တစ္ခါတစ္ေလ သူကိုယ့္ကိုခ်စ္လာမွာပါ ဆုိတဲ့ မေမ်ွာ္လင့္သင့္တဲ့ ေမ်ွာ္လင့္ခ်က္မ်ိဳးလည္း အမ်ိဳးသမီးေတြက ထားတတ္ျပန္ပါတယ္။ ဒီေမ်ွာ္လင့္ခ်က္ေတြဟာ ေနာက္ဆံုးမွာ ကိုယ့္ကိုအထီးက်န္ေစမယ့္ အရာေတြဆုိတာ သိသိလ်က္နဲ႕ လ်စ္လ်ဴမရႈသင့္ပါဘူး။

တစ္ခ်ိဳ႕အမ်ိဳးသမီးက်ေတာ့လည္း ကိုယ့္ကိုလံုး၀မခ်စ္တာထက္ စာရင္ နည္းနည္းခ်စ္တာ ေကာင္းပါတယ္ဆုိတ့ဲ အေတြးမ်ိဳးေတြနဲ႕ ေနထုိင္ေနတတ္ျပန္ပါတယ္။ ကိုယ့္ကုိနည္းနည္း အမႊန္းတင္တာေလးနဲ႕တင္ ေပ်ာ္ေနတတ္တဲ့ သူေတြအတြက္ သင္ဟာ အဲ့ဒီလို တျခားတစ္ေယာက္က အမႊန္းတင္ေနမွ အဆင္ေျပေျပေနတတ္တဲသူ မျဖစ္ပါေစနဲ႕လို႕ သတိေပးခ်င္ပါတယ္။

ဒါ့ေၾကာင့္ သူသင့္ကို ဘယ္လိုဆက္ဆံသလဲဆုိတာကို ေသခ်ာေတြးျပီး ကိုယ့္ကိုကုိယ္ နာက်င္ေအာင္ မလုပ္ဖုိ႕ ေစာစီးစြာ တားျမစ္ခ်င္ပါတယ္။ သင္နဲ႕စစေတြ႕ျပီးကတည္းက သင့္ကို ဆက္တုိက္သူက message ေတြပို႕မယ္၊ ဒိတ္လုပ္ခ်င္တဲ့ အေၾကာင္း ဖြင့္ဟလာမယ္ဆုိရင္ ဒါသင့္အတြက္ ေကာင္းတဲ့အခ်က္လို႕ ဆုိႏိုင္ပါတယ္။

ဒါေပမယ့္ သူက စာတုိေလးေတြ ပို႕တာကလြဲျပီး သင္နဲ႕အျပင္မွာေတြ႕ဖုိ႕လည္း မၾကိဳးစားဘူး။ ၾကိဳးစားသည့္တုိင္ေအာင္ တစ္ပတ္ကို တစ္ခါေတာင္ မနည္း အခ်ိန္ေပးေနရမယ္။ သူအလုပ္ေတြ ဘယ္ေလာက္ရႈပ္ေၾကာင္း ေျပာျပီး သင္ခ်ိန္းတုိင္း ျငင္းေနမယ္ဆုိရင္ေတာ့ ဒီလူကို စဥ္းစားမေနပါနဲ႕ေတာ့။ အမ်ိဳးသားေတြဟာ သူတုိ႕တကယ္ခ်စ္ျမတ္ႏိုးတဲ့ အမ်ိဳးသမီးေတြအတြက္ အရမ္းအလုပ္ရႈပ္ေနသည့္တုိင္ေအာင္ အခ်ိန္ေပးျပီး ေတြ႕တတ္ၾကပါတယ္။

ေနာက္တစ္ခ်က္က သူက သင့္ကို သူ႕ငယ္ခ်င္းေတြနဲ႕ ဘယ္ေတာ့မွ ေပးမေတြ႕သလို သူ႕မိသားစုနဲ႕လည္း ေပးမေတြ႕ဘူးဆုိရင္ ဒါဟာလည္း သင္သူ႕ကို သံသယ၀င္သင့္တဲ့ အခ်က္ပါပဲ။ ဒါေတြအားလံုးဟာ သင့္အေပၚ သူတကယ္စိတ္မ၀င္စားလုိ႕သာ ျဖစ္ပါတယ္။  သူသာ သင့္အေပၚ တကယ္စိတ္၀င္စားတယ္၊ သင့္ကို ခ်စ္ျမတ္ႏိုးတယ္ဆုိရင္ ေယာက်ၤားဆိုတဲ့လူမ်ိဳးေတြက သင့္ေရွ႕က ေတာင္ေတြကိုလည္း သင္လိုရာ ေရႊ႔ႏိုင္ျပီး သင္လိုခ်င္တဲ့ ၾကယ္ကိုေတာင္ ဆြတ္ခူးေပးႏိုင္တဲ့ လူမ်ိဳးေတြပါ။


Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



#Unicode Version


ကဲ အမျိုးသမီးတွေ ကိုယ့်ကိုုကိုယ် အရူးမလုပ်ကြပါနဲ့တော့။ တကယ်လို့ သင်ဟာ တစ်ကိုယ်တည်းသမားဆိုရင် ကိုယ့်ကိုကိုယ် ဒီအရာလေးတွေ အမြဲ သတိပေးနေဖို့ လိုပါတယ်။

(၁) အချစ်ဆိုတာ တကယ်ရှိပါတယ်။ ပြီးတော့ တကယ်ကို ချစ်တတ်ပြီး သစ္စာရှိတဲ့ ယောကျၤားတွေလည်း တကယ်ရှိပါတယ်။ (သင်ဘယ်နှစ်ခါ အသည်းကွဲခဲ့ကွဲခဲ့ ဒီအချက်ကိုတော့ သင်လျစ်လျူမရှုပါနဲ့)

(၂) သင်ဟာ ပျော်ရွှင်နိုင်ပါသေးတယ်။ ပြီးတော့ သင့်ကိုယ်ပိုင်ပျော်ရွှင်မှုကို အမြဲရှာဖွေနိုင်တယ်ဆိုတာ သိပါ။

(၃) အမျိုးသားတစ်ယောက်က သင့်ကိုစိတ်ဝင်စားတဲ့ပုံ၊ သိပ်ချစ်တဲ့ပုံမပြရင်၊ တကယ်လည်းသင့်ကို စိတ်မဝင်စားလို့၊ မချစ်လို့ပါပဲ။

သူတို့တွေဟာ အမျိုးသမီးတွေ သတိထားသင့်တဲ့ အရေးကြီးတဲ့အရာတွေလို့ ယူဆင်ရင် သင့်အနေနဲ့ နံပါတ်(၃) အချက်ကို အမြဲဦးနှောက်ထဲ စွဲမြဲထားပါ။ ဘာလို့ဒါကိုပြောရသလဲဆိုတော့ မိန်းကလေးတွေဟာ ကိုယ့်ကိုမချစ်တဲ့ သူတွေကို သိပ်စွဲလန်းတတ်တာကြောင့်ပါပဲ။

တစ်ခါတစ်လေ သူကိုယ့်ကိုချစ်လာမှာပါ ဆိုတဲ့ မမျှော်လင့်သင့်တဲ့ မျှော်လင့်ချက်မျိုးလည်း အမျိုးသမီးတွေက ထားတတ်ပြန်ပါတယ်။ ဒီမျှော်လင့်ချက်တွေဟာ နောက်ဆုံးမှာ ကိုယ့်ကိုအထီးကျန်စေမယ့် အရာတွေဆိုတာ သိသိလျက်နဲ့ လျစ်လျူမရှုသင့်ပါဘူး။

တစ်ချို့အမျိုးသမီးကျတော့လည်း ကိုယ့်ကိုလုံးဝမချစ်တာထက် စာရင် နည်းနည်းချစ်တာ ကောင်းပါတယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ နေထိုင်နေတတ်ပြန်ပါတယ်။ ကိုယ့်ကိုနည်းနည်း အမွှန်းတင်တာလေးနဲ့တင် ပျော်နေတတ်တဲ့ သူတွေအတွက် သင်ဟာ အဲ့ဒီလို တခြားတစ်ယောက်က အမွှန်းတင်နေမှ အဆင်ပြေပြေနေတတ်တဲသူ မဖြစ်ပါစေနဲ့လို့ သတိပေးချင်ပါတယ်။

ဒါ့ကြောင့် သူသင့်ကို ဘယ်လိုဆက်ဆံသလဲဆိုတာကို သေချာတွေးပြီး ကိုယ့်ကိုကိုယ် နာကျင်အောင် မလုပ်ဖို့ စောစီးစွာ တားမြစ်ချင်ပါတယ်။ သင်နဲ့စစတွေ့ပြီးကတည်းက သင့်ကို ဆက်တိုက်သူက message တွေပို့မယ်၊ ဒိတ်လုပ်ချင်တဲ့ အကြောင်း ဖွင့်ဟလာမယ်ဆိုရင် ဒါသင့်အတွက် ကောင်းတဲ့အချက်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် သူက စာတိုလေးတွေ ပို့တာကလွဲပြီး သင်နဲ့အပြင်မှာတွေ့ဖို့လည်း မကြိုးစားဘူး။ ကြိုးစားသည့်တိုင်အောင် တစ်ပတ်ကို တစ်ခါတောင် မနည်း အချိန်ပေးနေရမယ်။ သူအလုပ်တွေ ဘယ်လောက်ရှုပ်ကြောင်း ပြောပြီး သင်ချိန်းတိုင်း ငြင်းနေမယ်ဆိုရင်တော့ ဒီလူကို စဉ်းစားမနေပါနဲ့တော့။ အမျိုးသားတွေဟာ သူတို့တကယ်ချစ်မြတ်နိုးတဲ့ အမျိုးသမီးတွေအတွက် အရမ်းအလုပ်ရှုပ်နေသည့်တိုင်အောင် အချိန်ပေးပြီး တွေ့တတ်ကြပါတယ်။

နောက်တစ်ချက်က သူက သင့်ကို သူ့ငယ်ချင်းတွေနဲ့ ဘယ်တော့မှ ပေးမတွေ့သလို သူ့မိသားစုနဲ့လည်း ပေးမတွေ့ဘူးဆိုရင် ဒါဟာလည်း သင်သူ့ကို သံသယဝင်သင့်တဲ့ အချက်ပါပဲ။ ဒါတွေအားလုံးဟာ သင့်အပေါ် သူတကယ်စိတ်မဝင်စားလို့သာ ဖြစ်ပါတယ်။  သူသာ သင့်အပေါ် တကယ်စိတ်ဝင်စားတယ်၊ သင့်ကို ချစ်မြတ်နိုးတယ်ဆိုရင် ယောကျၤားဆိုတဲ့လူမျိုးတွေက သင့်ရှေ့က တောင်တွေကိုလည်း သင်လိုရာ ရွှေ့နိုင်ပြီး သင်လိုချင်တဲ့ ကြယ်ကိုတောင် ဆွတ်ခူးပေးနိုင်တဲ့ လူမျိုးတွေပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top