iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္သားကို မီးအပူေျဖာင့္ စက္နဲ႔ စက္ဆဲြျပီး ေျဖာင့္ေဆး သံုးကာ ေျဖာင့္လိုက္ မယ္ဆိုရင္ ဘယ္ေလာကပဲ ေကာက္သား ရိွတဲ့ ဆံပင္သား ျဖစ္ပါေစ ေျဖာင့္စင္းျပီး လွပသြား တတ္ၾကတယ္။

ဆံပင္သားေျဖာင့္စင္း လွပေန တာဟာ အမို်းသမီးေတြသာမက အမို်းသားေတြပါ နွစ္သက္တတ္ၾကတယ္။ ဆံပင္သားေျဖာင့္ ခ်င္ၾကတဲ့ သူေတြက အေၾကာင္းျပခ်က္ မ်ိဳးစံု ရိွၾကတယ္။ ပင္ကို ေကာက္သား ရိွတဲ့သူေတြ၊ ဆံပင္သားက ေျဖာင့္စင္း မေနဘဲ ပင္ကို ဆံပင္သား လိႈင္းတြန့္ပါသူေတြ၊ ဆံသား ၾကမ္းတမ္းတဲ့ သူေတြနဲ့ ဆံပင္ေျဖာင့္ စင္းေနတာကို သေဘာက် နွစ္သက္တဲ့ သူေတြက ဆံပင္သားကို ပိုျပီး လွပေနေအာင္နဲ့ ဆဲြေဆာင္မႈရိွေအာင္ ဆံပင္ေျဖာင့္ တတ္ၾကတယ္။ ဘယ္လို အေၾကာင္းေၾကာင့္ပဲ ဆံပင္ေျဖာင့္ပါေစ။ အဓိကကေတာ့ ကိုယ့္ဆံသားနဲ့ ဦးေရျပားကို မထိခိုက္ေစဘဲလွပဖို့နဲ့ ပံုစံက် သြားေစဖို့လိုပါတယ္။ ဆံပင္ေျဖာင့္တယ္ဆိုရင္ လူအေတာ္မ်ားမ်ားက ဆံပင္တစ္ေခ်ာင္းခ်င္း ေျဖာင္းစင္းေနတာကို သေဘာက် တတ္ၾကျပီး၊ နည္းနည္းေလး ဆံပင္သား သိမ္ေနမယ္၊ ေကြးေနမယ္ဆိုရင္ေတာင္ မၾကိုက္တတ္ၾကဘူး။

ဒါဟာ ဆံပင္ေျဖာင့္တဲ့သူတိုင္း ျဖစ္ခ်င္ၾကတဲ့ ဆနၵ တစ္ခုပါပဲ။ ဆံပင္သား ေျဖာင့္ေတာ့ မယ္ဆိုရင္ ဆံပင္မွာ အလႊာသံုးလႊာ ရိွပါတယ္။ အရမ္းကို ေသးမွ်င္တဲ့ ကြ်န္မတို့ရဲ့ ဆံပင္တစ္ေခ်ာင္းမွာ အလႊာသံုးလႊာ ပါ၀င္ေနတယ္လို့ ဆံပင္နဲ့ ဦးေရျပားဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာၾကား ထားပါတယ္။ ဆံပင္ေျဖာင့္ေတာ့ မယ္ဆိုရင္ ပထမဆံုး ေျဖာင့္ေဆးနဲ့အရင္ ဆံပင္ကိုထိရပါတယ္။ ျပီးရင္ ဆံပင္ေျဖာင့္တာပိုျပီး ပံုစံက်ေစဖို့ အတြက္ ေျဖာင့္စက္ကို အပူဆံုး အဆင့္ေပးျပီး ဆံပင္ကို စက္ဆဲြပါေတာ့တယ္။ ဒီအခိ်န္မွာ ဆံပင္ရဲ့ အလႊာသံုးလႊာထဲက ေနာက္ဆံုး အလႊာအထိ မီးအပူနဲ့ ေဆးေတြေရာက္ရိွသြားမယ္ ဆိုရင္ေတာ့ ဆံပင္သားဟာပင္ကိုမူလ သင့္ဆံပင္သားလို မဟုတ္ေတာ့ဘဲ။ အရမ္းကို ေျဖာင့္စင္းေနတဲ့ ဆံပင္သား ျဖစ္သြား ပါေတာ့တယ္။ ဒါကိုဆံပင္ေျဖာင့္တဲ့သူေတြက အရမ္းကို သေဘာက်တတ္ ၾကပါတယ္။

ဆံပင္ေျဖာင့္ ထားတဲ့ အပိုင္းဟာ ဦးေရျပားက ဆံပင္သား ေပါက္လာ ေလေလ၊ အဖ်ားပိုင္းက ဆံပင္သားရဲ့ အေလးခိ်န္နဲ့ အိက် လာေလေလ ျဖစ္တာေၾကာင့္ ၾကာလာတဲ့အခါမွာ ဆံပင္ထိပ္ပိုင္းက ေျပာင္လာ ပါေတာ့တယ္။ ဦးေရျပားကေန ထြက္တဲ့ဆံပင္ဟာလည္း တျဖည္းျဖည္း ပံုစံေျပာင္းလာပါေတာ့တယ္။ ပင္ကိုဆံပင္သားကို ျပန္မရေတာ့ဘဲ တျဖည္းျဖည္းနဲ့ ဆံပင္က ပါးလာျပီး ဦးေရျပားကိုျမင္ရတဲ့ အထိ ျဖစ္လာပါေတာ့တယ္။ဒါကို ဦးေရျပားမာသြားတယ္လို့ေခၚပါတယ္။ ဒီလိုအေျခအေနမွာ ဆံပင္ေပါက္တာလည္း ေနွးလာ တတ္ပါတယ္။ ဆံပင္ေျဖာင့္တဲ့ သူပဲျဖစ္ျဖစ္၊ ေကာက္တဲ့သူပဲျဖစ္ျဖစ္ အလွအပကို စိတ္၀င္စားတဲ့ သူတိုင္းဟာ ပံုစံ တစ္မို်းတည္းကို စိတ္မ၀င္စားဘဲ အမို်းမို်း စိတ္ရဲ့ အလွအပ ပံုစံ ဖန္တီးမႈကို လိုက္ျပီး ေျပာင္းလဲ ေနတတ္ၾကပါတယ္။

ဒါေၾကာင့္ ဒီေန့ဆံပင္ ေျဖာင့္ျပီးေပမယ့္ ေနာက္ေန့ ဆံပင္ေကာက္ခ်င္ရင္ ေကာက္ခ်င္ တတ္ၾက ပါတယ္။ ဒါေၾကာင့္ ဆံပင္ေျဖာင့္မယ္ဆိုရင္ ဦးေရျပားကို အရမ္းကပ္ျပီး ေျဖာင့္တာမို်းကို မလုပ္သင့္ပါဘူး။ ဆံပင္ အလႊာသံုးလြာထဲက ပထမအဆင့္ အလႊာ ေလာက္ကိုပဲ ဆံပင္ေျဖာင့္ေဆး ၀င္ေအာင္ စက္ဆဲြေပးသင့္ပါတယ္။ ဒါမွ ေနာက္ထပ္ဘယ္လို ဆံပင္ပံုစံေတြပဲေျပာင္းပါေစ သင့္ဆံပင္နဲ့ ဦးေရျပာကို မထိခိုက္ေစဘဲ လွပတဲ့ ဆံပင္ စတိုင္ေတြကို ေနာက္ထပ္ ဖန္တီးနိုင္မွာ ျဖစ္တယ္ဆိုတာကို သေဘာေပါက္ နားလည္ နိုင္ေစဖို့ အတြက္ ဆံပင္နဲ့မိတ္ကပ္ အလွဖန္တီးသူ သင္းပံ့်နြယ္မွ မငယ္ေလးက အၾကံျပဳ ေျပာျပ ေပးထားတာ ေတြကို အလွအပ ေရးရာေတြ စိတ္၀င္စားတဲ့ သူတိုင္းအတြက္ ေရးသား တင္ျပ လိုက္ရပါတယ္။



Credit  : Myawady 

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ဆံပင်သားကို မီးအပူဖြောင့် စက်နဲ့ စက်ဆွဲပြီး ဖြောင့်ဆေး သုံးကာ ဖြောင့်လိုက် မယ်ဆိုရင် ဘယ်လောကပဲ ကောက်သား ရှိတဲ့ ဆံပင်သား ဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွား တတ်ကြတယ်။ ဆံပင်သားဖြောင့်စင်း လှပနေ တာဟာ အမိုျးသမီးတွေသာမက အမိုျးသားတွေပါ နှစ်သက်တတ်ကြတယ်။ ဆံပင်သားဖြောင့် ချင်ကြတဲ့ သူတွေက အကြောင်းပြချက် မျိုးစုံ ရှိကြတယ်။ ပင်ကို ကောက်သား ရှိတဲ့သူတွေ၊ ဆံပင်သားက ဖြောင့်စင်း မနေဘဲ ပင်ကို ဆံပင်သား လှိုင်းတွန့်ပါသူတွေ၊ ဆံသား ကြမ်းတမ်းတဲ့ သူတွေနဲ့ ဆံပင်ဖြောင့် စင်းနေတာကို သဘောကျ နှစ်သက်တဲ့ သူတွေက ဆံပင်သားကို ပိုပြီး လှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့် တတ်ကြတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဆံပင်ဖြောင့်ပါစေ။ အဓိကကတော့ ကိုယ့်ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲလှပဖို့နဲ့ ပုံစံကျ သွားစေဖို့လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော်များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျ တတ်ကြပြီး၊ နည်းနည်းလေး ဆံပင်သား သိမ်နေမယ်၊ ကွေးနေမယ်ဆိုရင်တောင် မကြိုက်တတ်ကြဘူး။ ဒါဟာ ဆံပင်ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒ တစ်ခုပါပဲ။ ဆံပင်သား ဖြောင့်တော့ မယ်ဆိုရင် ဆံပင်မှာ အလွှာသုံးလွှာ ရှိပါတယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာ ပါဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြား ထားပါတယ်။ ဆံပင်ဖြောင့်တော့ မယ်ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့အရင် ဆံပင်ကိုထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာပိုပြီး ပုံစံကျစေဖို့ အတွက် ဖြောင့်စက်ကို အပူဆုံး အဆင့်ပေးပြီး ဆံပင်ကို စက်ဆွဲပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာသုံးလွှာထဲက နောက်ဆုံး အလွှာအထိ မီးအပူနဲ့ ဆေးတွေရောက်ရှိသွားမယ် ဆိုရင်တော့ ဆံပင်သားဟာပင်ကိုမူလ သင့်ဆံပင်သားလို မဟုတ်တော့ဘဲ။ အရမ်းကို ဖြောင့်စင်းနေတဲ့ ဆံပင်သား ဖြစ်သွား ပါတော့တယ်။ ဒါကိုဆံပင်ဖြောင့်တဲ့သူတွေက အရမ်းကို သဘောကျတတ် ကြပါတယ်။ ဆံပင်ဖြောင့် ထားတဲ့ အပိုင်းဟာ ဦးရေပြားက ဆံပင်သား ပေါက်လာ လေလေ၊ အဖျားပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျ လာလေလေ ဖြစ်တာကြောင့် ကြာလာတဲ့အခါမှာ ဆံပင်ထိပ်ပိုင်းက ပြောင်လာ ပါတော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံပြောင်းလာပါတော့တယ်။ ပင်ကိုဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်းဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကိုမြင်ရတဲ့ အထိ ဖြစ်လာပါတော့တယ်။ဒါကို ဦးရေပြားမာသွားတယ်လို့ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆံပင်ပေါက်တာလည်း နှေးလာ တတ်ပါတယ်။ ဆံပင်ဖြောင့်တဲ့ သူပဲဖြစ်ဖြစ်၊ ကောက်တဲ့သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့ သူတိုင်းဟာ ပုံစံ တစ်မိုျးတည်းကို စိတ်မဝင်စားဘဲ အမိုျးမိုျး စိတ်ရဲ့ အလှအပ ပုံစံ ဖန်တီးမှုကို လိုက်ပြီး ပြောင်းလဲ နေတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ဆံပင် ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင် တတ်ကြ ပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာမိုျးကို မလုပ်သင့်ပါဘူး။ ဆံပင် အလွှာသုံးလွာထဲက ပထမအဆင့် အလွှာ လောက်ကိုပဲ ဆံပင်ဖြောင့်ဆေး ဝင်အောင် စက်ဆွဲပေးသင့်ပါတယ်။ ဒါမှ နောက်ထပ်ဘယ်လို ဆံပင်ပုံစံတွေပဲပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေပြာကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင် စတိုင်တွေကို နောက်ထပ် ဖန်တီးနိုင်မှာ ဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည် နိုင်စေဖို့ အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပံျ့နွယ်မှ မငယ်လေးက အကြံပြု ပြောပြ ပေးထားတာ တွေကို အလှအပ ရေးရာတွေ စိတ်ဝင်စားတဲ့ သူတိုင်းအတွက် ရေးသား တင်ပြ လိုက်ရပါတယ်။


Credit  : Myawady



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top