iMyanmarHouse.com - Best Property Website for Myanmar
×

ေလးစားမႈခံခ်င္ရင္ ေလးစားခံရေအာင္ ေနတတ္ရပါတယ္။ အရမ္းဆုိးလြန္းတာလည္း မေကာင္းသလို အရမ္းေကာင္းလြန္းရင္လည္း လူေတြက ကိုယ့္ေခါင္းကို နင္းသြားတတ္ပါတယ္။ အဲဒီထဲမွာ သင့္ခ်စ္သူလည္းပါပါတယ္။

ဒီအခ်က္ေတြထဲကအခ်ဳိ႕ သင့္မွာ ရွိေနၿပီဆုိရင္ သင္ဟာ သင့္ခ်စ္သူရဲ႕ႏိုင္စားျခင္းကို မလြဲမေသြခံရမယ့္သူပါ။

၁။ ျပႆနာေသးေသးေလးေတြကို အသာတၾကည္ခြင့္လႊတ္ေပးျခင္း

ေယာက္်ားတစ္ေယာက္က ေကာင္းေကာင္းမြန္မြန္ဆက္ဆံတာကို လိုခ်င္ရင္ ျပႆနာႀကီးမွ ေျဖရွင္းတာမ်ဳိး မလုပ္သင့္ပါဘူး။ ကိစၥေသးေသးေလးေတြကလည္း အေရးပါပါတယ္။ ဒါေလာက္ေလးေတာ့ ခြင့္လႊတ္ေပးလိုက္ပါ့မယ္ဆုိၿပီ ထားရင္း ထားရင္း တျဖည္းျဖည္း ပိုႀကီးတဲ့ျပႆနာေတြေတြကို သူဖန္တီးလာလိမ့္မယ္။ သင့္ကို လူေတြ ဘယ္လိုဆက္ဆံရမယ္ဆုိတာ သင္ကိုယ္တုိင္သင္ေပးေနတာပါ။

၂။ သူလိုခ်င္သမွ် အကုန္လုိက္လုပ္ေပးျခင္း

သင္မႀကိဳက္တဲ့ဆုိင္ျဖစ္ေပမဲ့ သူႀကိဳက္လုိ႔ သင္လုိက္ထိုင္ေပးတဲ့ ကိစၥေသးေသးေလးက စတာပါပဲ။ ေနာက္ဆံုးေတာ့ သင္ဟာ အရာအားလံုး သူ႔အလုိက်လုပ္ေပးမိၿပီး သင့္ဆႏၵက လံုးဝေပ်ာက္ကြယ္သြားပါလိမ့္မယ္။ အခ်စ္ေရးမွာ ဟန္ခ်က္ညီဖုိ႔ အေရးႀကီးတာမို႔ သင္လိုခ်င္တာကို သင္ေျပာျပဖို႔ လိုပါတယ္။

၃။ အရမ္းေကာင္းလြန္းျခင္း

အရမ္းသေဘာေကာင္းလြန္းသူေတြက အႏုိင္က်င့္ခံရတာ သဘာဝပဲေလ။ သင္ခံစားသမွ်ကို ဖံုးကြယ္ ဟန္လုပ္ျပံဳးၿပီး အရာရာေအာင္းလံုး ေကာင္းျပေနတာ ေကာင္းတယ္လုိ႔ သင္ထင္ေနသလား။ ေနာက္ဆံုးမွာ သင့္ခံစားခ်က္ကို လံုးဝထည့္မတြက္ဘဲ ဘာလုပ္လုပ္ သင္စိတ္မဆုိးဘူးလို႔ သင့္ခ်စ္သူက ယူဆသြားပါလိမ့္မယ္။

၄။ သင့္အတြက္ အေရးပါတဲ့အရာေတြကို သူ႔အတြက္ဆုိ ပယ္ဖ်က္လုိက္ဖို႔ ဝန္မေလးျခင္း

လူတုိင္းမွာ ဘဝအတြက္ အေရးပါတဲ့အရာေတြရွိတဲ့အတြက္ အဲဒီအရာေတြကို အေလးထားသင့္ပါတယ္။ ေယာက္်ားေကာင္းတစ္ေယာက္ဟာ သင့္အလုပ္ကိုယ္သင္ အေကာင္းဆံုးလုပ္ခြင့္ေပးပါလိမ့္မယ္။ သူနဲ႔ ေတြ႕ရဖုိ႔ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားတာကို သင္က ဖ်က္ပစ္လုိက္တာမ်ဳိး သင္လုပ္ေနမယ္ဆုိရင္ သူ႔စိတ္ထဲမွာ သင့္အလုပ္၊ သင့္ဘဝဟာ သူ႔ဘဝေလာက္ အေရးမပါဘူးလုိ႔ ျမင္သြားမွာပါပဲ။

၅။ သူ႔ကို စိန္ေခၚမႈေတြ မေပးျခင္း

ေယာက္်ားတစ္ေယာက္ရဲ႕ စိတ္ဝင္စားမႈကို ရဖုိ႔ဆုိတာ စိန္ေခၚမႈေတြ ရွိဖို႔လိုပါတယ္။ သင့္ရဲ႕ စိတ္ဝင္စားမႈနဲ႔ အခ်စ္ကို ရဖုိ႔ အရမ္းလြယ္တယ္လို႔ သူထင္သြားမယ္ဆုိရင္ သူက သင့္ကို သူပိုင္တယ္လို႔ေတြးၿပီး အေလးမမူဘဲ ေနပါလိမ့္မယ္။

၆။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈနည္းျခင္း

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိသူဟာ ဆြဲေဆာင္မႈနည္းပါတယ္။ သင့္ယံုၾကည္မႈေတြအတြက္ မားမားမတ္မတ္ရင္ဆုိင္ရဲတဲ့ ကိုယ္လုပ္ခ်င္ရာကို ျဖစ္ေအာင္လုပ္တတ္တဲ့ မိန္းကေလးဆုိတာ သူ႔ကို ျပဖို႔ လိုပါတယ္

၅။ သူ႔ကို စိန္ေခၚမႈေတြ မေပးျခင္း

ေယာက္်ားတစ္ေယာက္ရဲ႕ စိတ္ဝင္စားမႈကို ရဖုိ႔ဆုိတာ စိန္ေခၚမႈေတြ ရွိဖို႔လိုပါတယ္။ သင့္ရဲ႕ စိတ္ဝင္စားမႈနဲ႔ အခ်စ္ကို ရဖုိ႔ အရမ္းလြယ္တယ္လို႔ သူထင္သြားမယ္ဆုိရင္ သူက သင့္ကို သူပိုင္တယ္လို႔ေတြးၿပီး အေလးမမူဘဲ ေနပါလိမ့္မယ္။

၆။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈနည္းျခင္း

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိသူဟာ ဆြဲေဆာင္မႈနည္းပါတယ္။ သင့္ယံုၾကည္မႈေတြအတြက္ မားမားမတ္မတ္ရင္ဆုိင္ရဲတဲ့ ကိုယ္လုပ္ခ်င္ရာကို ျဖစ္ေအာင္လုပ္တတ္တဲ့ မိန္းကေလးဆုိတာ သူ႔ကို ျပဖို႔ လိုပါတယ္

Credit: duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လေးစားမှုခံချင်ရင် လေးစားခံရအောင် နေတတ်ရပါတယ်။ အရမ်းဆိုးလွန်းတာလည်း မကောင်းသလို အရမ်းကောင်းလွန်းရင်လည်း လူတွေက ကိုယ့်ခေါင်းကို နင်းသွားတတ်ပါတယ်။ အဲဒီထဲမှာ သင့်ချစ်သူလည်းပါပါတယ်။

ဒီအချက်တွေထဲကအချို့ သင့်မှာ ရှိနေပြီဆိုရင် သင်ဟာ သင့်ချစ်သူရဲ့နိုင်စားခြင်းကို မလွဲမသွေခံရမယ့်သူပါ။

၁။ ပြဿနာသေးသေးလေးတွေကို အသာတကြည်ခွင့်လွှတ်ပေးခြင်း

ယောက်ျားတစ်ယောက်က ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို လိုချင်ရင် ပြဿနာကြီးမှ ဖြေရှင်းတာမျိုး မလုပ်သင့်ပါဘူး။ ကိစ္စသေးသေးလေးတွေကလည်း အရေးပါပါတယ်။ ဒါလောက်လေးတော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်ဆိုပြီ ထားရင်း ထားရင်း တဖြည်းဖြည်း ပိုကြီးတဲ့ပြဿနာတွေတွေကို သူဖန်တီးလာလိမ့်မယ်။ သင့်ကို လူတွေ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ကိုယ်တိုင်သင်ပေးနေတာပါ။

၂။ သူလိုချင်သမျှ အကုန်လိုက်လုပ်ပေးခြင်း

သင်မကြိုက်တဲ့ဆိုင်ဖြစ်ပေမဲ့ သူကြိုက်လို့ သင်လိုက်ထိုင်ပေးတဲ့ ကိစ္စသေးသေးလေးက စတာပါပဲ။ နောက်ဆုံးတော့ သင်ဟာ အရာအားလုံး သူ့အလိုကျလုပ်ပေးမိပြီး သင့်ဆန္ဒက လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ အချစ်ရေးမှာ ဟန်ချက်ညီဖို့ အရေးကြီးတာမို့ သင်လိုချင်တာကို သင်ပြောပြဖို့ လိုပါတယ်။

၃။ အရမ်းကောင်းလွန်းခြင်း

အရမ်းသဘောကောင်းလွန်းသူတွေက အနိုင်ကျင့်ခံရတာ သဘာဝပဲလေ။ သင်ခံစားသမျှကို ဖုံးကွယ် ဟန်လုပ်ပြုံးပြီး အရာရာအောင်းလုံး ကောင်းပြနေတာ ကောင်းတယ်လို့ သင်ထင်နေသလား။ နောက်ဆုံးမှာ သင့်ခံစားချက်ကို လုံးဝထည့်မတွက်ဘဲ ဘာလုပ်လုပ် သင်စိတ်မဆိုးဘူးလို့ သင့်ချစ်သူက ယူဆသွားပါလိမ့်မယ်။

၄။ သင့်အတွက် အရေးပါတဲ့အရာတွေကို သူ့အတွက်ဆို ပယ်ဖျက်လိုက်ဖို့ ဝန်မလေးခြင်း

လူတိုင်းမှာ ဘဝအတွက် အရေးပါတဲ့အရာတွေရှိတဲ့အတွက် အဲဒီအရာတွေကို အလေးထားသင့်ပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဟာ သင့်အလုပ်ကိုယ်သင် အကောင်းဆုံးလုပ်ခွင့်ပေးပါလိမ့်မယ်။ သူနဲ့ တွေ့ရဖို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာကို သင်က ဖျက်ပစ်လိုက်တာမျိုး သင်လုပ်နေမယ်ဆိုရင် သူ့စိတ်ထဲမှာ သင့်အလုပ်၊ သင့်ဘဝဟာ သူ့ဘဝလောက် အရေးမပါဘူးလို့ မြင်သွားမှာပါပဲ။

၅။ သူ့ကို စိန်ခေါ်မှုတွေ မပေးခြင်း

ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ရဖို့ဆိုတာ စိန်ခေါ်မှုတွေ ရှိဖို့လိုပါတယ်။ သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ အချစ်ကို ရဖို့ အရမ်းလွယ်တယ်လို့ သူထင်သွားမယ်ဆိုရင် သူက သင့်ကို သူပိုင်တယ်လို့တွေးပြီး အလေးမမူဘဲ နေပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်း

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူဟာ ဆွဲဆောင်မှုနည်းပါတယ်။ သင့်ယုံကြည်မှုတွေအတွက် မားမားမတ်မတ်ရင်ဆိုင်ရဲတဲ့ ကိုယ်လုပ်ချင်ရာကို ဖြစ်အောင်လုပ်တတ်တဲ့ မိန်းကလေးဆိုတာ သူ့ကို ပြဖို့ လိုပါတယ်

၅။ သူ့ကို စိန်ခေါ်မှုတွေ မပေးခြင်း

ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ရဖို့ဆိုတာ စိန်ခေါ်မှုတွေ ရှိဖို့လိုပါတယ်။ သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ အချစ်ကို ရဖို့ အရမ်းလွယ်တယ်လို့ သူထင်သွားမယ်ဆိုရင် သူက သင့်ကို သူပိုင်တယ်လို့တွေးပြီး အလေးမမူဘဲ နေပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်း

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူဟာ ဆွဲဆောင်မှုနည်းပါတယ်။ သင့်ယုံကြည်မှုတွေအတွက် မားမားမတ်မတ်ရင်ဆိုင်ရဲတဲ့ ကိုယ်လုပ်ချင်ရာကို ဖြစ်အောင်လုပ်တတ်တဲ့ မိန်းကလေးဆိုတာ သူ့ကို ပြဖို့ လိုပါတယ်


Credit: duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top