iMyanmarHouse.com - Best Property Website for Myanmar
×

၁) ယံုၾကည္မူ ကင္းမဲ့ျခင္းကို ခံရမယ္

 မိမိ ပတ္ဝန္းက်င္မွာ ကတိမတည္တဲ့ သူေတြကို ၾကံဳဖူးမွာပါ။

ေပးမယ္ေျပာျပီး မေပးတာ၊ လုပ္မယ္ ေျပာျပီး မလုပ္တာ၊ လာမယ္ ေျပာျပီး မလာတာ - စတာေတြ အားလံုး ကတိ တစ္ခုကို လြယ္လြယ္ေပးျပီး အေလးမထားတဲ့သူေတြ ျဖစ္ပါတယ္။ ထိုသူေတြကို လူေတြက တျဖည္းျဖည္း ယံုၾကည္မႈ ကင္းမဲ့လာပါလိမ့္မယ္။

 ၂) လူေတြရဲ႕ ေရွာင္ရွားမႈကို ခံရလိမ့္မယ္

ကတိေပးျပီး မလုပ္တာကို လူေတြက တစ္ၾကိမ္တစ္ခါေတာ့ ခြင့္လႊတ္ခ်င္ ခြင့္လႊတ္ပါလိမ့္မယ္၊ သို႔ေသာ္ အၾကိမ္ေပါင္းမ်ားစြာ က်ဴးလြန္ခဲ့ရင္ေတာ့ ဘယ္သူမွ မိမိကို ခြင့္လႊတ္ခ်င္မွာ မဟုတ္ေတာ့ပါဘူး။ လူေတြက အေပါင္းအသင္း မလုပ္ဘဲ ေရွာင္းရွားျခင္းကို ခံရပါလိမ့္မယ္။

၃) မိမိအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ နည္းသြားပါျပီ

 မိမိကို လူေတြက ေရွာင္ရွားသည့္ အတြက္ေၾကာင့္ ပတ္ဝန္းက်င္မွ အလုပ္အကိုင္ အခြင့္အလမ္းေတြဟာ မိမိဆီကို ေရာက္လာမွာ မဟုတ္ေတာ့ဘူး။ သူငယ္ခ်င္း၊ မိတ္ေဆြေတြကလည္း မိမိနဲ႔ အလုပ္ အတူတူ တြဲလုပ္ခ်င္မွာလည္း မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ မိမိအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ နည္းသြားပါျပီ။

၄) မိမိကိုယ္ကို အလိုမက်မူေတြနဲ႔ ၾကံဳေတြ႔ရလိမ့္မယ္

လူေတြက မိမိကို ေရွာင္ရွားၾကတယ္၊ အလုပ္အကိုင္ အခြင့္အလမ္းေတြကလည္း နည္းသြားျပီ၊ ယံုၾကည္မူေတြကလည္း ကင္းမဲ့လာေတာ့ မိမိကိုယ္ကို အလိုမက်မူေတြနဲ႔ ၾကံဳေတြ႔လာရျပီေပါ့။ ဒါေၾကာင့္ ကတိဆိုတာ မေပးခ်င္ မေပးပါနဲ႔။ ေပးျပီးသည့္ေနာက္ တည္ပါေစ။

Credit : yoyarlay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁) ယုံကြည်မူ ကင်းမဲ့ခြင်းကို ခံရမယ်

 မိမိ ပတ်ဝန်းကျင်မှာ ကတိမတည်တဲ့ သူတွေကို ကြုံဖူးမှာပါ။

ပေးမယ်ပြောပြီး မပေးတာ၊ လုပ်မယ် ပြောပြီး မလုပ်တာ၊ လာမယ် ပြောပြီး မလာတာ - စတာတွေ အားလုံး ကတိ တစ်ခုကို လွယ်လွယ်ပေးပြီး အလေးမထားတဲ့သူတွေ ဖြစ်ပါတယ်။ ထိုသူတွေကို လူတွေက တဖြည်းဖြည်း ယုံကြည်မှု ကင်းမဲ့လာပါလိမ့်မယ်။

 ၂) လူတွေရဲ့ ရှောင်ရှားမှုကို ခံရလိမ့်မယ်

ကတိပေးပြီး မလုပ်တာကို လူတွေက တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ချင် ခွင့်လွှတ်ပါလိမ့်မယ်၊ သို့သော် အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ရင်တော့ ဘယ်သူမှ မိမိကို ခွင့်လွှတ်ချင်မှာ မဟုတ်တော့ပါဘူး။ လူတွေက အပေါင်းအသင်း မလုပ်ဘဲ ရှောင်းရှားခြင်းကို ခံရပါလိမ့်မယ်။

၃) မိမိအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းသွားပါပြီ

 မိမိကို လူတွေက ရှောင်ရှားသည့် အတွက်ကြောင့် ပတ်ဝန်းကျင်မှ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ မိမိဆီကို ရောက်လာမှာ မဟုတ်တော့ဘူး။ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း မိမိနဲ့ အလုပ် အတူတူ တွဲလုပ်ချင်မှာလည်း မဟုတ်တော့ပါဘူး။ ဒါကြောင့် မိမိအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းသွားပါပြီ။

၄) မိမိကိုယ်ကို အလိုမကျမူတွေနဲ့ ကြုံတွေ့ရလိမ့်မယ်

လူတွေက မိမိကို ရှောင်ရှားကြတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း နည်းသွားပြီ၊ ယုံကြည်မူတွေကလည်း ကင်းမဲ့လာတော့ မိမိကိုယ်ကို အလိုမကျမူတွေနဲ့ ကြုံတွေ့လာရပြီပေါ့။ ဒါကြောင့် ကတိဆိုတာ မပေးချင် မပေးပါနဲ့။ ပေးပြီးသည့်နောက် တည်ပါစေ။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top