iMyanmarHouse.com - Best Property Website for Myanmar
×






Credit: duwun



Unicode Version

သက်ကြီးရွယ်အို မိဘတွေနဲ့အတူနေထိုင်တဲ့ အရွယ်ရောက်ပြီးသူတွေဟာ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ခန္ဓာကိုယ် သွေးလည်ပတ်မှုဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ လျော့နည်းပြီး ကျန်းမာရေးပိုကောင်းကြကြောင်း ဗြိတိန်နိုင်ငံမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အသက်အရွယ်ကြီးတဲ့ မိဘတွေနဲ့ အတူနေသူတွေဟာ နှလုံးသွေးကြောပိတ်မှု ဖြစ်နိုင်ခြေ လျော့နည်းပြီး ၎င်းတို့ဟာ ပိုမို အသက်ရှည်နိုင်ကြောင်းလည်း ယခင်ကတည်းက တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။

အသက်ရှည်တဲ့ မိဘတွေနဲ့ အတူနေခြင်းက နှလုံးရောဂါဖြစ်မှု လျော့နည်းစေကြောင်း သုတေသီတွေက American College of Cardiology ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သက်ကြီးရွယ်အို မိဘတွေနဲ့ အတူနေခြင်းက နှလုံးကြွက်သားပြဿနာနဲ့ လက်မောင်းနဲ့ ခြေထာက်ရှိ သွေးကြောများ ရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေက မိဘများ ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ သက်လတ်ပိုင်းအရွယ်ရှိသူ ၁၈၆,၀၀၀ ကျော်ကို လေ့လာခဲ့ကြပါတယ်။ သုတေသီတွေ လေ့လာခဲ့သူတွေက အသက် ၅၅ နှစ်နဲ့ ၇၃ နှစ်ကြားရှိသူတွေဖြစ်ပြီး ၎င်းတို့ကို အနည်ဆုံး ၈ နှစ်ကြာ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။


Credit: duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top