iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ေနာက္က်

အခ်ိန္တိက်လြန္းတယ္၊ အလုပ္ကိုေစာေစာေရာက္တယ္ဆုိတဲ့လူေတြဟာ မိခင္ဘဝေရာက္လာၿပီးရင္ေတာ့ ႐ံုးခ်ိန္မီေအာင္ မနည္း႐ုန္းကန္ရေတာ့တာပါပဲ။ အျပင္ထြက္ခါနီးမွ ကေလးငိုသံၾကားလိုက္ရၿပီဆုိရင္ေတာ့ အဲ့ဒီေန႔႐ံုးေနာက္က်ဖုိ႔မ်ားသြားပါၿပီ။

၂။ အြန္လိုင္းေပၚမွာၾကည့္မရသူေတြကို ဘေလာ့လိုက္တယ္

အစကေတာ့ အားနာလို႔ ဘာမွမေျပာခဲ့ေပမဲ့ ကေလးရသြားၿပီရင္ေတာ့ ၾကည့္မရတဲ့ ေဖ့စ္ဘြတ္အေကာင့္ေတြကို သူငယ္ခ်င္းအျဖစ္ကဖယ္တာေတြ၊ ဘေလာ့တာေတြ လုပ္ျဖစ္လာပါတယ္။ ကေလးရၿပီးကတည္းက အလွျပင္ဖို႔၊ ေ႐ွာ့ပင္ထြက္ဖုိ႔ေတာင္ အခ်ိန္မေပးႏိုင္တဲ့အခါ စိတ္႐ႈပ္ေအာင္လုပ္မယ့္လူေတြကိုလည္း ေခါင္းထဲကထုတ္ပစ္လိုက္ပါေတာ့တယ္။

၃။ ေဖ့စ္ဘြတ္ေပၚမွာ ပို႔စ္ေတြအမ်ားႀကီးတင္လာတယ္

အရင္္တုန္းက ကိုယ့္ေဖ့စ္ဘြတ္ေပၚမွာ share လုပ္ထားတဲ့ပို႔စ္ေတြ သိပ္မ႐ွိခဲ့ပါဘူး။ ခုေတာ့ျဖင့္ ကေလးက်န္းမာေရးအေၾကာင္း၊ ကေလးအသံုးအေဆာင္၊ ကေလးျပဳစုနည္း စတဲ့ ကေလးန႔ဲပတ္သက္တာမွန္သမွ် ကိုယ့္ timeline ေပၚကို share ေတာ့တာပါပဲ။ တစ္ခါတေလမ်ားဆို ကိုယ့္အေကာင့္ထဲက ကေလးအေမေတြကိုေတာင္ tag လိုက္ပါေသးတယ္။

၄။ အလွျပင္ခ်ိန္နည္း

ဆံပင္ေျဖာင့္စက္ေတြလို အခ်ိန္ေပးျပင္ဆင္ရတဲ့ အလွျပင္ပစၥည္းေတြကို ျပန္ေတာင္ေရာင္းထုတ္ခ်င္စိတ္ေပါက္လာပါလိမ့္မယ္။ အလွအပဆုိတာ စိတ္ထဲမွာသာ႐ွိေပမဲ့ ကေလးကိုအခ်ိန္ေပးရတာမ်ားေတာ့ အရင္ေလာက္လည္း အႏုစိတ္ျခယ္သမေနေတာ့ပါဘူး။

၅။ အားမနာေတာ့ဘူး

အလုပ္မွာ အခ်ိန္ေနာက္က်ၿပီးေနဖုိ႔၊ ညဘက္ ေဘာ္ဒါေတြနဲ႔ဆိုင္လိုက္္ထိုင္ဖုိ႔ဆုိတာေတြကို အားနာပါနာနဲ႔ေတာင္ မလိုက္ေလ်ာႏိုင္ေတာ့ပါဘူး။

၆။ အိမ္ထဲမွာ႐ႈပ္ပြေနတာ

သပ္သပ္ရပ္ရပ္နဲ႔ ဘယ္ေလာက္ပဲ႐ွင္းထားပါေစ ကေလးဖြသမွ်နဲ႔ ျပန္ပြေတာ့တာပါပဲ။ ကိုယ္ကသိမ္းလိုက္ ကေလးကဖြလိုက္နဲ႔ ၾကာေတာ့လည္း သိမ္းဆည္းတာေတြ မလုပ္ႏိုင္ေတာ့လို႔ ရႈပ္ပြေနတဲ့အတုိင္းပဲ ေနျဖစ္သြားပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁။ နောက်ကျ

အချိန်တိကျလွန်းတယ်၊ အလုပ်ကိုစောစောရောက်တယ်ဆိုတဲ့လူတွေဟာ မိခင်ဘဝရောက်လာပြီးရင်တော့ ရုံးချိန်မီအောင် မနည်းရုန်းကန်ရတော့တာပါပဲ။ အပြင်ထွက်ခါနီးမှ ကလေးငိုသံကြားလိုက်ရပြီဆိုရင်တော့ အဲ့ဒီနေ့ရုံးနောက်ကျဖို့များသွားပါပြီ။

၂။ အွန်လိုင်းပေါ်မှာကြည့်မရသူတွေကို ဘလော့လိုက်တယ်

အစကတော့ အားနာလို့ ဘာမှမပြောခဲ့ပေမဲ့ ကလေးရသွားပြီရင်တော့ ကြည့်မရတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို သူငယ်ချင်းအဖြစ်ကဖယ်တာတွေ၊ ဘလော့တာတွေ လုပ်ဖြစ်လာပါတယ်။ ကလေးရပြီးကတည်းက အလှပြင်ဖို့၊ ရှော့ပင်ထွက်ဖို့တောင် အချိန်မပေးနိုင်တဲ့အခါ စိတ်ရှုပ်အောင်လုပ်မယ့်လူတွေကိုလည်း ခေါင်းထဲကထုတ်ပစ်လိုက်ပါတော့တယ်။

၃။ ဖေ့စ်ဘွတ်ပေါ်မှာ ပို့စ်တွေအများကြီးတင်လာတယ်

အရင်တုန်းက ကိုယ့်ဖေ့စ်ဘွတ်ပေါ်မှာ share လုပ်ထားတဲ့ပို့စ်တွေ သိပ်မရှိခဲ့ပါဘူး။ ခုတော့ဖြင့် ကလေးကျန်းမာရေးအကြောင်း၊ ကလေးအသုံးအဆောင်၊ ကလေးပြုစုနည်း စတဲ့ ကလေးနဲ့ပတ်သက်တာမှန်သမျှ ကိုယ့် timeline ပေါ်ကို share တော့တာပါပဲ။ တစ်ခါတလေများဆို ကိုယ့်အကောင့်ထဲက ကလေးအမေတွေကိုတောင် tag လိုက်ပါသေးတယ်။

၄။ အလှပြင်ချိန်နည်း

ဆံပင်ဖြောင့်စက်တွေလို အချိန်ပေးပြင်ဆင်ရတဲ့ အလှပြင်ပစ္စည်းတွေကို ပြန်တောင်ရောင်းထုတ်ချင်စိတ်ပေါက်လာပါလိမ့်မယ်။ အလှအပဆိုတာ စိတ်ထဲမှာသာရှိပေမဲ့ ကလေးကိုအချိန်ပေးရတာများတော့ အရင်လောက်လည်း အနုစိတ်ခြယ်သမနေတော့ပါဘူး။

၅။ အားမနာတော့ဘူး

အလုပ်မှာ အချိန်နောက်ကျပြီးနေဖို့၊ ညဘက် ဘော်ဒါတွေနဲ့ဆိုင်လိုက်ထိုင်ဖို့ဆိုတာတွေကို အားနာပါနာနဲ့တောင် မလိုက်လျောနိုင်တော့ပါဘူး။

၆။ အိမ်ထဲမှာရှုပ်ပွနေတာ

သပ်သပ်ရပ်ရပ်နဲ့ ဘယ်လောက်ပဲရှင်းထားပါစေ ကလေးဖွသမျှနဲ့ ပြန်ပွတော့တာပါပဲ။ ကိုယ်ကသိမ်းလိုက် ကလေးကဖွလိုက်နဲ့ ကြာတော့လည်း သိမ်းဆည်းတာတွေ မလုပ်နိုင်တော့လို့ ရှုပ်ပွနေတဲ့အတိုင်းပဲ နေဖြစ်သွားပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top