iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မအခ်စ္ဆုံးေယာက္်ားတစ္ေယာက္ကို ကၽြန္မရင္ထဲမွာ ရွိေနတဲ့ စကားေလးေတြ ေျပာျပခ်င္တယ္။ ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးတစ္ေယာက္ကေတာ့ ေယာက္်ားေကာင္းတစ္ေယာက္နဲ႔ ခ်စ္ခြင့္ရဖုိ႔ဆိုတာ ဆုလာဘ္တစ္ခုမွန္း သိခ်င္မွ သိၾကမွာပါ။ ေယာက္်ားေကာင္းတစ္ေယာက္္ဆုိတာ ကိုယ္ခ်စ္ရတဲ့ မိန္းကေလးအေပၚမွာ တန္ဖိုးထားတတ္သူတစ္ေယာက္၊ မိန္းကေလးကို ကိုယ့္ေၾကာင့္ေရာ ဘယ္သူေၾကာင့္မွ မထိခုိက္ေအာင္ ကာကြယ္ေပးလိုတဲ့သူ တစ္ေယာက္ျဖစ္သလို စိတ္ခ်မ္းသာမႈေတြေပးတတ္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ငယ္တ့ဲအရြယ္တုန္းက ကုိယ္ခ်စ္တဲ့သူက ကိုယ့္ကိုျပန္ခ်စ္ရင္ပဲ ေပ်ာ္ေနတတ္ေပမဲ့ အရာရာကို ႏႈိင္းယွဥ္တတ္လာတဲ့ အရြယ္မွာေတာ့ ကိုယ္ကေယာက္်ားေကာင္းတစ္ေယာက္နဲ႔ ေတြ႔ခဲ့ပါလားလို႔ ခံစားလာရတဲ့အတြက္ သူ႔ကို ေျပာခ်င္တဲ့စကားေတြ ရွိလာပါတယ္။

ထူးထူးျခားျခားလွပေနတဲ့သူတစ္ေယာက္ မဟုတ္တဲ့ ကၽြန္မကို ေရြးခ်ယ္ခဲ့ျပီး သစၥာရွိရွိခ်စ္ေနေပးတဲ့ရွင့္ကို ေက်းဇူးတင္ပါတယ္။

ကၽြန္မရဲ႕ အျပစ္ေတြနဲ႔ ခ်ဳိ႕ယြင္းခ်က္ေတြကို လက္ခံေပးတတ္တဲ့ သူ။ ကၽြန္မက အရမ္းစိတ္ပူတတ္သလို အစုိးရိမ္ၾကီးတတ္တဲ့သူတစ္ေယာက္။ ျပီးေတာ့ ဗုိက္ဆာရင္၊ ပင္ပန္းရင္ စိတ္တိုတတ္တဲ့သူတစ္ေယာက္ျဖစ္တဲ့ ကၽြန္မရဲ႕အားနည္းခ်က္ေတြကို နားလည္ေပးတဲ့အတြက္ ရွင့္ကို ေက်းဇူးတင္ပါတယ္။

ကၽြန္မစားခ်င္တဲ့ အစားအေသာက္ေတြကိုလည္း မျငိဳမျငင္ဘဲ အခ်ိန္တုိင္းလိုက္ဝယ္ေကၽြးခဲ့သလုိ ရွင္နဲ႔ အၾကိဳက္ခ်င္းမတူလို႔ မစားပါနဲ႔လုိ႔ တစ္ခါမွ မေျပာခဲ့တာအတြက္လည္း ေက်းဇူးတင္ပါတယ္ရွင္။

ကၽြန္မအလုပ္ေတြမ်ားေနတဲ့အခ်ိန္မွာ ကၽြန္မကို ကူညီေပးခဲ့တာေတြအတြက္ေရာ၊ အလုပ္ကိစၥေတြအတြက္ ပံ့ပိုးေပးခဲ့သလို ေနာက္လွည့္ၾကည့္စရာမလိုေအာင္ အရာရာကို ဂရုစိုက္ျဖည့္ဆည္းေပးခဲ့တာေတြအတြက္လည္း ေက်းဇူးပါပဲ။

ဆုံးျဖတ္ခ်က္ခ်စရာေတြ ၾကဳံလာတဲ့အခါ ေတြေဝတတ္တဲ့ ကၽြန္မကို တြန္းအားေတြေပးျပီး ကူညီခဲ့တာေတြအတြက္ ေက်းဇူးတင္ပါတယ္။

မိန္းကေလးေတြျဖစ္ေနက်အတိုင္း မိန္းမဆန္ဆန္ သဝန္တိုတတ္၊ ဆတ္ဆတ္ထိမခံျဖစ္တတ္သလုိ မၾကာခဏ ရန္ေတြ႔တတ္တဲ့ ကၽြန္မကို နားလည္ေပးတတ္တာေလးအတြက္လည္း ရွင့္ကို ေက်းဇူးတင္ပါတယ္။

ကၽြန္မ မျပင္မဆင္နဲ႔ ကပိုကရုိဝတ္ထားတဲ့ အခ်ိန္မွာေတာင္ ခ်စ္စရာေကာင္းလိုက္တာ၊ လွလိုက္တာလို႔ ေျပာေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

ဘယ္ေလာက္ပဲ အလုပ္ေတြရႈပ္ေနေန ကၽြန္မကို စာပုိ႔ဖုိ႔၊ ဖုန္းဆက္ဖုိ႔ မေမ့ခဲ့သလုိ အမွတ္တရေန႔ေတြကိုလည္း အျမဲအမွတ္တရရွိေနေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ကၽြန္မငိုရတဲ့ အၾကိမ္ေရေတြကို နည္းေစခဲ့သလို မ်က္ရည္အမ်ားၾကီး မကုန္ဆုံးရေအာင္ အလုိက္တသိ ေခ်ာ့ေမာ့ ႏွစ္သိမ့္ေပးတတ္တဲ့အတြက္လည္း ရွင့္ကို ေက်းဇူးပါ။

ေနာက္ဆုံးေက်းဇူးတင္ခ်င္တဲ့အေၾကာင္းကေတာ့ ဘယ္လိုအေျခအေနပဲၾကဳံၾကဳံ၊ ရွင့္ အနားမွာ ကၽြန္မထက္ေခ်ာလွတဲ့သူေတြ ဘယ္ေလာက္မ်ားမ်ား ကၽြန္မနားက ထြက္ေျပးမသြားဘဲ အနားမွာ အျမဲလိုတြယ္ကပ္ျပီးေနေပးတဲ့အတြက္ အခ်စ္ဆုံးခ်စ္သူကို ေက်းဇူးအရမ္းတင္ပါတယ္လုိ႔ ေျပာခ်င္တယ္။ မိန္းကေလးေတြလည္း ကိုယ့္ခ်စ္သူကို ဒီစာေလးဖတ္ျပီး ေက်းဇူးတင္ပါတယ္လို႔ ေျပာၾကည့္လိုက္ပါလုိ႔ အၾကံေပးခ်င္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျွန်မအချစ်ဆုံးယောက်ျားတစ်ယောက်ကို ကျွန်မရင်ထဲမှာ ရှိနေတဲ့ စကားလေးတွေ ပြောပြချင်တယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကတော့ ယောက်ျားကောင်းတစ်ယောက်နဲ့ ချစ်ခွင့်ရဖို့ဆိုတာ ဆုလာဘ်တစ်ခုမှန်း သိချင်မှ သိကြမှာပါ။ ယောက်ျားကောင်းတစ်ယောက်ဆိုတာ ကိုယ်ချစ်ရတဲ့ မိန်းကလေးအပေါ်မှာ တန်ဖိုးထားတတ်သူတစ်ယောက်၊ မိန်းကလေးကို ကိုယ့်ကြောင့်ရော ဘယ်သူကြောင့်မှ မထိခိုက်အောင် ကာကွယ်ပေးလိုတဲ့သူ တစ်ယောက်ဖြစ်သလို စိတ်ချမ်းသာမှုတွေပေးတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ငယ်တဲ့အရွယ်တုန်းက ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်ရင်ပဲ ပျော်နေတတ်ပေမဲ့ အရာရာကို နှိုင်းယှဉ်တတ်လာတဲ့ အရွယ်မှာတော့ ကိုယ်ကယောက်ျားကောင်းတစ်ယောက်နဲ့ တွေ့ခဲ့ပါလားလို့ ခံစားလာရတဲ့အတွက် သူ့ကို ပြောချင်တဲ့စကားတွေ ရှိလာပါတယ်။

ထူးထူးခြားခြားလှပနေတဲ့သူတစ်ယောက် မဟုတ်တဲ့ ကျွန်မကို ရွေးချယ်ခဲ့ပြီး သစ္စာရှိရှိချစ်နေပေးတဲ့ရှင့်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မရဲ့ အပြစ်တွေနဲ့ ချို့ယွင်းချက်တွေကို လက်ခံပေးတတ်တဲ့ သူ။ ကျွန်မက အရမ်းစိတ်ပူတတ်သလို အစိုးရိမ်ကြီးတတ်တဲ့သူတစ်ယောက်။ ပြီးတော့ ဗိုက်ဆာရင်၊ ပင်ပန်းရင် စိတ်တိုတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့အားနည်းချက်တွေကို နားလည်ပေးတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မစားချင်တဲ့ အစားအသောက်တွေကိုလည်း မငြိုမငြင်ဘဲ အချိန်တိုင်းလိုက်ဝယ်ကျွေးခဲ့သလို ရှင်နဲ့ အကြိုက်ချင်းမတူလို့ မစားပါနဲ့လို့ တစ်ခါမှ မပြောခဲ့တာအတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။

ကျွန်မအလုပ်တွေများနေတဲ့အချိန်မှာ ကျွန်မကို ကူညီပေးခဲ့တာတွေအတွက်ရော၊ အလုပ်ကိစ္စတွေအတွက် ပံ့ပိုးပေးခဲ့သလို နောက်လှည့်ကြည့်စရာမလိုအောင် အရာရာကို ဂရုစိုက်ဖြည့်ဆည်းပေးခဲ့တာတွေအတွက်လည်း ကျေးဇူးပါပဲ။

ဆုံးဖြတ်ချက်ချစရာတွေ ကြုံလာတဲ့အခါ တွေဝေတတ်တဲ့ ကျွန်မကို တွန်းအားတွေပေးပြီး ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။

မိန်းကလေးတွေဖြစ်နေကျအတိုင်း မိန်းမဆန်ဆန် သဝန်တိုတတ်၊ ဆတ်ဆတ်ထိမခံဖြစ်တတ်သလို မကြာခဏ ရန်တွေ့တတ်တဲ့ ကျွန်မကို နားလည်ပေးတတ်တာလေးအတွက်လည်း ရှင့်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မ မပြင်မဆင်နဲ့ ကပိုကရိုဝတ်ထားတဲ့ အချိန်မှာတောင် ချစ်စရာကောင်းလိုက်တာ၊ လှလိုက်တာလို့ ပြောပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေနေ ကျွန်မကို စာပို့ဖို့၊ ဖုန်းဆက်ဖို့ မမေ့ခဲ့သလို အမှတ်တရနေ့တွေကိုလည်း အမြဲအမှတ်တရရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်မငိုရတဲ့ အကြိမ်ရေတွေကို နည်းစေခဲ့သလို မျက်ရည်အများကြီး မကုန်ဆုံးရအောင် အလိုက်တသိ ချော့မော့ နှစ်သိမ့်ပေးတတ်တဲ့အတွက်လည်း ရှင့်ကို ကျေးဇူးပါ။

နောက်ဆုံးကျေးဇူးတင်ချင်တဲ့အကြောင်းကတော့ ဘယ်လိုအခြေအနေပဲကြုံကြုံ၊ ရှင့် အနားမှာ ကျွန်မထက်ချောလှတဲ့သူတွေ ဘယ်လောက်များများ ကျွန်မနားက ထွက်ပြေးမသွားဘဲ အနားမှာ အမြဲလိုတွယ်ကပ်ပြီးနေပေးတဲ့အတွက် အချစ်ဆုံးချစ်သူကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောချင်တယ်။ မိန်းကလေးတွေလည်း ကိုယ့်ချစ်သူကို ဒီစာလေးဖတ်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top