iMyanmarHouse.com - Best Property Website for Myanmar
×

ဘာက်န္းမာေရးခြ်တ္ယြင္းမႈမွ မရိွသ၍ ကုိယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံတာ ျပသနာ မဟုတ္ဘူးလုိ႔ ဆရာဝန္ေတြ ေျပာေကာင္းေျပာပါလိမ့္မယ္။ ကေလးေမြးျပီး လိင္ဆက္ဆံျခင္းနဲ႔ ပတ္သက္လုိ႔ ေပးေနက် အၾကံက သားဖြားျပီး ၄ ပတ္ကေန ၆ ပတ္ခန္႔ျဖစ္ပါတယ္။ သုိ႔ေသာ္ ကုိယ္ဝန္ေဆာင္ေနစဥ္နဲ႔ ကေလးေမြးျပီးေနာက္ပုိင္း လိင္ဆက္ဆံျခင္းနဲ႔ ပတ္သက္ျပီး အမ်ဳိးသမီးမ်ား သိခ်င္တဲ့ အခ်က္တခ်ဳိ႕ရိွေနပါေသးတယ္။

ကုိယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံျခင္း

ကုိယ္ဝန္ေဆာင္စဥ္ oral sex လုပ္ပါက ေမြးလမ္းေၾကာင္းသုိ႔ ေလမႈတ္သြင္းျခင္း အျပင္းအထန္ တားျမစ္ထားပါတယ္။ ဗလုံစီက ေသြးေၾကာ ပိတ္ဆုိ႔ႏုိင္ျပီး မိခင္နဲ႔ကေလးႏွစ္ဦးလုံး အသက္ေသတဲ့အထိ ျဖစ္ေစႏုိင္တယ္။

ကုိယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံျခင္းကို ဘယ္လုိအခ်ိန္မွာ တားျမစ္သလဲ

ကုိယ္ဝန္ေဆာင္စဥ္ သင္လိင္ဆက္ဆံျခင္းျပဳမျပဳ ဆရာဝန္က စစ္ေဆး အကဲျဖတ္ပါလိမ့္မယ္။ ကုိယ္ဝန္ေဆာင္ကာလ လိင္ဆက္ဆံျခင္းမွ သင့္ကုိ တြန္႔ဆုတ္ေစႏုိင္မယ့္ အခ်က္တခ်ဳိ႕ရိွပါတယ္။ အဲ့ဒါေတြကေတာ့

သားေလွ်ာျခင္း

အခ်င္း အရမ္းနိမ့္ဆင္းျခင္း

(၃၇) ပတ္မျပည့္မီ ကေလး ေစာေမြးျခင္း

သားအိမ္ေခါင္းေပ်ာ့ျပီး ကားထြက္လာျခင္း

ေမြးလမ္းေၾကာင္းေသြးယုိျပီး သားေလ်ာျခင္း စတာေတြပဲ ျဖစ္ပါတယ္။

ကေလးေမြးျပီးေနာက္ လိင္ဆက္ဆံျခင္း

အမ်ဳိးသမီးမ်ား သြားဖြားျပီးေနာက္ ေဟာ္မုန္းေျပာင္းလဲမႈ ၾကဳံရျပီး ေမြးလမ္းေၾကာင္း ေျခာက္ေသြ႔မႈ ျဖစ္ေစပါတယ္။ ယင္းသုိ႔ေျခာက္ေသြ႔ရျခင္းနဲ႔ ေမြးလမ္းေၾကာင္းေခ်ာမြတ္ မေနပဲ ျဖစ္ရတဲ့ ေနာက္အေၾကာင္းအရင္းတစ္ခုက ကေလးႏုိ႔တုိက္ရလုိ႔ျဖစ္ပါတယ္။

အဲဒါက လိင္ဆက္ဆံတဲ့အခါ နာက်င္ေစတဲ့ အဓိက အေၾကာင္းအရင္းျဖစ္ပါတယ္။ ယင္းမသက္မသာျဖစ္မႈကို သက္သာေစဖုိ႔ ေရဓာတ္ျပည့္၀တဲ့ ေခ်ာဆီကို အသုံးျပဳႏုိင္တယ္။ သားဖြားျခင္းေၾကာင့္ ေမြးလမ္းေၾကာင္းတစ္ရွဴး က်ယ္လာျပီး နဂုိအတုိင္း ဘယ္ေတာ့မွ ျပန္ျဖစ္မလာႏုိင္ေပမယ့္ ဒါက စုိးရိမ္စရာမရိွပါဘူး။ ေမြးလမ္းေၾကာင္း တစ္ရွဴးေတြက ေမြးဖြားျပီး လအနည္းငယ္ၾကာမွာ ပုံမွန္အတုိင္းျပန္ျဖစ္လာေလ့ ရိွပါတယ္။ ေမြးလမ္းေၾကာင္းရိွ ၾကြက္သားေတာင့္တင္းမႈ ေလ်ာ့နည္းလာမယ္။ ဒါေပမယ့္ အဲဒါက ယာယီသာျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘာကျန်းမာရေးချွတ်ယွင်းမှုမှ မရှိသ၍ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံတာ ပြသနာ မဟုတ်ဘူးလို့ ဆရာဝန်တွေ ပြောကောင်းပြောပါလိမ့်မယ်။ ကလေးမွေးပြီး လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ပေးနေကျ အကြံက သားဖွားပြီး ၄ ပတ်ကနေ ၆ ပတ်ခန့်ဖြစ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ သိချင်တဲ့ အချက်တချို့ရှိနေပါသေးတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင်စဉ် oral sex လုပ်ပါက မွေးလမ်းကြောင်းသို့ လေမှုတ်သွင်းခြင်း အပြင်းအထန် တားမြစ်ထားပါတယ်။ ဗလုံစီက သွေးကြော ပိတ်ဆို့နိုင်ပြီး မိခင်နဲ့ကလေးနှစ်ဦးလုံး အသက်သေတဲ့အထိ ဖြစ်စေနိုင်တယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကို ဘယ်လိုအချိန်မှာ တားမြစ်သလဲ

ကိုယ်ဝန်ဆောင်စဉ် သင်လိင်ဆက်ဆံခြင်းပြုမပြု ဆရာဝန်က စစ်ဆေး အကဲဖြတ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလ လိင်ဆက်ဆံခြင်းမှ သင့်ကို တွန့်ဆုတ်စေနိုင်မယ့် အချက်တချို့ရှိပါတယ်။ အဲ့ဒါတွေကတော့

သားလျှောခြင်း

အချင်း အရမ်းနိမ့်ဆင်းခြင်း

(၃၇) ပတ်မပြည့်မီ ကလေး စောမွေးခြင်း

သားအိမ်ခေါင်းပျော့ပြီး ကားထွက်လာခြင်း

မွေးလမ်းကြောင်းသွေးယိုပြီး သားလျောခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

အမျိုးသမီးများ သွားဖွားပြီးနောက် ဟော်မုန်းပြောင်းလဲမှု ကြုံရပြီး မွေးလမ်းကြောင်း ခြောက်သွေ့မှု ဖြစ်စေပါတယ်။ ယင်းသို့ခြောက်သွေ့ရခြင်းနဲ့ မွေးလမ်းကြောင်းချောမွတ် မနေပဲ ဖြစ်ရတဲ့ နောက်အကြောင်းအရင်းတစ်ခုက ကလေးနို့တိုက်ရလို့ဖြစ်ပါတယ်။

အဲဒါက လိင်ဆက်ဆံတဲ့အခါ နာကျင်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ယင်းမသက်မသာဖြစ်မှုကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝတဲ့ ချောဆီကို အသုံးပြုနိုင်တယ်။ သားဖွားခြင်းကြောင့် မွေးလမ်းကြောင်းတစ်ရှူး ကျယ်လာပြီး နဂိုအတိုင်း ဘယ်တော့မှ ပြန်ဖြစ်မလာနိုင်ပေမယ့် ဒါက စိုးရိမ်စရာမရှိပါဘူး။ မွေးလမ်းကြောင်း တစ်ရှူးတွေက မွေးဖွားပြီး လအနည်းငယ်ကြာမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာလေ့ ရှိပါတယ်။ မွေးလမ်းကြောင်းရှိ ကြွက်သားတောင့်တင်းမှု လျော့နည်းလာမယ်။ ဒါပေမယ့် အဲဒါက ယာယီသာဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top