iMyanmarHouse.com - Best Property Website for Myanmar
×

လူသားတိုင္းဟာ လူမ်ဳိးအလိုက္ လက္ဘက္ရည္ကို ေသာက္သံုးခဲ့ၾကတာ ႏွစ္ေပါင္း အေတာ္ၾကာကတည္းကျဖစ္ျပီး အေရွ့ေတာင္ အာရွနိင္ငံတခုျဖစ္တဲ့ ျမန္မာနိုင္ငံမွာလည္း လက္ဘက္ရည္ၾကမ္း (ေရေႏြးၾကမ္း) ကို ေနရာအေတာ္မ်ားမ်ားမွာ အေရးတယူေသာက္သံုးၾကတာကိုေတြ႔ရပါတယ္။
ဘယ္အရာမဆို တန္ေဆး လြန္ေဘးဆိုတဲ့ စကားအတိုင္း အတန္အသင့္ ေသာက္သံုးမယ္ဆိုရင္ အက်ဴိးဆက္ေပါင္းမ်ားစြာ ရရွိနိုင္ေပမယ့္လည္း အလြန့္အကၽြံ ေသာက္သံုးမိမယ္ဆိုရင္လည္း ေဘးထြက္ဆိုး မ်ားျဖစ္နိုင္ေၾကာင္း ေတြ႕ရွိနိုင္တယ္ ။
ေရေႏြးၾကမ္းကို ေသာက္သံုုး ျခင္းျဖင့္ရရွိနုိင္မယ့္ အက်ဳိးေက်းဇူးေတြကေတာ့

၁။ ေရေႏြးၾကမ္းႏွင့္ ကင္ဆာ
ေရေႏြးၾကမ္းေသာက္သံုးျခင္းဟာ အစာအိမ္နဲ႕ အူလမ္းေၾကာင္းတေလွ်ာက္မွာ ျဖစ္တတ္တဲ့ ကင္ဆာေရာဂါ၊ ဆီးအိမ္ကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အသည္းကင္ဆာ၊ ပန္ကရိယာ ကင္ဆာမ်ားျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။

၂။ ေရေႏြးၾကမ္းႏွင့္ ႏွလံုးေရာဂါ
ေရေႏြးၾကမ္းတြင္ပါ၀င္ေသာ catechin ဟု အမ်ားသိၾကေသာ polyphenols သည္ ဂရိတ္ဖရုသီး ၊ ၀ိုင္တို႕တြင္ပါ၀င္ေသာပမာဏ ထက္ပိုမ်ားျပီး ေသြးထဲတြင္ရွိေသာ ဒုကၡေပးေစနိုင္ေသာ အဆီမ်ား (triglyceride)ကိုနည္းေစျခင္းျဖင့္ ၎၏ ဆုိးက်ဳိးကိုေလ်ာ့က်ေစျခင္း၊ ေကာင္းက်ဳိးျဖစ္ေစေသာ အဆီမ်ားကို တိုးေစျခင္း ၊ နွလံုးေသြးေၾကာပိတ္ေရာဂါနွင့္ ဦးေဏွာက္ေသြးေၾကာပိတ္ျခင္းတို႕ကို ျဖစ္ေစနိုင္ေသာ အလြန္အမင္းေသြးခဲျခင္းကို ေလ်ာ့နည္းေစျခင္းတို႕ကိုျဖစ္ေပၚေစသည္ ။ ထို႕ေၾကာင့္ ေရေႏြးၾကမ္းေသာက္သံုးျခင္းသည္ နွလံုးေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါႏွင့္ အျခားနွလံုးေသြးေၾကာဆိုင္ရာ ေရာဂါမ်ား၊ ဦးေဏွာက္ေသြးေၾကာပိတ္မႈေရာဂါမ်ား ျဖစ္ပြားမႈနႈန္းကို က်ဆင္းေစျခင္း တို႕ကို လုပ္ေဆာင္ေပးပါတယ္။

၃။ေရေႏြးၾကမ္းႏွင့္ အဆီဓါတ္
ေရေႏြးၾကမ္းေသာက္သုံုးျခင္းသည္ ေသြးထဲတြင္ရွိေသာ ဒုကၡေပးေစနိုင္ေသာ အဆီမ်ား (triglyceride)ကိုနည္းေစျခင္းျဖင့္ ၎၏ ဆုိးက်ဳိးကိုေလ်ာ့က်ေစျခင္း၊ ေကာင္းက်ဳိး ျဖစ္ေစေသာ အဆီမ်ားကို တိုးေစျခင္း ကိုလည္း ျပဳလုပ္ေပးပါတယ္။

၄။ ေရေႏြးၾကမ္းႏွင့္ အသည္း
ေရေႏြးၾကမ္းဟာ အရက္ေၾကာင့္ျဖစ္ေသာ ၊ ေဆးလိပ္ေၾကာင့္ျဖစ္ေသာ ဓါတုပစၥည္းမ်ားေၾကာင့္ အသည္းပ်က္စီးမႈကို ကာကြယ္ေပးပါတယ္။

၅။ ေရေႏြးၾကမ္းႏွင့္ ကိုယ္အေလးခ်ိန္
ထမင္းစားစဥ္အတြင္း ေရေႏြးၾကမ္းေသာက္ျခင္းသည္ အစာစားခ်င္စိတ္ကို နည္းပါးေစျခင္း၊ ရင္ျပည့္လြယ္ေစျခင္း၊ ဇီ၀ျဖစ္စဥ္ကို ပိုမိုျပင္းထန္ေလာင္ကၽြမ္းေစျခင္းတို႕ကို ျဖစ္ေပၚေစေသာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ရန္အတြက္ ေရေႏြးၾကမ္းကို ေသာက္သံုးနိုင္ပါတယ္။

၆။ ေရေႏြးၾကမ္းႏွင့္ ေသြးခ်ဳိ၊ ဆီးခ်ဳိေရာဂါ
ေရေႏြးၾကမ္းသည္ ေသြးထဲတြင္ရွိသည့္ သၾကားဓါတ္ကိုက်ေစျခင္း ၊ အင္ဆူလင္၏ အာနိသင္ကိုအားေပးျခင္းအားျဖင့္ ဆီးခ်ဳိေရာဂါကို ထိန္းေပးပါတယ္။

၇။ ေရေႏြးၾကမ္းႏွင့္ ခံတြင္း ရန႔ံ
ေရေႏြးၾကမ္းတြင္ပါ၀င္ေသာ polyphenols ဟုေခၚေသာ ဓါတ္တမ်ဳိးသည္ ခံတြင္းအနံ႕ဆိုးျခင္းကို ျဖစ္ေပၚေစေသာ လွ်ာနွင့္ လည္ေခ်ာင္းတြင္ ေပါက္ပြားတတ္ေသာ အေကာင္ငယ္ကေလးမ်ား၊ ဘက္တီးရီးယား ပိုးမ်ားကို မေပါက္ပြားေစရန္ ကာကြယ္နိုင္ေသာေၾကာင့္ ေရေႏြးၾကမ္းေသာက္ျခင္းသည္ ခံတြင္းရနံ႕ဆိုးျခင္းကို ကာကြယ္ေပးမွာျဖစ္ပါတယ္။

Credit: BagoHealth

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူသားတိုင်းဟာ လူမျိုးအလိုက် လက်ဘက်ရည်ကို သောက်သုံးခဲ့ကြတာ နှစ်ပေါင်း အတော်ကြာကတည်းကဖြစ်ပြီး အရှေ့တောင် အာရှနိင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း လက်ဘက်ရည်ကြမ်း (ရေနွေးကြမ်း) ကို နေရာအတော်များများမှာ အရေးတယူသောက်သုံးကြတာကိုတွေ့ရပါတယ်။
ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အတန်အသင့် သောက်သုံးမယ်ဆိုရင် အကျိူးဆက်ပေါင်းများစွာ ရရှိနိုင်ပေမယ့်လည်း အလွန့်အကျွံ သောက်သုံးမိမယ်ဆိုရင်လည်း ဘေးထွက်ဆိုး များဖြစ်နိုင်ကြောင်း တွေ့ရှိနိုင်တယ် ။
ရေနွေးကြမ်းကို သောက်သုံုး ခြင်းဖြင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

၁။ ရေနွေးကြမ်းနှင့် ကင်ဆာ
ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ ရေနွေးကြမ်းနှင့် နှလုံးရောဂါ
ရေနွေးကြမ်းတွင်ပါဝင်သော catechin ဟု အများသိကြသော polyphenols သည် ဂရိတ်ဖရုသီး ၊ ဝိုင်တို့တွင်ပါဝင်သောပမာဏ ထက်ပိုများပြီး သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော အဆီများကို တိုးစေခြင်း ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဦးဏှောက်သွေးကြောပိတ်ခြင်းတို့ကို ဖြစ်စေနိုင်သော အလွန်အမင်းသွေးခဲခြင်းကို လျော့နည်းစေခြင်းတို့ကိုဖြစ်ပေါ်စေသည် ။ ထို့ကြောင့် ရေနွေးကြမ်းသောက်သုံးခြင်းသည် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဦးဏှောက်သွေးကြောပိတ်မှုရောဂါများ ဖြစ်ပွားမှုနှုန်းကို ကျဆင်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။

၃။ရေနွေးကြမ်းနှင့် အဆီဓါတ်
ရေနွေးကြမ်းသောက်သုံးခြင်းသည် သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုး ဖြစ်စေသော အဆီများကို တိုးစေခြင်း ကိုလည်း ပြုလုပ်ပေးပါတယ်။

၄။ ရေနွေးကြမ်းနှင့် အသည်း
ရေနွေးကြမ်းဟာ အရက်ကြောင့်ဖြစ်သော ၊ ဆေးလိပ်ကြောင့်ဖြစ်သော ဓါတုပစ္စည်းများကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

၅။ ရေနွေးကြမ်းနှင့် ကိုယ်အလေးချိန်
ထမင်းစားစဉ်အတွင်း ရေနွေးကြမ်းသောက်ခြင်းသည် အစာစားချင်စိတ်ကို နည်းပါးစေခြင်း၊ ရင်ပြည့်လွယ်စေခြင်း၊ ဇီဝဖြစ်စဉ်ကို ပိုမိုပြင်းထန်လောင်ကျွမ်းစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ကိုယ်အလေးချိန် လျော့ကျရန်အတွက် ရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။

၆။ ရေနွေးကြမ်းနှင့် သွေးချို၊ ဆီးချိုရောဂါ
ရေနွေးကြမ်းသည် သွေးထဲတွင်ရှိသည့် သကြားဓါတ်ကိုကျစေခြင်း ၊ အင်ဆူလင်၏ အာနိသင်ကိုအားပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းပေးပါတယ်။

၇။ ရေနွေးကြမ်းနှင့် ခံတွင်း ရနံ့
ရေနွေးကြမ်းတွင်ပါဝင်သော polyphenols ဟုခေါ်သော ဓါတ်တမျိုးသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော လျှာနှင့် လည်ချောင်းတွင် ပေါက်ပွားတတ်သော အကောင်ငယ်ကလေးများ၊ ဘက်တီးရီးယား ပိုးများကို မပေါက်ပွားစေရန် ကာကွယ်နိုင်သောကြောင့် ရေနွေးကြမ်းသောက်ခြင်းသည် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

Credit: BagoHealth



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top