iMyanmarHouse.com - Best Property Website for Myanmar
×

ဒီ ရွာေဖြေတြ႔ရွိခ်က္ဟာ ေဂ်ာ္ဂ်ီယာ တကၠသိုလ္က သုေတသီေတြအေနနဲ႔ အိမ္ေထာင္ရွင္ ၄၆၈ ေယာက္တို႔ကို တစ္ေယာက္ခ်င္းဆီ စစ္တမ္းေကာက္ယူ ေလ့လာခဲ့ရာမွ ထြက္ေပၚလာတဲ့ ေတြ႕ရွိမႈ တစ္ခုပဲ ျဖစ္ပါတယ္။ ကိုယ့္ကို အသိအမွတ္ျပဳတယ္လို႔ ခံစားရတဲ့ လက္တြဲေဖာ္ေတြဟာ အခ်စ္ေရး ေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုမိုေလးစား တတ္ၾကၿပီး အခ်စ္ေရးနဲ႔ သက္ဆိုင္တဲ့ အခက္အခဲ ေတြမွာလည္း ပိုမို ေကာင္းမြန္စြာ ေက်ာ္ျဖတ္ႏိုင္ၾကတာကို သုေတသီေတြက ေတြ႔ရွိခဲ့ ၾကပါတယ္။

“ေက်းဇူးတင္ပါတယ္” ဆိုတဲ့ စကားေလးတစ္ခြန္းကို ရိုးသားစြာနဲ႔ ပံုမွန္ ေျပာဆိုေပးျခင္းဟာ သင့္ရဲ ႔လက္တြဲေဖာ္ကို ေပ်ာ္ရႊင္ေအာင္ ျပဳလုပ္ေပးႏိုင္သလို သင္တို႔ရဲ ႔ အခ်စ္ေရးကိုလည္း ပိုမိုက်န္းမာ လန္းဆန္းလာေစႏိုင္ပါတယ္။ အခ်က္အလက္အားျဖင့္ေျပာရရင္ေတာ့ အခ်စ္ေရးမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေက်းဇူးတင္စကားဆိုျခင္းဟာ ခ်စ္သူ ၂ ဦးရဲ ႔ လက္တြဲခိုင္ၿမဲေနမယ့္ သက္တမ္းကို အဆံုးအျဖတ္ေပးႏိုင္ပါတယ္။

“စံုတြဲေတြတိုင္းဟာ စိန္ေခၚမႈေတြနဲ႔ အၿမဲႀကံဳေတြ႔ရေလ့ရွိၿပီး သေဘာထားမတိုက္ဆိုင္ မႈေတြ ရွိတတ္ ၾကပါတယ္။” လို႔ Ph.D ဘြဲ႔ရ စာေရးဆရာ Allen Barton ကဆိုပါတယ္။ “မေကာင္းတဲ့သက္ေရာက္မႈေတြဆိုတာဟာ သင္ဒီျပႆနာေတြကိုဘယ္လို ကိုင္တြယ္ေျဖရွင္းလဲ ဆိုတာကေန ထြက္ေပၚလာတာပါ။ေက်းဇူးတင္ပါတယ္လို႔ေျပာျခင္းဟာ သင့္ရဲ ႔လက္တြဲေဖာ္ကို အသိအမွတ္ျပဳခံရတယ္လို႔ ခံစားမိေစၿပီး အဲဒီလို လူသားဆန္တဲ့ စိတ္ဓါတ္ဟာ မေကာင္းတဲ့အရာ ေတြအားလံုးကိုေလ်ာ့နည္းသြားေစသလို ကိုယ့္ရဲ ႔လက္တြဲေဖာ္ကိုလည္း အရာရာမွာ ေအာင္ျမင္ လာေစႏိုင္ပါတယ္” လို႔ Allen က ေျပာျပပါတယ္။

“ေက်းဇူးတင္ပါတယ္” လို႔ ေျပာေလ့ရွိျခင္းဟာ ခက္ခဲတဲ့အခ်ိန္ေတြမွာလည္း အသံုး၀င္ႏိုင္ပါတယ္။ အထူးသျဖင့္ ေငြေၾကးနဲ႔ ပတ္သက္တဲ့ အခက္အခဲေတြႀကံဳလာတဲ့အခါမွာ ထို အေလ့အထဟာ ေဒါသ ထြက္ျခင္း ၊ စိတ္ဆင္းရဲျခင္းနဲ႔ လမ္းခြဲျခင္းကို ျဖစ္ေစႏိုင္တဲ့ စိတ္ခံစားမႈေတြကေန ေရွာင္ၾကဥ္ ႏိုင္ေအာင္ စံုတြဲေတြကို ကူညီေပးႏိုင္တယ္လို႔ ေလ့လာမႈက ေတြ႔ရွိခဲ့ပါတယ္။

Credit: mensfitness


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီ ရှာဖွေတွေ့ရှိချက်ဟာ ဂျော်ဂျီယာ တက္ကသိုလ်က သုတေသီတွေအနေနဲ့ အိမ်ထောင်ရှင် ၄၆၈ ယောက်တို့ကို တစ်ယောက်ချင်းဆီ စစ်တမ်းကောက်ယူ လေ့လာခဲ့ရာမှ ထွက်ပေါ်လာတဲ့ တွေ့ရှိမှု တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ကို အသိအမှတ်ပြုတယ်လို့ ခံစားရတဲ့ လက်တွဲဖော်တွေဟာ အချစ်ရေး တွေမှာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုလေးစား တတ်ကြပြီး အချစ်ရေးနဲ့ သက်ဆိုင်တဲ့ အခက်အခဲ တွေမှာလည်း ပိုမို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြတာကို သုတေသီတွေက တွေ့ရှိခဲ့ ကြပါတယ်။

“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးတစ်ခွန်းကို ရိုးသားစွာနဲ့ ပုံမှန် ပြောဆိုပေးခြင်းဟာ သင့်ရဲ့လက်တွဲဖော်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်သလို သင်တို့ရဲ့ အချစ်ရေးကိုလည်း ပိုမိုကျန်းမာ လန်းဆန်းလာစေနိုင်ပါတယ်။ အချက်အလက်အားဖြင့်ပြောရရင်တော့ အချစ်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးတင်စကားဆိုခြင်းဟာ ချစ်သူ ၂ ဦးရဲ့ လက်တွဲခိုင်မြဲနေမယ့် သက်တမ်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

“စုံတွဲတွေတိုင်းဟာ စိန်ခေါ်မှုတွေနဲ့ အမြဲကြုံတွေ့ရလေ့ရှိပြီး သဘောထားမတိုက်ဆိုင် မှုတွေ ရှိတတ် ကြပါတယ်။” လို့ Ph.D ဘွဲ့ရ စာရေးဆရာ Allen Barton ကဆိုပါတယ်။ “မကောင်းတဲ့သက်ရောက်မှုတွေဆိုတာဟာ သင်ဒီပြဿနာတွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ ဆိုတာကနေ ထွက်ပေါ်လာတာပါ။ကျေးဇူးတင်ပါတယ်လို့ပြောခြင်းဟာ သင့်ရဲ့လက်တွဲဖော်ကို အသိအမှတ်ပြုခံရတယ်လို့ ခံစားမိစေပြီး အဲဒီလို လူသားဆန်တဲ့ စိတ်ဓါတ်ဟာ မကောင်းတဲ့အရာ တွေအားလုံးကိုလျော့နည်းသွားစေသလို ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း အရာရာမှာ အောင်မြင် လာစေနိုင်ပါတယ်” လို့ Allen က ပြောပြပါတယ်။

“ကျေးဇူးတင်ပါတယ်” လို့ ပြောလေ့ရှိခြင်းဟာ ခက်ခဲတဲ့အချိန်တွေမှာလည်း အသုံးဝင်နိုင်ပါတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကြုံလာတဲ့အခါမှာ ထို အလေ့အထဟာ ဒေါသ ထွက်ခြင်း ၊ စိတ်ဆင်းရဲခြင်းနဲ့ လမ်းခွဲခြင်းကို ဖြစ်စေနိုင်တဲ့ စိတ်ခံစားမှုတွေကနေ ရှောင်ကြဉ် နိုင်အောင် စုံတွဲတွေကို ကူညီပေးနိုင်တယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။


Credit: mensfitness


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top