iMyanmarHouse.com - Best Property Website for Myanmar
×

ညဖက္အိပ္တဲ့အခါမွာ အ၀တ္အစားမ၀တ္ပဲ ကိုယ္လံုးတီးအိပ္တာကို ရွက္စရာလို႔ ယူဆတတ္ၾကပါတယ္။ ဒါေပမယ့္ အ၀တ္မဲ့အိပ္စက္တာဟာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးတစ္ခ်ိဳ႕ရရွိေစပါတယ္။ အ၀တ္မဲ့ အိပ္စက္ျခင္းရဲ႕ အက်ိဳးေက်းဇူး (၅)ခုကေတာ့ –

၁။ အိပ္လို႔ ပိုေကာင္းေစပါတယ္။

ညဖက္ အိပ္စက္တဲ့အခါမွာ အ၀တ္အစားေတြအားလံုးခၽြတ္ၿပီး အိပ္တာက ပိုၿပီးေတာ့ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္အပူခ်ိန္ဟာ အိပ္ေပ်ာ္ေနခ်ိန္မွာ နိမ့္က်သြားၿပီး ႏိုးထေနခ်ိန္မွာ ျမင့္တက္လာေလ့ရွိပါတယ္။ အ၀တ္အစားေတြ ၀တ္ထားတာက အပူအခ်ိန္အတက္အက်ကို အေႏွာက့္အယွက္ျဖစ္ေစပါတယ္။ အ၀တ္အစားေတြက ခႏၶာကိုယ္အပူခ်ိန္က်သြားခ်ိန္မွာ အပူဓာတ္ကိုထိန္းထားေပးတဲ့အတြက္ ညလယ္သန္းေခါင္က်မွ ေခၽြးေစးေတြထြက္ၿပီး ႏိုးလာေစတတ္ပါတယ္။ ဒါ့ေၾကာင့္ ရာသီဥတုပူအိုက္တဲ့အခ်ိန္ေတြမွာ အ၀တ္အစားမ၀တ္ပဲ အိပ္မယ္ဆိုရင္ ပိုၿပီးအိပ္လို႔ေကာင္းမွာျဖစ္ပါတယ္။

၂။ ဇီ၀ကမၼျဖစ္စဥ္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။

အ၀တ္အစားမ၀တ္ပဲ အိပ္စက္တာက ခႏၶာကိုယ္အပူခ်ိန္ကို က်သြားေစတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို အေထာက္အကူျဖစ္ေစပါတယ္။ ေလ့လာမႈေတြအရ ေအးျမတဲ့အခန္းထဲမွာ အိပ္သူေတြမွာ Brown fat လို႔ေခၚတဲ့ အဆီတစ္မ်ိဳးကို ပိုမိုထုတ္လုပ္ရတယ္လို႔ဆိုပါတယ္။ Brown fat ဟာ ခႏၶာကိုယ္အပူခ်ိန္ထိန္းညွိဖို႔အတြက္ ကယ္လိုရီေတြေလာင္ကၽြမ္းသြားေစတဲ့ က်န္းမာေရးအေထာက္အကူျပဳ အဆီတစ္မ်ိဳးျဖစ္ပါတယ္။ ဒီလို အလားတူရလဒ္မ်ိဳးကို အ၀တ္မဲ့အိပ္စက္သူေတြမွာလည္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

၃။ လိင္အဂၤါေတြမွာ ပိုး၀င္ေရာက္မႈကို ကာကြယ္ႏိုင္ပါတယ္။

အတြင္းခံေဘာင္းဘီ၀တ္ဆင္ၿပီး အိပ္တာဟာ ဆိုးက်ိဳးမ်ားတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ လိင္အဂၤါေတြကို ပိုး၀င္ေရာက္ႏိုင္ေခ်မ်ားပါတယ္။ အတြင္းခံေဘာင္းဘီေၾကာင့္ လိင္အဂၤါတ၀ိုက္မွာ ပူေႏြးစြတ္စိုေစၿပီး ဘက္တီးရီးယားေတြ ေပါက္ဖြားလာႏိုင္ပါတယ္။ ဒီကေနတဆင့္ လိင္အဂၤါေတြထဲ ပိုး၀င္ႏိုင္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အကုန္ခၽြတ္ၿပီး အိပ္မယ္ဆိုရင္ေတာ့ ပိုးကူးစက္ႏိုင္ေခ် မရွိသေလာက္နည္းသြားမွာျဖစ္ပါတယ္။

၄။ သုက္ပိုးေတြကို ပြားမ်ားေစႏိုင္ပါတယ္။

သင့္ရဲ႕ကပၸယ္အိတ္က သုက္ပိုးထုတ္လုပ္ဖိုပအတြက္ မွန္ကန္တဲ့အပူခ်ိန္ရွိဖို႔ လိုအပ္ပါတယ္။ အေကာင္းဆံုးအပူခ်ိန္ကေတာ့ (၉၅)ဒီဂရီနဲ႔ (၉၆)ဒီဂရီျဖစ္ပါတယ္။ ဒီအပူခ်ိန္က တစ္ကိုယ္လံုးအပူခ်ိန္ထက္ အနည္းငယ္ ေအးပါတယ္။ သင့္ရဲ႕ေ၀ွးေစ့ေတြမွာ အပူခ်ိန္မ်ားမ်ားသက္ေရာက္ေနမယ္ဆိုရင္ သုက္ပိုးေတြကို ထိခိုက္ေစႏိုင္ပါတယ္။ အတြင္းခံက်ပ္က်ပ္ေတြ ၀တ္တာကလည္း အပူခ်ိန္ျမင့္တက္ေစႏိုင္ပါတယ္။ မ်ိဳးဆက္ ျပန္႔ပြားခ်င္သူေတြဆိုရင္ေတာ့ ဂ႐ုစိုက္ပါလို႔ တိုက္တြန္းခ်င္ပါတယ္။

၅။ ၾကင္ဖက္နဲ႔ ဆက္ဆံေရးေကာင္းေစပါတယ္။

အမ်ိဳးသားနဲ႔ အမ်ိဳးသမီး အသားခ်င္း ထိေတြ႕မႈက ဦးေႏွာက္အတြင္း ေအာက္စီတိုဂ်င္ေဟာ္မုန္း ထုတ္လုပ္မႈကို ျဖစ္ေစပါတယ္။ ဒီေဟာ္မုန္းက စိတ္ဖိစီးမႈကို ေလ်ာ့ပါေစၿပီး ၾကင္ဖက္ကို ပိုၿပီးတြယ္တာလာေစပါတယ္။ ဒါ့အျပင္ လိင္စိတ္ကိုလည္း ႏုိးၾကားေစႏိုင္ပါတယ္။ ရွင္းရွင္းေျပာရရင္ အိပ္ရာထဲမွာ အ၀တ္မဲ့ခႏၶာကိုယ္ခ်င္း ထိေတြပြတ္တိုက္မႈေတြက ဘာေတြျဖစ္ေစႏိုင္လဲ အားလံုးသိၿပီးသားျဖစ္မွာပါ။

Credit:Gentleman Magazine


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညဖက်အိပ်တဲ့အခါမှာ အဝတ်အစားမဝတ်ပဲ ကိုယ်လုံးတီးအိပ်တာကို ရှက်စရာလို့ ယူဆတတ်ကြပါတယ်။ ဒါပေမယ့် အဝတ်မဲ့အိပ်စက်တာဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတစ်ချို့ရရှိစေပါတယ်။ အဝတ်မဲ့ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး (၅)ခုကတော့ –


၁။ အိပ်လို့ ပိုကောင်းစေပါတယ်။


ညဖက် အိပ်စက်တဲ့အခါမှာ အဝတ်အစားတွေအားလုံးချွတ်ပြီး အိပ်တာက ပိုပြီးတော့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ဟာ အိပ်ပျော်နေချိန်မှာ နိမ့်ကျသွားပြီး နိုးထနေချိန်မှာ မြင့်တက်လာလေ့ရှိပါတယ်။ အဝတ်အစားတွေ ဝတ်ထားတာက အပူအချိန်အတက်အကျကို အနှောက့်အယှက်ဖြစ်စေပါတယ်။ အဝတ်အစားတွေက ခန္ဓာကိုယ်အပူချိန်ကျသွားချိန်မှာ အပူဓာတ်ကိုထိန်းထားပေးတဲ့အတွက် ညလယ်သန်းခေါင်ကျမှ ချွေးစေးတွေထွက်ပြီး နိုးလာစေတတ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူအိုက်တဲ့အချိန်တွေမှာ အဝတ်အစားမဝတ်ပဲ အိပ်မယ်ဆိုရင် ပိုပြီးအိပ်လို့ကောင်းမှာဖြစ်ပါတယ်။


၂။ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။


အဝတ်အစားမဝတ်ပဲ အိပ်စက်တာက ခန္ဓာကိုယ်အပူချိန်ကို ကျသွားစေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတွေအရ အေးမြတဲ့အခန်းထဲမှာ အိပ်သူတွေမှာ Brown fat လို့ခေါ်တဲ့ အဆီတစ်မျိုးကို ပိုမိုထုတ်လုပ်ရတယ်လို့ဆိုပါတယ်။ Brown fat ဟာ ခန္ဓာကိုယ်အပူချိန်ထိန်းညှိဖို့အတွက် ကယ်လိုရီတွေလောင်ကျွမ်းသွားစေတဲ့ ကျန်းမာရေးအထောက်အကူပြု အဆီတစ်မျိုးဖြစ်ပါတယ်။ ဒီလို အလားတူရလဒ်မျိုးကို အဝတ်မဲ့အိပ်စက်သူတွေမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။


၃။ လိင်အင်္ဂါတွေမှာ ပိုးဝင်ရောက်မှုကို ကာကွယ်နိုင်ပါတယ်။


အတွင်းခံဘောင်းဘီဝတ်ဆင်ပြီး အိပ်တာဟာ ဆိုးကျိုးများတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ လိင်အင်္ဂါတွေကို ပိုးဝင်ရောက်နိုင်ချေများပါတယ်။ အတွင်းခံဘောင်းဘီကြောင့် လိင်အင်္ဂါတဝိုက်မှာ ပူနွေးစွတ်စိုစေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။ ဒီကနေတဆင့် လိင်အင်္ဂါတွေထဲ ပိုးဝင်နိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အကုန်ချွတ်ပြီး အိပ်မယ်ဆိုရင်တော့ ပိုးကူးစက်နိုင်ချေ မရှိသလောက်နည်းသွားမှာဖြစ်ပါတယ်။


၄။ သုက်ပိုးတွေကို ပွားများစေနိုင်ပါတယ်။


သင့်ရဲ့ကပ္ပယ်အိတ်က သုက်ပိုးထုတ်လုပ်ဖိုပအတွက် မှန်ကန်တဲ့အပူချိန်ရှိဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးအပူချိန်ကတော့ (၉၅)ဒီဂရီနဲ့ (၉၆)ဒီဂရီဖြစ်ပါတယ်။ ဒီအပူချိန်က တစ်ကိုယ်လုံးအပူချိန်ထက် အနည်းငယ် အေးပါတယ်။ သင့်ရဲ့ဝှေးစေ့တွေမှာ အပူချိန်များများသက်ရောက်နေမယ်ဆိုရင် သုက်ပိုးတွေကို ထိခိုက်စေနိုင်ပါတယ်။ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာကလည်း အပူချိန်မြင့်တက်စေနိုင်ပါတယ်။ မျိုးဆက် ပြန့်ပွားချင်သူတွေဆိုရင်တော့ ဂရုစိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။


၅။ ကြင်ဖက်နဲ့ ဆက်ဆံရေးကောင်းစေပါတယ်။


အမျိုးသားနဲ့ အမျိုးသမီး အသားချင်း ထိတွေ့မှုက ဦးနှောက်အတွင်း အောက်စီတိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။ ဒီဟော်မုန်းက စိတ်ဖိစီးမှုကို လျော့ပါစေပြီး ကြင်ဖက်ကို ပိုပြီးတွယ်တာလာစေပါတယ်။ ဒါ့အပြင် လိင်စိတ်ကိုလည်း နိုးကြားစေနိုင်ပါတယ်။ ရှင်းရှင်းပြောရရင် အိပ်ရာထဲမှာ အဝတ်မဲ့ခန္ဓာကိုယ်ချင်း ထိတွေပွတ်တိုက်မှုတွေက ဘာတွေဖြစ်စေနိုင်လဲ အားလုံးသိပြီးသားဖြစ်မှာပါ။


Credit:Gentleman Magazine




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top