iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Thithtoolwin



Unicode Version

ဒီသတင်းကတော့ ကြားရတာ စိတ်ချမ်းသာစရာပါ သင်ဟာ အိပ်စက်နေရင်းနဲ့ ပဲ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်ပါတယ်တဲ့။

သိပ္ပံ ပညာရှင် အဖွဲ့ တစ်ဖွဲ့ ရှာဖွေတွေ့ရှိခဲ့တာကတော့ ညဘက် အိပ်စက်နေစဉ်မှာပဲ သင့်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ရှိနေတဲ့ အဏုဇီ၀ ဘက်တီးရီးယား ပိုးမွှားတွေဟာ ကယ်လိုရီ တွေကို လောင်ကျွမ်းစေနိုင်တယ်ဆိုတာပါပဲ။

Lowa တက္ကသိုလ်က သုတေသီအဖွဲ့ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းက အဏုဇီ၀ ပိုးမွှားတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြောင်းလဲမှု တွေဖြစ်စေခြင်းဟာ ကိုယ်အလေးချိန် လျော့ကျမှု ကို ဖြစ်စေနိုင်တယ်ဆိုတာကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အဲဒီလို ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အဏုဇီ၀ ပိုးမွှားတွေကို ရရှိလာဖို့အတွက်တော့ Risperidone ဆိုတဲ့ ဆေးဝါးတစ်မျိုးက ဖန်တီးပေးနိုင်ပါတယ်။ Risperidone ဆိုတဲ့ ဆေးဝါးကတော့ အော်တစ်ဇင် ၊ ၂ ကိုယ်ခွဲ စိတ်ရောဂါ ၊ စိတ်ကစဥ့်ကလျား ရောဂါ တို့ကိုခံစားနေရတဲ့ ကလေး ၊ လူကြီး တို့အတွက်သောက်သုံးရတဲ့ ဆေးပဲ ဖြစ်ပါတယ်။

ထို ဆေးကို သောက်ထားရင်တော့ ညအိပ်ချိန်တွေမှာ ကိုယ်အလေးချိန်လျော့ကျမှုကို ဖြစ်စေတဲ့ အဏုဇိ၀ ပိုးမွှားတွေကိုသင့်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။

သုတေသီတွေကတော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုဟာ အဝလွန်ရောဂါအတွက် ကုထုံးတစ်ခု ဖြစ်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒီလေ့လာမှုကိုတော့ eBiomedicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။


Credit: Thithtoolwin



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top