iMyanmarHouse.com - Best Property Website for Myanmar
×

ေလ့လာေတြ႕ရွိခ်က္ေတြအရ ပန္းသီးဟာ လူတိုင္းရဲ႕က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ အစားအစာျဖစ္တယ္လို႔ ဆိုပါတယ္။

ပန္းသီးဟာ လူ႕ခႏၵာကိုယ္မွာမရွိမျဖစ္လိုအပ္တဲ့ antioxidants ဓာတ္ေတြအတြက္ အရင္းအျမစ္ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီ antioxidants ဓာတ္ေတြဟာ မိမိခႏၵာကိုယ္အတြင္းမွာ သဘာ၀အေလ်ာက္ျဖစ္ေပၚတတ္တဲ့ ဇီ၀ကမၼရုပ္ျဖစ္ပ်က္မႈနဲ႔ပတ္သက္တဲ့ ေရာဂါေတြကို ေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိတယ္လို႔ဆိုပါတယ္။
ပန္းသီးဟာ ၾကြက္သားေတြကိုလည္း တြယ္ဆက္မႈအားေကာင္းေစၿပီး သန္မာေတာင့္တင္းတဲ့ ၾကြကိသားေတြ ျဖစ္လာေအာင္ ကူညီတယ္လို႔ဆိုပါတယ္။

 အသက္အရြယ္ႀကီးရင့္သူေတြကို ေလ့လာမႈေတြ ျပဳလုပ္တဲ့အခ်ိန္မွာ ပန္းသီးကိုေန႔စဥ္စားသံုးေပးရင္ အရိုးက်ိဳးပဲ့မႈဒဏ္ကို ၅၂% အထိေလွ်ာ့ခ်ေပးနိုင္တယ္လို႔ဆိုပါတယ္။

 တိရိစာၦန္ေတြမွာ စမ္းသပ္မႈေတြျပဳလုပ္ခ်ိန္မွာေတာ့ ပန္းသီးဟာ သက္တမး္ပိုရွည္ေစတာကို ေတြ႕ရပါတယ္။ ပန္းသီးဟာ ေသြးတြင္းမလိုအပ္တဲ့ cholestrol ပါ၀င္မႈကို ၂၃% အထိေလွ်ာ့ခ်ေပးၿပီး လိုအပ္တဲ့ cholestrol ကို ၄% အထိ တိုးျမွင့္ေပးတယ္လို႔ဆိုပါတယ္။

ပန္းသီးဟာ အိုမင္းရင့္ေရာ္မႈကို ေလွ်ာ့ခ်ေပးၿပီး မ်က္နွာမွာ အေရးအေၾကာင္းေတြေပၚမလာေအာင္လည္း ကာကြယ္ေပးတယ္လို႔ သိရပါတယ္။ The Florida State တကၠသိုလ္က ေလ့လာသူေတြကေတာ့  ပန္းသီးကို "မအိုသီး"လို႔ ဆိုပါတယ္။

*ပန္းသီးစားရာမွာ သိထားရမယ့္အခ်က္ကေတာ့ ပန္းသီးဟာ အခြံမွာ အာဟာရဓာတ္မ်ားစြာနဲ႔ fibre ဓာတ္ေတြပါ၀င္လို႔ ပန္းသီးစားရင္ အခြံမႏႊာဖို႔ကိုလည္း အၾကံျပဳထားပါတယ္။ *

Credit:သစ္ထူးလြင္(က်န္းမာေရး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လေ့လာတွေ့ရှိချက်တွေအရ ပန်းသီးဟာ လူတိုင်းရဲ့ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းသီးဟာ လူ့ခန္ဒာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ antioxidants ဓာတ်တွေအတွက် အရင်းအမြစ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ antioxidants ဓာတ်တွေဟာ မိမိခန္ဒာကိုယ်အတွင်းမှာ သဘာဝအလျောက်ဖြစ်ပေါ်တတ်တဲ့ ဇီဝကမ္မရုပ်ဖြစ်ပျက်မှုနဲ့ပတ်သက်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။
ပန်းသီးဟာ ကြွက်သားတွေကိုလည်း တွယ်ဆက်မှုအားကောင်းစေပြီး သန်မာတောင့်တင်းတဲ့ ကြွကိသားတွေ ဖြစ်လာအောင် ကူညီတယ်လို့ဆိုပါတယ်။

 အသက်အရွယ်ကြီးရင့်သူတွေကို လေ့လာမှုတွေ ပြုလုပ်တဲ့အချိန်မှာ ပန်းသီးကိုနေ့စဉ်စားသုံးပေးရင် အရိုးကျိုးပဲ့မှုဒဏ်ကို ၅၂% အထိလျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

 တိရိစ္ဆာန်တွေမှာ စမ်းသပ်မှုတွေပြုလုပ်ချိန်မှာတော့ ပန်းသီးဟာ သက်တမ်းပိုရှည်စေတာကို တွေ့ရပါတယ်။ ပန်းသီးဟာ သွေးတွင်းမလိုအပ်တဲ့ cholestrol ပါဝင်မှုကို ၂၃% အထိလျှော့ချပေးပြီး လိုအပ်တဲ့ cholestrol ကို ၄% အထိ တိုးမြှင့်ပေးတယ်လို့ဆိုပါတယ်။

ပန်းသီးဟာ အိုမင်းရင့်ရော်မှုကို လျှော့ချပေးပြီး မျက်နှာမှာ အရေးအကြောင်းတွေပေါ်မလာအောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။ The Florida State တက္ကသိုလ်က လေ့လာသူတွေကတော့  ပန်းသီးကို "မအိုသီး"လို့ ဆိုပါတယ်။

*ပန်းသီးစားရာမှာ သိထားရမယ့်အချက်ကတော့ ပန်းသီးဟာ အခွံမှာ အာဟာရဓာတ်များစွာနဲ့ fibre ဓာတ်တွေပါဝင်လို့ ပန်းသီးစားရင် အခွံမနွှာဖို့ကိုလည်း အကြံပြုထားပါတယ်။ *

Credit:သစ်ထူးလွင်(ကျန်းမာရေး)



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...







 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top