iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစားဆိုတာ ဘယ္ေလာက္ခ်စ္ၾကတယ္ေျပာေျပာ အဆင္မေျပရင္ ျပတ္တတ္ၾကတာမ်ိဳးပါ။ ေနာက္ျပီး အေၾကာင္းေၾကာင္းေၾကာင့္ တစ္ဖက္ဖက္က လမ္းခြဲစကားေျပာျပီး ျပတ္စဲဖို႕ၾကိဳးစားရတာေတြလည္း ရွိတတ္ပါတယ္။ ဒါဆို ဘယ္လိုေနရာမ်ိဳးေတြမွာ လမ္းခြဲစကား မေျပာသင့္ဘူးဆိုတာလည္း သိထားဖို႕လိုပါတယ္။

၁။ ကားမွတ္တိုင္၊ ရထားဘူတာ

လူတိုင္း ေရးၾကီးသုတ္ပ်ာ ျဖစ္ေနတတ္ၾကတဲ့ ေနရာမ်ိဳးပါ။ လမ္းခြဲဖို႕ေျပာတယ္ဆိုတာ အဆင္ေျပေျပနဲ႕ ေအးေဆးညင္သာစြာ ျပီးဆံုးသြားသင့္တဲ့ အေျခအေနမ်ိဳးပါ။ အဲ့တာကို ဒီလိုလူျမင္သူျမင္၊ လူအရႈပ္ဆံုးေနရာမွာ ေျပာဆိုလိုက္ရတာက အဆင္မေျပဖို႕အမ်ားဆံုးပါပဲ။ ေနာက္ျပီး ေျဖရွင္းတာေတြ၊ ျငင္းခံုရတာေတြပါ ပါလာရင္ အရွက္ကြဲ႕ရတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။

၂။ ရုပ္ရွင္ရံု

ရုပ္ရွင္ရံုဆိုတာ ခ်စ္သူရည္းစားေတြ ယုယၾကင္နာမႈေတြဖလွယ္ခြင့္ရတဲ့ေနရာပါ။ ခ်စ္သူေတြရဲ႕ အမွတ္တရေတြ၊ ေပ်ာ္ရႊင္မႈေတြကို ဖန္ဆင္ေပးတဲ့ေနရာဆိုလည္းမမွားဘူးေပါ့။ အဲ့တာကို ကိုယ္က လမ္းခြဲျပတ္စဲဖို႕ေျပာလိုက္တာက ဘယ္လိုမွအက္စပ္မႈမရွိပါဘူး။

ေနာက္ျပီး ရုပ္ရွင္ရံုဆိုတာ ျပေနတဲ့ရုပ္ရွင္ဇာတ္ကားေရာ၊ ကံဆိုးရင္ လာၾကည့္တဲ့ ပရိသတ္ေတြ ျပည့္ႏွက္ေနတာမ်ိဳးေရာနဲ႕ဆိုရင္ ေတာ္ေတာ္ေအာင့္သီးေအာင့္သက္ႏိုင္မယ့္ အျဖစ္မ်ိဳးျဖစ္သြားမွာပါ။

၃။ စာသင္ခန္း

တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေလးေတြရဲ႕ အခ်စ္ဇာတ္လမ္းဆိုတာ အရမ္းစိတ္ကူးယဥ္ဆန္တဲ့ အရာပါ။ ဒီလိုပဲ သူတို႕ေလးေတြ လမ္းခြဲျပတ္စဲတယ္ဆုိတာလည္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာတစ္ခုပဲေပါ့။ ဒါေပမယ့္ ေက်ာင္းမွာရွိေနတယ္ဆိုရင္ေတာင္ လမ္းခြဲဖို႕စကားကို စာသင္ခန္းထဲမွာ ေျပာတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႕။

ေဘးပတ္ဝန္းက်င္နဲ႕ တျခား ဂရုစိုက္အေလးထားစရာေတြ ရွိပါေသးတယ္။ ျဖစ္ႏိုင္ရင္ စာသင္ခန္းနဲ႕ေဝးျပီး လူနည္းတဲ့ ေက်ာင္းေလွကား၊ ေက်ာင္းကန္တင္းလို ေနရာမ်ိဳးေတြမွာ ေျပာပါ။

၄။ တိရစာၦန္ရံု

ပန္းၿခံနဲ႕ တိရစာၦန္ရံု မတူပါဘူး။ ပန္းၿခံဆိုတာ ခ်စ္သူရည္းစားေတြ ခ်ိန္းေတြ႕တာ လမ္းခြဲတာေတြ အမ်ားဆံုးျဖစ္ေလ့ရွိေပမယ့္ တိရစာၦန္ရံုက သပ္သပ္ပါ။ တိရစာၦန္ရံုမွာ ငါ့ကိုျဖတ္သြားတယ္ဆိုတာမ်ိဳးက အက္စပ္မႈမရွိသလို လူၾကားလို႕လည္း မေကာင္းပါဘူး။ အူေၾကာင္ေၾကာင္ႏုိင္လြန္းပါတယ္။

၅။ အလုပ္

ဒါကေတာ့ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့သူတိုင္း သိမွာပါ။ ကိုယ္ေရးကိုယ္တာကိစၥ အထူးသျဖင့္ လမ္းခြဲျပတ္စဲတာလို အေရးၾကီးတဲ့ ႏွစ္ကိုယ္သိကိစၥကို အလုပ္ထဲမွာ ဘယ္ေတာ့မွ မလုပ္ပါနဲ႕။

၆။ ပါတီ

လူေတြအေပ်ာ္ရွာဖို႕ သြားၾကတာပါ။ သင္လည္း ေပ်ာ္ရႊင္ဖို႕သြားတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ ဆူညံခုန္ေပါက္ေနတဲ့ၾကားမွာ လမ္းခြဲရေအာင္လို႕ ေျပာတာမ်ိဳးကေတာ့ ဘယ္လိုမွ မျဖစ္သင့္ပါဘူး။

၇။ ႏွစ္ဖက္မိဘေတြအိမ္

ကိုယ္က သူတို႕မိဘေတြဆီသြားလည္ရင္းပဲျဖစ္ျဖစ္၊ သူက ကိုယ္ေတြမိသားစုအိမ္လာတာပဲျဖစ္ျဖစ္ အဲ့လိုအခ်ိန္မ်ိဳးမွာ လမ္းခြဲဖုိ႕ေျပာတာကိုေရွာင္ပါ။ လူၾကီးေတြမ်က္ႏွာရွိသလို၊ တစ္ဖက္ကို အရွက္ရေစသလိုျဖစ္သြားပါလိမ့္မယ္။

Credit :Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်သူရည်းစားဆိုတာ ဘယ်လောက်ချစ်ကြတယ်ပြောပြော အဆင်မပြေရင် ပြတ်တတ်ကြတာမျိုးပါ။ နောက်ပြီး အကြောင်းကြောင်းကြောင့် တစ်ဖက်ဖက်က လမ်းခွဲစကားပြောပြီး ပြတ်စဲဖို့ကြိုးစားရတာတွေလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လိုနေရာမျိုးတွေမှာ လမ်းခွဲစကား မပြောသင့်ဘူးဆိုတာလည်း သိထားဖို့လိုပါတယ်။

၁။ ကားမှတ်တိုင်၊ ရထားဘူတာ

လူတိုင်း ရေးကြီးသုတ်ပျာ ဖြစ်နေတတ်ကြတဲ့ နေရာမျိုးပါ။ လမ်းခွဲဖို့ပြောတယ်ဆိုတာ အဆင်ပြေပြေနဲ့ အေးဆေးညင်သာစွာ ပြီးဆုံးသွားသင့်တဲ့ အခြေအနေမျိုးပါ။ အဲ့တာကို ဒီလိုလူမြင်သူမြင်၊ လူအရှုပ်ဆုံးနေရာမှာ ပြောဆိုလိုက်ရတာက အဆင်မပြေဖို့အများဆုံးပါပဲ။ နောက်ပြီး ဖြေရှင်းတာတွေ၊ ငြင်းခုံရတာတွေပါ ပါလာရင် အရှက်ကွဲ့ရတာမျိုးလည်း မဖြစ်သင့်ပါဘူး။

၂။ ရုပ်ရှင်ရုံ

ရုပ်ရှင်ရုံဆိုတာ ချစ်သူရည်းစားတွေ ယုယကြင်နာမှုတွေဖလှယ်ခွင့်ရတဲ့နေရာပါ။ ချစ်သူတွေရဲ့ အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေကို ဖန်ဆင်ပေးတဲ့နေရာဆိုလည်းမမှားဘူးပေါ့။ အဲ့တာကို ကိုယ်က လမ်းခွဲပြတ်စဲဖို့ပြောလိုက်တာက ဘယ်လိုမှအက်စပ်မှုမရှိပါဘူး။

နောက်ပြီး ရုပ်ရှင်ရုံဆိုတာ ပြနေတဲ့ရုပ်ရှင်ဇာတ်ကားရော၊ ကံဆိုးရင် လာကြည့်တဲ့ ပရိသတ်တွေ ပြည့်နှက်နေတာမျိုးရောနဲ့ဆိုရင် တော်တော်အောင့်သီးအောင့်သက်နိုင်မယ့် အဖြစ်မျိုးဖြစ်သွားမှာပါ။

၃။ စာသင်ခန်း

တက္ကသိုလ်ကျောင်းသူကျောင်းသားလေးတွေရဲ့ အချစ်ဇာတ်လမ်းဆိုတာ အရမ်းစိတ်ကူးယဉ်ဆန်တဲ့ အရာပါ။ ဒီလိုပဲ သူတို့လေးတွေ လမ်းခွဲပြတ်စဲတယ်ဆိုတာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပဲပေါ့။ ဒါပေမယ့် ကျောင်းမှာရှိနေတယ်ဆိုရင်တောင် လမ်းခွဲဖို့စကားကို စာသင်ခန်းထဲမှာ ပြောတာမျိုးတော့ မဖြစ်ပါစေနဲ့။

ဘေးပတ်ဝန်းကျင်နဲ့ တခြား ဂရုစိုက်အလေးထားစရာတွေ ရှိပါသေးတယ်။ ဖြစ်နိုင်ရင် စာသင်ခန်းနဲ့ဝေးပြီး လူနည်းတဲ့ ကျောင်းလှေကား၊ ကျောင်းကန်တင်းလို နေရာမျိုးတွေမှာ ပြောပါ။

၄။ တိရစ္ဆာန်ရုံ

ပန်းခြံနဲ့ တိရစ္ဆာန်ရုံ မတူပါဘူး။ ပန်းခြံဆိုတာ ချစ်သူရည်းစားတွေ ချိန်းတွေ့တာ လမ်းခွဲတာတွေ အများဆုံးဖြစ်လေ့ရှိပေမယ့် တိရစ္ဆာန်ရုံက သပ်သပ်ပါ။ တိရစ္ဆာန်ရုံမှာ ငါ့ကိုဖြတ်သွားတယ်ဆိုတာမျိုးက အက်စပ်မှုမရှိသလို လူကြားလို့လည်း မကောင်းပါဘူး။ အူကြောင်ကြောင်နိုင်လွန်းပါတယ်။

၅။ အလုပ်

ဒါကတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့သူတိုင်း သိမှာပါ။ ကိုယ်ရေးကိုယ်တာကိစ္စ အထူးသဖြင့် လမ်းခွဲပြတ်စဲတာလို အရေးကြီးတဲ့ နှစ်ကိုယ်သိကိစ္စကို အလုပ်ထဲမှာ ဘယ်တော့မှ မလုပ်ပါနဲ့။

၆။ ပါတီ

လူတွေအပျော်ရှာဖို့ သွားကြတာပါ။ သင်လည်း ပျော်ရွှင်ဖို့သွားတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဆူညံခုန်ပေါက်နေတဲ့ကြားမှာ လမ်းခွဲရအောင်လို့ ပြောတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

၇။ နှစ်ဖက်မိဘတွေအိမ်

ကိုယ်က သူတို့မိဘတွေဆီသွားလည်ရင်းပဲဖြစ်ဖြစ်၊ သူက ကိုယ်တွေမိသားစုအိမ်လာတာပဲဖြစ်ဖြစ် အဲ့လိုအချိန်မျိုးမှာ လမ်းခွဲဖို့ပြောတာကိုရှောင်ပါ။ လူကြီးတွေမျက်နှာရှိသလို၊ တစ်ဖက်ကို အရှက်ရစေသလိုဖြစ်သွားပါလိမ့်မယ်။


Credit :Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top