iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိမွာ ေၾကာ္ျငာရုိက္ကူးမႈေတြနဲ႕အလုပ္ရႈပ္ေနတဲ့ ေမျမတ္ႏုိးက တစ္ကုိယ္ေတာ္ အယ္လ္ဘမ္အေခြကို ႏွစ္ကုန္ပိုင္းမွာထြက္ရွိမယ္လို႕သိရပါတယ္။ အခ်စ္နဲ႕အလြမ္းသီခ်င္းေတြသာမ်ားၿပီး EDM ျမဴးဆစ္ပံုစံမ်ိဳးေတာ့ မပါ၀င္ပါဘူးတဲ့။ ဒါ့အျပင္ စက္တင္ဘာ ၉ရက္ေန႕ နယူးေယာက္ႏုိင္ငံမွာက်င္းျပဳလုပ္မဲ့နယူးေယာက္ Fashion Week ကိုလဲ ျမန္မာႏုိင္ငံကုိယ္စားျပဳအေနနဲ႕တက္ေရာက္ဖို႕ရွိၿပီး တစ္လၾကာျမင့္မယ္လို႕ေျပာျပလာတဲ့ ေမျမတ္ႏုိးရဲ႕ နယူးေယာက္ခရီးစဥ္အေၾကာင္းကိုေမးျမန္းၾကည့္တဲ့အခါ

" ျမတ္ႏိုးလာမဲ့ ၉လပိုင္း ၉ရက္ေန႕ နယူးေယာက္မွာလုပ္မဲ့ Fashion week ကုိပြဲတက္သြားဖို႕ရွိတယ္။ ပြဲသံုးပြဲေပါ့။ ၿပီးရင္ဟိုမွာ ျမတ္ႏုိးၾကာၾကာေလးေနမယ္။ ဒီက ဒီဇိုင္နာေတြရဲ႕ ၀တ္စံုေတြနဲ႕ဓာတ္ပံုရုိက္ဖို႕အတြက္ေပါ့။ အန္တီမိုးကုတ္ေပါက္ေပါက္က သံုးစံုခ်ဳပ္ေပးမယ္။ ေနာက္ျမတ္ႏုိးရဲ႕ Brand ျဖစ္တဲ့ prestige brand ကလဲ ျမတ္ႏုိးကို စပြန္ဆာေပးမယ္။ ေနာက္မေဌးေဌးတင္လဲ ျမန္မာ၀တ္စံုေလးေတြေပးမယ္။ အဲ့ဒါေတြကအဓိက ၀တ္ေပးရမယ္ေပါ့။ ဟိုမွာ ဓာတ္ပံုေတြလဲရိုက္မယ္။ ပြဲအပါအ၀င္ ညီမဟိုမွာ ၁လ ေလာက္ေနမွာပါ။ လည္မွာပတ္မွာေတြလဲ ရွိေနေသးတဲ့အတြက္ ပြဲရက္အပါအ၀င္ဟိုမွာတစ္လေလာက္ေနမွာပါ"လို႕ သူမက ေျပာပါတယ္။

နယူးေယာက္ Fashion Week ကိုသြားတက္ရမဲ့ စိတ္ခံစားမႈအေပၚကိုလည္း သူမက "အရမ္းကိုေပ်ာ္ေနပါတယ္။ အရမ္းလဲစိတ္လႈပ္ရွားေနတယ္။ အရမ္းလဲေမွ်ာ္လင့္ထားတယ္။ ဟိုဖက္က ေအဂ်င္စီေတြနဲ႕လက္တြဲျဖစ္ရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ အခြင့္အလမ္းေတြရွိရင္ေတာ့ လုပ္ျဖစ္မွာပါ"တဲ့။

သီခ်င္းေခြလဲထုတ္ေနၿပီျဖစ္တဲ့ သူမက "ဒီႏွစ္ကုန္တစ္ကုိယ္ေတာ္အေခြထြက္ဖို႕စီစဥ္ေနတယ္။ အခုေလာေလာဆယ္မွာ ငါးဆယ္ရာခုိင္ႏႈန္းေလာက္ေတာ့ၿပီးေနၿပီ။ ေတးေရးေတြက ၀ိုင္းေလး၊ ေ၀လွ်ံ၊ ဟဲေလး၊ သားသား၊ ဆရာေရႊေဂ်ာ္ေဂ်ာ္၊ ဆရာျမင့္မိုးေအာင္က်န္တဲ့သံုးေယာက္ကိုေတာ့ ေနာက္မွေျပာျပမယ္။ ကိုယ္ကိုတုိင္ရဲ႕စိတ္ခံစားခ်က္ေတြလဲသီခ်င္းေရးဆရာေတြကိုေျပာျပၿပီးထည့္ထားတာမ်ိဳးရွိတယ္။ အလြမ္းနဲ႕အခ်စ္ပိုမ်ားမယ္။ ျမဴးတာသိပ္မပါဘူး။ Featuring မပါပါဘူး။ သီခ်င္းေခြနာမည္ကို သီခ်င္းထဲမွာမပါတဲ့ အသစ္ကိုေပးမွာပါ"လုိ႕ ေျပာျပသြားပါတယ္။

လက္ရွိမွာ ေၾကာ္ျငာရုိက္ကူးမႈေတြနဲ႕အလုပ္ရႈပ္ေနတဲ့ ေမျမတ္ႏုိးက နယူးေယာက္ Fashion Week ကျပန္လာတဲ့အခါက်ရင္ေတာ့ ျမင့္ျမတ္နဲ႕ရုပ္ရွင္ကားၾကီးတစ္ကားရိုက္ကူးဖို႕ရွိတယ္လို႕သိရပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေနဲ့အလုပ်ရှုပ်နေတဲ့ မေမြတ်နိုးက တစ်ကိုယ်တော် အယ်လ်ဘမ်အခွေကို နှစ်ကုန်ပိုင်းမှာထွက်ရှိမယ်လို့သိရပါတယ်။ အချစ်နဲ့အလွမ်းသီချင်းတွေသာများပြီး EDM မြူးဆစ်ပုံစံမျိုးတော့ မပါဝင်ပါဘူးတဲ့။ ဒါ့အပြင် စက်တင်ဘာ ၉ရက်နေ့ နယူးယောက်နိုင်ငံမှာကျင်းပြုလုပ်မဲ့နယူးယောက် Fashion Week ကိုလဲ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တက်ရောက်ဖို့ရှိပြီး တစ်လကြာမြင့်မယ်လို့ပြောပြလာတဲ့ မေမြတ်နိုးရဲ့ နယူးယောက်ခရီးစဉ်အကြောင်းကိုမေးမြန်းကြည့်တဲ့အခါ

" မြတ်နိုးလာမဲ့ ၉လပိုင်း ၉ရက်နေ့ နယူးယောက်မှာလုပ်မဲ့ Fashion week ကိုပွဲတက်သွားဖို့ရှိတယ်။ ပွဲသုံးပွဲပေါ့။ ပြီးရင်ဟိုမှာ မြတ်နိုးကြာကြာလေးနေမယ်။ ဒီက ဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေနဲ့ဓာတ်ပုံရိုက်ဖို့အတွက်ပေါ့။ အန်တီမိုးကုတ်ပေါက်ပေါက်က သုံးစုံချုပ်ပေးမယ်။ နောက်မြတ်နိုးရဲ့ Brand ဖြစ်တဲ့ prestige brand ကလဲ မြတ်နိုးကို စပွန်ဆာပေးမယ်။ နောက်မဌေးဌေးတင်လဲ မြန်မာဝတ်စုံလေးတွေပေးမယ်။ အဲ့ဒါတွေကအဓိက ဝတ်ပေးရမယ်ပေါ့။ ဟိုမှာ ဓာတ်ပုံတွေလဲရိုက်မယ်။ ပွဲအပါအဝင် ညီမဟိုမှာ ၁လ လောက်နေမှာပါ။ လည်မှာပတ်မှာတွေလဲ ရှိနေသေးတဲ့အတွက် ပွဲရက်အပါအဝင်ဟိုမှာတစ်လလောက်နေမှာပါ"လို့ သူမက ပြောပါတယ်။

နယူးယောက် Fashion Week ကိုသွားတက်ရမဲ့ စိတ်ခံစားမှုအပေါ်ကိုလည်း သူမက "အရမ်းကိုပျော်နေပါတယ်။ အရမ်းလဲစိတ်လှုပ်ရှားနေတယ်။ အရမ်းလဲမျှော်လင့်ထားတယ်။ ဟိုဖက်က အေဂျင်စီတွေနဲ့လက်တွဲဖြစ်ရင်တော့ ကောင်းတာပေါ့နော်။ အခွင့်အလမ်းတွေရှိရင်တော့ လုပ်ဖြစ်မှာပါ"တဲ့။

သီချင်းခွေလဲထုတ်နေပြီဖြစ်တဲ့ သူမက "ဒီနှစ်ကုန်တစ်ကိုယ်တော်အခွေထွက်ဖို့စီစဉ်နေတယ်။ အခုလောလောဆယ်မှာ ငါးဆယ်ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ။ တေးရေးတွေက ဝိုင်းလေး၊ ဝေလျှံ၊ ဟဲလေး၊ သားသား၊ ဆရာရွှေဂျော်ဂျော်၊ ဆရာမြင့်မိုးအောင်ကျန်တဲ့သုံးယောက်ကိုတော့ နောက်မှပြောပြမယ်။ ကိုယ်ကိုတိုင်ရဲ့စိတ်ခံစားချက်တွေလဲသီချင်းရေးဆရာတွေကိုပြောပြပြီးထည့်ထားတာမျိုးရှိတယ်။ အလွမ်းနဲ့အချစ်ပိုများမယ်။ မြူးတာသိပ်မပါဘူး။ Featuring မပါပါဘူး။ သီချင်းခွေနာမည်ကို သီချင်းထဲမှာမပါတဲ့ အသစ်ကိုပေးမှာပါ"လို့ ပြောပြသွားပါတယ်။

လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေနဲ့အလုပ်ရှုပ်နေတဲ့ မေမြတ်နိုးက နယူးယောက် Fashion Week ကပြန်လာတဲ့အခါကျရင်တော့ မြင့်မြတ်နဲ့ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးဖို့ရှိတယ်လို့သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top