iMyanmarHouse.com - Best Property Website for Myanmar
×














Unicode Version

B သွေးတွေဟာဆိုရင် အဓိက အားဖြင့် ယုံကြည်မှုလွန်ကဲကြတယ်..
အစွဲအလန်းကြီးတယ်.. အစွန်းရောက်တတ်ကြတယ်..
အနိုင်ထက် အရှုံးကိုယှဉ်ဆိုင်ရမှာ မလိုလားတဲ့သူတွေဖြစ်ကြပါတယ်..

B သွေးအများစုကိုကြည့်မယ်ဆိုရင် သူငယ်ချင်းကို ချစ်သူထက် ပိုပြီး
ခင်မင်တွယ်တာ တတ်တဲ့သဘောရှိပါတယ်.. ဒီအချက်ဟာဆိုရင်
B သွေးတွေရဲ့အဓိက အားနည်းချက်ဖြစ်ပါတယ်.. လောကမှာ
သူငယ်ချင်းကောင်းဆိုတာနာမည်သာကြားကောင်းယုံဖြစ်ပြီး
တကယ့်လက်တွေ့မှာ ရှာဖွေရန် အင်မတန်ခက်ခဲသော အရာတစ်ခု
ဖြစ်ပါတယ်.. ဒီတော့.. B သွေးတွေကြုံတွေ့ရတဲ့ ပြဿနာကဆိုလျှင်
သူငယ်ချင်းပေါ်အယုံကြည်လွန်ပြီး.. သူငယ်ချင်းများက B သွေးပိုင်ရှင်
များကိုခုတုံးလုပ်ပြီး အနိုင်ယူတတ်ခြင်းပါပဲ.. ဘီသွေးတွေရဲ့ သည်းခံခြင်း
ခွင့်လွှတ်ခြင်း အေးဆေးစွာပြုမူနေထိုင်ခြင်းကို အခွင့်ကောင်းယူကာ
အနိုင်ယူခြင်းကြောင့်.. B သွေးအများစုဟာ သူငယ်ချင်းများ၏ အနိုင်ယူမှု
ကိုခံကြရတဲ့သူများဖြစ်တယ်..

ချစ်သူရည်းစားအနေဖြင့် ပြောရလျှင် B သွေးများဟာ သံယောဇဉ်ကြီးတတ်
ခြင်းသံယောဇဉ် အမျှင်တန်းတတ်ခြင်း ဆိုတဲ့အချက်များကြောင့် ခံစားချက်ကြီးတတ်ကြ ပါတယ်... မေ့ပျောက်ရခက်ခဲတတ်ပါတယ်..

နောက်ပြီး B သွေးတွေဟာ စိတ်ခံစားချက် အရမ်းပြင်းထန်တတ်ကြပါတယ်.
ဒီတော့ ဘီသွေးတွေ ကြုံတွေ့ရတာဟာ စိတ်ကျလွယ်တယ်.. ညဘက်ဆို တော်တော်နဲ့ အိပ်မပျော်ခြင်း စိတ်ဖိ စီးမှုများခြင်း စတဲ့အရာတွေကိုကြုံတွေ့ရတတ်ပါတယ်.. ဘီသွေးတွေဟာဆိုရင် ကိုယ့်ကိစ္စ ထက်သူ များ ကိစ္စကို ခေါင်းထဲပိုထည့်ထားတတ်ကြပါတယ်.. ဒါကလဲ သူတို့ရဲ့ အားနည်းချက် တစ်ခုပါ..

B သွေးများဟာတော်တော်နဲ့ မရောင့်ရဲလွယ်ကြပါဘူး သူများအပေါ်ကောင်း
သလောက် ကိုယ့်အပေါ်ကိုလည်းပြန်ကောင်းစေချင်တဲ့သူမျိုးတွေပါ.. ဒါပေမဲ့ တစ်ဖက်လူက ကိုယ့်အပေါ်ကို ပြန်တော့ကောင်းပေးပေမဲ့. ကိုယ့်စိတ်ထဲမှာ အားမလို အားမရဖြစ်နေတတ်ပါတယ်.. ကိုယ့်တစ်ယောက် ထဲကိုပဲ ဂရုစိုက်စေချင် ကောင်းစေချင်တဲ့ အတ္တတွေလည်းသိပ်များတဲ့ သူတွေပါပဲ..

ဒီတော့ချစ်သူရည်းစားကြားတွေမှာလဲ ကိုယ့်ချစ်သူ B သွေးပိုင်ရှင်လေးကို နားလည်မှုအပြည့်အဝထားပြီး.. အပေါ်က ပြောခဲ့တဲ့ အချက်ကလေးကို ဂရုစိုက်ပြီး ရွှေလက်ခိုင်ခိုင်မြဲနိုင်ကြပါစေလို့.. ဆုတောင်းပေး လိုက်ပါတယ်..




Credit:B သွေးပိုင်ရှင်ချောချောလေးများ




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top