iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Health Updates




Unicode Version

ကိုယ်ဝန်ဆောင်စဉ်အချိန်၌ လက်ဖက်စိမ်းသောက်ခြင်းသည် အနည်းငယ်မျှဖြစ်ပါက အန္တရာယ်မရှိ နိုင်သော်လည်း အလွန်အကျွံ သောက်သုံးခြင်းက ဘေးဥပဒ်ဖြစ်စေနိုင်သည်။ ရိုးရိုးလက်ဖက်ရည်ထက် ယင်းတွင် ကဖိန်းအနည်းငယ်ပါဝင်သည်။

သို့ဖြစ်၍ ကော်ဖီ၊ အအေး စွမ်းအားဖြည့် အချိုရည်၊ ချောကလက်၊ cake များသည် အလားတူ ဖြစ်သဖြင့် ချင့်ချိန်သောက်ရမည်။ လက်ဖက်စိမ်း သည် သာမန်လူများအတွက် အင်တီအောက်စီးဒင့်ပါဝင်သဖြင့် အရွယ်အိုမင်းမှုကို ဟန့်တားစေပြီး သောက်ရန် သင့်တော်သည်။

သို့သော် လက်ဖက်စိမ်းသည် ကိုယ်ဝန်ဆောင်များတွင် လိုအပ်သော “ဖောလစ်အက်ဆစ်”ကို လျော့နည်း သွားစေသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနှင့် ပထမ (၁၂)ပတ်တွင် အရေးကြီးသော အာဟာရ အဖြစ် “ဖောလစ်အက်ဆစ်”ကို လိုအပ်သည်။

ထိုမျှမက လက်ဖက်စိမ်းကဲ့သို့သော အခြားသောလက်ဖက်ရည်များသည် အစာအာဟာရထဲမှ သံဓာတ်ကို စုပ်ယူသဖြင့် လက်ဖက်စိမ်းကို မိမိ၏အစာနှင့်အတူ သောက်သုံးရန်မသင့်ချေ။


Credit: Health Updates




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top