iMyanmarHouse.com - Best Property Website for Myanmar
×

ညအိပ္ရင္း ေခြ်းတျပဳိက္ျပိဳက္ထြက္တာထက္ စိတ္အေႏွာင့္အယွက္ျဖစ္တာ မရိွပါဘူး။ ဒီေတာ့ ပန္ကာေလးဖြင့္လုိက္ရင္ ေလေအးေလး တျဖဴးျဖဴးနဲ႕ ခ်က္ခ်င္းအအိုက္ေျပလာပါလိမ့္မယ္။ အဲဒီလုိလုပ္ဖုိ႔ အင္မတန္လြယ္ကူပါတယ္။ ဒါေပမယ့္ တစ္ညလုံး ပန္ကာအသုံးျပဳျခင္းေၾကာင့္ ျပသနာတခ်ဳိ႕ ရိွႏိုင္ပါတယ္။

ညအိပ္ေနစဥ္ ပန္ကာျဖင့္ မိမိကိုယ္ကိုယ္ အေအးေပးျခင္းရဲ႕ ဆုိးက်ဳိး (၂) ခ်က္ရိွပါတယ္။

ပထမအခ်က္က ပန္ကာက ေလထုေျခာက္ေသြ႔ေစပါတယ္။ ပူအုိက္ေနတဲ့အခ်ိန္ ကပ္ေစးကပ္ေစး ျဖစ္တာေတြ မရိွေတာ့ဘဲ ေကာင္းတယ္လုိ႔ ယူဆမိပါလိမ့္မယ္။ ဒါေပမယ့္ ေလထုေသြ႔ေျခာက္သြားတဲ့အခါ ခံတြင္းနဲ႔ ေလျပြန္ေတြ ေျခာက္ကပ္ကာ အိပ္မရျဖစ္ေစပါတယ္။ ျပင္းထန္စြာ ေရငတ္ေစျပီး အေအးမိျခင္းပါ ျဖစ္ေစႏုိင္ပါတယ္။

ဒုတိယအခ်က္က ေန႔ဘက္ သိပ္အသုံးမျပဳတဲ့ ပန္ကာေတြက ဖုန္ေတြ စုရုံးေစပါတယ္။ ဒီေတာ့ ပန္ကာကုိ ဖြင့္လုိက္တဲ့အခါမွာ ဖုန္ေတြနဲ႔ မ်က္ႏွာကို တုိက္ရုိက္မႈတ္ေနသလုိ ျဖစ္သြားပါတယ္။ ဒါက ႏွာပိတ္ျခင္းျဖစ္ေစကာ ေလလမ္းေၾကာင္းေရာဂါကူးစက္မႈ ျဖစ္ေစတတ္ပါတယ္။ ေနာက္ မိမိကုိယ္ကိုယ္ ပုံမွန္မဟုတ္တဲ့ ပတ္ဝန္းက်င္ဖန္တီးေပးတဲ့အခါ ကုိယ္ခံအားစနစ္မွ မတြန္းလွန္ႏုိင္ျဖစ္တတ္ပါတယ္။

Credit: Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညအိပ်ရင်း ချွေးတပြိုက်ပြိုက်ထွက်တာထက် စိတ်အနှောင့်အယှက်ဖြစ်တာ မရှိပါဘူး။ ဒီတော့ ပန်ကာလေးဖွင့်လိုက်ရင် လေအေးလေး တဖြူးဖြူးနဲ့ ချက်ချင်းအအိုက်ပြေလာပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့ အင်မတန်လွယ်ကူပါတယ်။ ဒါပေမယ့် တစ်ညလုံး ပန်ကာအသုံးပြုခြင်းကြောင့် ပြသနာတချို့ ရှိနိုင်ပါတယ်။

ညအိပ်နေစဉ် ပန်ကာဖြင့် မိမိကိုယ်ကိုယ် အအေးပေးခြင်းရဲ့ ဆိုးကျိုး (၂) ချက်ရှိပါတယ်။

ပထမအချက်က ပန်ကာက လေထုခြောက်သွေ့စေပါတယ်။ ပူအိုက်နေတဲ့အချိန် ကပ်စေးကပ်စေး ဖြစ်တာတွေ မရှိတော့ဘဲ ကောင်းတယ်လို့ ယူဆမိပါလိမ့်မယ်။ ဒါပေမယ့် လေထုသွေ့ခြောက်သွားတဲ့အခါ ခံတွင်းနဲ့ လေပြွန်တွေ ခြောက်ကပ်ကာ အိပ်မရဖြစ်စေပါတယ်။ ပြင်းထန်စွာ ရေငတ်စေပြီး အအေးမိခြင်းပါ ဖြစ်စေနိုင်ပါတယ်။

ဒုတိယအချက်က နေ့ဘက် သိပ်အသုံးမပြုတဲ့ ပန်ကာတွေက ဖုန်တွေ စုရုံးစေပါတယ်။ ဒီတော့ ပန်ကာကို ဖွင့်လိုက်တဲ့အခါမှာ ဖုန်တွေနဲ့ မျက်နှာကို တိုက်ရိုက်မှုတ်နေသလို ဖြစ်သွားပါတယ်။ ဒါက နှာပိတ်ခြင်းဖြစ်စေကာ လေလမ်းကြောင်းရောဂါကူးစက်မှု ဖြစ်စေတတ်ပါတယ်။ နောက် မိမိကိုယ်ကိုယ် ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးတဲ့အခါ ကိုယ်ခံအားစနစ်မှ မတွန်းလှန်နိုင်ဖြစ်တတ်ပါတယ်။

Credit: Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top