iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္အမ်ိဳး သမီးမ်ားအေနျဖင့္ ေၾကာင္မ်ား ႏွင့္ လက္ပြန္းတတီးေနထိုင္ျခင္း က က်န္းမာေရးဆုိးက်ိဳးမ်ား ႀကံဳရႏုိင္သျဖင့္ သတိျပဳရန္ လိုအပ္ ေၾကာင္း သားဖြား မီးယပ္အထူးကု ဆရာ၀န္ႀကီး တဲြဖက္ပါေမာကၡ ေဒါက္တာစိုးလြင္က ေျပာသည္။

ေၾကာင္ေခ်းတြင္ ပါ၀င္ သည့္ ကပ္ပါးပိုး (Toxoplasmosis) ႏွင့္ ကိုယ္၀န္ေဆာင္မိခင္မ်ား ထိေတြ႕မိပါက ကိုယ္၀န္ႏုစဥ္ ကေလးပ်က္က်ျခင္း၊ ကေလးအ ေသေမြးျခင္း၊ ေမြးဖြားလာသည့္ ကေလး၌ အျမင္အာ႐ံုခ်ိဳ႕ယြင္း ျခင္းမ်ားျဖစ္ႏုိင္ေၾကာင္း ေဒါက္ တာစိုးလြင္က ေျပာသည္။

‘‘ကိုယ္၀န္ေဆာင္မိခင္ေတြ အေနနဲ႔ ေၾကာင္ရဲ႕အညစ္အေၾကး (ေခ်း)ကို သတိထားရမယ္။ ကိုယ္ ၀န္ေဆာင္မိခင္က ေၾကာင္ကို ခ်ီ ေပြ႕မယ္။ လက္မေဆးဘဲ အစာ စားမယ္။ ေၾကာင္ရဲ႕ ခႏၶာကုိယ္က ေန ေရာဂါပိုးပါတဲ့ေခ်းေတြ မိခင္ ရဲ႕ ခႏၶာကိုယ္ထဲကတစ္ဆင့္ ကေလးဆီေရာက္မယ္။ ကိုယ္၀န္ ေဆာင္အေစာပုိင္းကာလဆုိရင္ ကေလးပ်က္က်တတ္တယ္။ ကေလးပ်က္မက်ဘဲ ေမြးလာခဲ့ မယ္ဆုိရင္ ေရာဂါပိုးက ဦးေႏွာက္္ ထဲေရာက္ရင္ ကေလး ဒုကၡိတျဖစ္ မယ္။ အျမင္အာ႐ံုခ်ိဳ႕ယြင္းတာ ေတြျဖစ္တတ္တယ္’’ဟု ေဒါက္တာစုိးလြင္က ဆုိသည္။

ယင္းကပ္ပါးပိုးသည္ ေၾကာင္၊၀က္ႏွင့္ သမင္တို႔ကဲ့သို႔ တိရစၧာန္မ်ား တြင္ရွိေနတတ္သျဖင့္ သတိထားရန္လိုၿပီး အသားစိမ္းမ်ား၊ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီးမ်ား၌လည္း ကပ္ပါးပိုးမ်ားရွိေနတတ္သျဖင့္ အစားအစာမ်ားကို ေသခ်ာစြာေဆးေၾကာၿပီး သန္႔ရွင္းစြာ ခ်က္ျပဳတ္စားေသာက္ရန္လုိအပ္ေၾကာင္း သိရသည္။

ကပ္ပါးပိုးေကာင္ ကူးစက္ခံ ထားရေသာ္လည္း အမ်ားစုတြင္ ေရာဂါလကၡဏာမျပတတ္ဟု ဆုိ သည္။ ယင္းေရာဂါပိုးကူးစက္ခံ ထားရေသာ မိခင္မွ ေမြးဖြားလာ သည့္ ကေလးမ်ားႏွင့္ ကိုယ္ခံအား နည္းသူမ်ားတြင္သာ တက္ျခင္း၊ အၾကားအာ႐ံုႏွင့္ အျမင္အာ႐ံုခ်ိဳ႕ တဲ့ျခင္း၊ အဆုတ္ႏွင့္ အသည္းဆိုင္ရာေရာဂါမ်ားျဖစ္ေပၚလာျခင္း စသျဖင့္ေနာက္ဆက္တဲြဆိုးက်ိဳးမ်ား ခံစားရႏုိင္ေၾကာင္း သိရသည္။

Credit:7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ဝန်ဆောင်အမျိုး သမီးများအနေဖြင့် ကြောင်များ နှင့် လက်ပွန်းတတီးနေထိုင်ခြင်း က ကျန်းမာရေးဆိုးကျိုးများ ကြုံရနိုင်သဖြင့် သတိပြုရန် လိုအပ် ကြောင်း သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။

ကြောင်ချေးတွင် ပါဝင် သည့် ကပ်ပါးပိုး (Toxoplasmosis) နှင့် ကိုယ်ဝန်ဆောင်မိခင်များ ထိတွေ့မိပါက ကိုယ်ဝန်နုစဉ် ကလေးပျက်ကျခြင်း၊ ကလေးအ သေမွေးခြင်း၊ မွေးဖွားလာသည့် ကလေး၌ အမြင်အာရုံချို့ယွင်း ခြင်းများဖြစ်နိုင်ကြောင်း ဒေါက် တာစိုးလွင်က ပြောသည်။

‘‘ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကြောင်ရဲ့အညစ်အကြေး (ချေး)ကို သတိထားရမယ်။ ကိုယ် ဝန်ဆောင်မိခင်က ကြောင်ကို ချီ ပွေ့မယ်။ လက်မဆေးဘဲ အစာ စားမယ်။ ကြောင်ရဲ့ ခန္ဓာကိုယ်က နေ ရောဂါပိုးပါတဲ့ချေးတွေ မိခင် ရဲ့ ခန္ဓာကိုယ်ထဲကတစ်ဆင့် ကလေးဆီရောက်မယ်။ ကိုယ်ဝန် ဆောင်အစောပိုင်းကာလဆိုရင် ကလေးပျက်ကျတတ်တယ်။ ကလေးပျက်မကျဘဲ မွေးလာခဲ့ မယ်ဆိုရင် ရောဂါပိုးက ဦးနှောက် ထဲရောက်ရင် ကလေး ဒုက္ခိတဖြစ် မယ်။ အမြင်အာရုံချို့ယွင်းတာ တွေဖြစ်တတ်တယ်’’ဟု ဒေါက်တာစိုးလွင်က ဆိုသည်။

ယင်းကပ်ပါးပိုးသည် ကြောင်၊ဝက်နှင့် သမင်တို့ကဲ့သို့ တိရစ္ဆာန်များ တွင်ရှိနေတတ်သဖြင့် သတိထားရန်လိုပြီး အသားစိမ်းများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ၌လည်း ကပ်ပါးပိုးများရှိနေတတ်သဖြင့် အစားအစာများကို သေချာစွာဆေးကြောပြီး သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ရန်လိုအပ်ကြောင်း သိရသည်။

ကပ်ပါးပိုးကောင် ကူးစက်ခံ ထားရသော်လည်း အများစုတွင် ရောဂါလက္ခဏာမပြတတ်ဟု ဆို သည်။ ယင်းရောဂါပိုးကူးစက်ခံ ထားရသော မိခင်မှ မွေးဖွားလာ သည့် ကလေးများနှင့် ကိုယ်ခံအား နည်းသူများတွင်သာ တက်ခြင်း၊ အကြားအာရုံနှင့် အမြင်အာရုံချို့ တဲ့ခြင်း၊ အဆုတ်နှင့် အသည်းဆိုင်ရာရောဂါများဖြစ်ပေါ်လာခြင်း စသဖြင့်နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ကြောင်း သိရသည်။

Credit:7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top