iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကို တစ္စံုတစ္ေယာက္က ေမြးေန႔လက္ေဆာင္၊ ခရစၥမတ္လက္ေဆာင္၊ New Year လက္ေဆာင္ စသျဖင့္ ေပးၿပီးသား လက္ေဆာင္တစ္ခုခုကို တစ္ျခားတစ္ေယာက္ကို လက္ေဆာင္အေနနဲ႔ ျပန္ေပးဖုိ႔ စဥ္းစားဖူးၾကမွာပါ။ အိမ္မွာ ဒီလိုလက္ေဆာင္ေတြ အမ်ားႀကီးရွိေနတယ္ဆိုရင္ ေငြကုန္ေၾကးက် ထပ္မခံခ်င္ေတာ့ပဲ ရွိၿပီးသားလက္ေဆာင္ကို ျပန္ေပးဖုိ႔ စဥ္းစားထားတာမ်ိဳးေပါ့။ ဒီလို ျပန္ေပးမယ္ဆုိရင္ သင့္အေနနဲ႕ သတိထားရမယ့္ အခ်က္ေတြရွိေနပါတယ္။

၁။ကုိယ္ေပးမယ့္ လက္ေဆာင္က အစကတည္းက ဗူးနဲ႔ Packing နဲ႔ လာတာမ်ိဳးလား။ ဒီလို ပစၥည္းဆိုရင္ ဒီဗူးနဲ႔ ဒီလိုထုပ္ပိုးမႈပံုစံနဲ႔ပဲ လာတတ္တာမ်ိဳးလားဆိုတာ ျပန္ဆန္းစစ္ပါ။

၂။ကိုယ္ေပးမယ့္ လက္ေဆာင္က လက္ခံမယ့္သူအတြက္ အသံုး၀င္တဲ့ ပစၥည္းျဖစ္မလားဆိုတာ စဥ္းစားပါ။ သူ႕အတြက္ ဘာမွအသံုးမ၀င္ပဲ ကိုယ့္မွာ လြယ္လြယ္ကူကူ ဒါပဲရွိလို႔ ဒါပဲေပးလိုက္မယ္ဆိုတာမ်ိဳး မျဖစ္ပါေစနဲ႔။

၃။ကိုယ္ေပးမယ့္ လက္ေဆာင္ရဲ႕ အတြင္း၊ အထဲမွာ ကုိယ့္ကို တစ္ျခားသူေပးတုန္းက စာရြက္ေလးထည့္ထားတာမ်ိဳး၊ ကိုယ္နဲ႔ပတ္သက္တဲ့ အမွတ္ရစရာ စာတုိစာစေလးေတြ ထည့္ထားတာမ်ိဳး ပါမပါ ေသခ်ာေအာင္ စစ္ပါ။ သူမ်ားကိုေပးလုိက္ၿပီးမွ လက္ေဆာင္ထဲက ကိုယ့္နဲ႔ပတ္သက္တဲ့အရာတစ္ခုခု ထြက္လာတာမ်ိဳး ျဖစ္မွာ စိုးရလုိ႔ပါ။

၄။ကိုယ့္ကိုေပးတဲ့သူနဲ႔ ကိုယ္က ျပန္ေပးမယ့္သူ အခ်င္းခ်င္း ခင္မင္ေနတာမ်ိဳးဆုိရင္လည္း တစ္ခ်က္စဥ္းစားပါဦး။ စကားမစပ္ အခ်င္းခ်င္း ေျပာမိလိုက္တာမ်ိဳး၊ facebook မွာ ဓာတ္ပံုရိုက္ၿပီး ကိုယ့္ကို tag လုပ္လုိက္တာမ်ိဳး၊ instagram မွာ ကုိယ့္လက္ေဆာင္ ျပန္တင္လိုက္လို႔ ကိုယ့္ကိုေပးတဲ့သူ ျပန္ျမင္သြားတာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်ကို တစ်စုံတစ်ယောက်က မွေးနေ့လက်ဆောင်၊ ခရစ္စမတ်လက်ဆောင်၊ New Year လက်ဆောင် စသဖြင့် ပေးပြီးသား လက်ဆောင်တစ်ခုခုကို တစ်ခြားတစ်ယောက်ကို လက်ဆောင်အနေနဲ့ ပြန်ပေးဖို့ စဉ်းစားဖူးကြမှာပါ။ အိမ်မှာ ဒီလိုလက်ဆောင်တွေ အများကြီးရှိနေတယ်ဆိုရင် ငွေကုန်ကြေးကျ ထပ်မခံချင်တော့ပဲ ရှိပြီးသားလက်ဆောင်ကို ပြန်ပေးဖို့ စဉ်းစားထားတာမျိုးပေါ့။ ဒီလို ပြန်ပေးမယ်ဆိုရင် သင့်အနေနဲ့ သတိထားရမယ့် အချက်တွေရှိနေပါတယ်။

၁။ကိုယ်ပေးမယ့် လက်ဆောင်က အစကတည်းက ဗူးနဲ့ Packing နဲ့ လာတာမျိုးလား။ ဒီလို ပစ္စည်းဆိုရင် ဒီဗူးနဲ့ ဒီလိုထုပ်ပိုးမှုပုံစံနဲ့ပဲ လာတတ်တာမျိုးလားဆိုတာ ပြန်ဆန်းစစ်ပါ။

၂။ကိုယ်ပေးမယ့် လက်ဆောင်က လက်ခံမယ့်သူအတွက် အသုံးဝင်တဲ့ ပစ္စည်းဖြစ်မလားဆိုတာ စဉ်းစားပါ။ သူ့အတွက် ဘာမှအသုံးမဝင်ပဲ ကိုယ့်မှာ လွယ်လွယ်ကူကူ ဒါပဲရှိလို့ ဒါပဲပေးလိုက်မယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။

၃။ကိုယ်ပေးမယ့် လက်ဆောင်ရဲ့ အတွင်း၊ အထဲမှာ ကိုယ့်ကို တစ်ခြားသူပေးတုန်းက စာရွက်လေးထည့်ထားတာမျိုး၊ ကိုယ်နဲ့ပတ်သက်တဲ့ အမှတ်ရစရာ စာတိုစာစလေးတွေ ထည့်ထားတာမျိုး ပါမပါ သေချာအောင် စစ်ပါ။ သူများကိုပေးလိုက်ပြီးမှ လက်ဆောင်ထဲက ကိုယ့်နဲ့ပတ်သက်တဲ့အရာတစ်ခုခု ထွက်လာတာမျိုး ဖြစ်မှာ စိုးရလို့ပါ။

၄။ကိုယ့်ကိုပေးတဲ့သူနဲ့ ကိုယ်က ပြန်ပေးမယ့်သူ အချင်းချင်း ခင်မင်နေတာမျိုးဆိုရင်လည်း တစ်ချက်စဉ်းစားပါဦး။ စကားမစပ် အချင်းချင်း ပြောမိလိုက်တာမျိုး၊ facebook မှာ ဓာတ်ပုံရိုက်ပြီး ကိုယ့်ကို tag လုပ်လိုက်တာမျိုး၊ instagram မှာ ကိုယ့်လက်ဆောင် ပြန်တင်လိုက်လို့ ကိုယ့်ကိုပေးတဲ့သူ ပြန်မြင်သွားတာမျိုးတွေ မဖြစ်ပါစေနဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top