iMyanmarHouse.com - Best Property Website for Myanmar
×
၎၊သင့်ကိုသူဂရုစိုက်မစိုက်လည်း သင်အသိဆုံးဖြစ်မှာပါ။
Credit : TrendMyanmar
ပို့သပေးပါတယ်။
#Unicode Version
ကိုယ့်ချစ်သူကို သိပ်ချစ်လွန်းလို့ မြတ်နိုးလွန်းလို့ ရွှေလက်တွဲဖို့ ဆုံးဖြတ်တဲ့အခါ အမျိုးသမီးတွေအနေနဲ့ ငါ့အပေါ် တစ်သက်လုံး သစ္စာရှိပါ့မလား၊ ချစ်နိုင်ပါ့မလား ဆိုပြီး စိတ်ထင့်ကြရပါတယ်။ ကိုယ့်ကို သူဘယ်လောက်အနစ်နာ ခံတယ် သိစေဦးတော့ စိတ်ထဲ စိုးရိမ်ပူပန်မှုကတော့ ရှိကြစမြဲပါ။ ဒီလိုဆိုရင် သင့်ဘက်က သေချာသွားစေဖို့ စိတ်ရှင်းသွားစေဖို့ သင့်ချစ်သူကို ဒီလိုလေးတွေ စမ်းသပ်ကြည့်နိုင်ပါတယ်။
၁၊ အဆင်ပြေတဲ့အချိန်နဲ့ မပြေတဲ့အချိန် သူဘယ်လို သင့်ကို ဆက်ဆံသလဲ သတိထားကြည့်ပါ။
ဥပမာ နာရီပေါင်းများစွာ ကားပိတ်နေတဲ့အခါ သူစိတ်ရှုပ်လာချိန် သူသင့်ကို ဘယ်လိုဆက်ဆံပါသလဲ။ ဓာတ်ဆီဆိုင်နဲ့ ခပ်ဝေးဝေးတစ်နေရာရောက်နေချိန် ကားဓာတ်ဆီကုန်သွားတဲ့အခါမျိုးတွေ၊ အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် သွားနေချိန် နောက်ကျနေတာမို့ စိတ်ရှုပ်နေချိန်တွေမှာပေါ့။
၂၊သူနဲ့ တစ်နေ့တာ ၂၄နာရီကုန်ဆုံးကြည့်ဖို့လည်း လိုပါတယ်။
တစ်နေ့ကို ခဏလေးတွေ့ပြီး သူ့အပြုအမူ အနေအထား သင့်ကို ဘယ်လိုဆက်ဆံတယ်ဆိုတာ ဆုံးဖြတ်လို့မရပါဘူး။ ဖြစ်နိုင်ရင် ခရီးအတူ သွားကြည့်လိုက်ပါ။
၃၊အကြီးတစ်ယောက်ယောက် ဖျားနာတဲ့အခါ သူဘယ်လို ကြည့်ရှုစောင့်ရှောက်သလဲဆိုတာ စောင့်ကြည့်ပါ။
ကိုယ့်ထက်ငယ်တဲ့သူ၊ ကြီးတဲ့သူအပေါ် သူဘယ်လိုဆက်ဆံသလဲဆိုတာကနေ သူ့အမူအကျင့်ကို သင်ဆုံးဖြတ်လို့ရပါတယ်။
၄၊သင့်ကိုသူဂရုစိုက်မစိုက်လည်း သင်အသိဆုံးဖြစ်မှာပါ။
သင်နေမကောင်းတဲ့အခါ သင့်ကို သူဘယ်လိုပြုမူပါသလဲ။ ဒါကလည်း အရေးကြီးပါတယ်။
၅။သင့်မိဘတွေနဲ့လည်း မကြာခဏ ဆုံပေးပါ။ မိခင်ကို သူ့အပေါ် ဘယ်လိုမြင်သလဲမေးပါ။
အမေတွေကတော့ ကိုယ့်သမီးကို အနစ်နာခံနိုငမယ့်သူ ဟုတ်မဟုတ် မတော်ရသေးတဲ့သားမက်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
Credit : TrendMyanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top