iMyanmarHouse.com - Best Property Website for Myanmar
×

စေန၊ တနဂၤေႏြေန႔ေတြမွာ ရုပ္ျမင္သံၾကားကို တစ္ေနကုန္ ထုိင္ၾကည့္ေနျခင္းက ရံုးတက္ရက္ေတြ တစ္ပတ္လုံး အလုပ္စားပြဲခုံမွာ အလုပ္လုပ္ေနတာထက္ ကိုယ္အေလးခ်ိန္အတြက္ ပိုဆိုးေစႏုိင္ေၾကာင္း ေလ့လာမႈ အသစ္တစ္ခုုကေန ေတြ႔ရိွခဲ့ပါတယ္။

ပွ်မ္းမွ်အားျဖင့္ ရံုးတက္ရက္ေတြမွာ လူေတြဟာ အစားေလ်ာ့စားျခင္း သုိ႔မဟုတ္ က်န္းမာေရးနဲ႔ ပိုမိုညီညြတ္တဲ့ အစားအစာေတြ စားၾကတယ္လုိ႔ ယင္း ေလ့လာမႈဦးစီးသူ Clemens Drenowatz က Healthday သုိ႔ ေျပာျပခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ရဲ႕ ေန႔စဥ္အစားအစာက အစားထုိးေပးေနတာေၾကာင့္ သူတုိ႔ weekday မွာ လုပ္ရွားမႈပိုနည္း ႏုိင္ပါတယ္။ စေန၊ တနဂၤေႏြ အားလပ္ရက္မွာ အစားပိုစားၾကျပီး ပိုမိုလႈပ္ရွားမႈ သို႔မဟုတ္ အထုိင္ပုိနည္းတဲ့ အျပဳအမူ လိုအပ္ပါတယ္။

Drenowatz နဲ႔ သူ႔အဖြဲ႔ေတြဟာ အသက္ ၂၀ ကေန ၅၀ ၾကားရိွ အရြယ္ေရာက္ျပီးသူ ၃၃၂ ေယာက္ရိွတဲ့ အဖြဲ႔တစ္ဖြဲ႔ကို သူတုိ႔ရဲ႕မလႈပ္မရွား အမူအက်င့္ကို ၁၀ ရက္ေက်ာ္ၾကာ အကဲျဖတ္ေလ့လာခဲ့ၾကပါတယ္။ အကဲျဖတ္ခံသူမ်ားအေန နဲ႕ weekday နဲ႔ weekend အတြက္ သူတုိ႔ အျပဳအမူကို သတင္းပို႔ ခဲ့ၾကပါတယ္။ ဒီ့ျပင္ ေလ့လာမႈရဲ႕ ရည္ရြယ္ခ်က္ထဲမွာ တစ္ႏွစ္အတြင္း ၃ လ တုိင္းျပဳလုပ္ရတဲ့ ကိုယ္အေလးခ်ိန္နဲ႔ ခႏၶာကိုယ္ အဆီပမာဏ တုိင္းတာမႈေတြ ပါဝင္ပါတယ္။

တကယ္ေလ့က်င့္ခန္းျပဳလုပ္ျခင္းနဲ႔ အထုိင္ေလ်ာ့ျခင္း ႏွစ္ခု ခြဲျခားသိျမင္ဖုိ႔ အေရးၾကီးတယ္။ စေန၊ တနဂၤေႏြေန႔ေတြမွာ ဆုိဖာေပၚထုိင္ျပီး အခ်ိန္ျဖဳန္းမႈ မိနစ္၂၀ ေလ်ာ့ခ်တာေလးဟာ တစ္ႏွစ္အျပီးမွာ ၁ ေပါင္ နဲ႔ အဆီ ၁.၆% ေလ်ာ့ခ်ႏုိင္ေၾကာင္း Drenowatz က ေျပာဆိုခဲ့ပါတယ္။

လူေတြကို အျပင္ထြက္ျပီး ေလ့လာခန္းလုပ္ဖုိ႔ တိုက္တြန္းေျပာဆိုေနတာ မဟုတ္ဘဲ ထုိင္တဲ့အခ်ိန္ကို ေလ်ာ့ခ်ဖုိ႔သာ ေျပာဆုိျခင္းသာ ျဖစ္ပါတယ္။ မတ္တတ္ရပ္ျပီး ဟိုနားဒီနား လမ္းေလွ်ာက္ျခင္းက အေထာက္အကူ ျဖစ္ႏုိင္ေၾကာင္း သူက ေျပာ ဆိုခဲ့ပါတယ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စနေ၊ တနင်္ဂနွေနေ့တွေမှာ ရုပ်မြင်သံကြားကို တစ်နေကုန် ထိုင်ကြည့်နေခြင်းက ရုံးတက်ရက်တွေ တစ်ပတ်လုံး အလုပ်စားပွဲခုံမှာ အလုပ်လုပ်နေတာထက် ကိုယ်အလေးချိန်အတွက် ပိုဆိုးစေနိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုုကနေ တွေ့ရှိခဲ့ပါတယ်။

ပျှမ်းမျှအားဖြင့် ရုံးတက်ရက်တွေမှာ လူတွေဟာ အစားလျော့စားခြင်း သို့မဟုတ် ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ အစားအစာတွေ စားကြတယ်လို့ ယင်း လေ့လာမှုဦးစီးသူ Clemens Drenowatz က Healthday သို့ ပြောပြခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နေ့စဉ်အစားအစာက အစားထိုးပေးနေတာကြောင့် သူတို့ weekday မှာ လုပ်ရှားမှုပိုနည်း နိုင်ပါတယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ အစားပိုစားကြပြီး ပိုမိုလှုပ်ရှားမှု သို့မဟုတ် အထိုင်ပိုနည်းတဲ့ အပြုအမူ လိုအပ်ပါတယ်။

Drenowatz နဲ့ သူ့အဖွဲ့တွေဟာ အသက် ၂၀ ကနေ ၅၀ ကြားရှိ အရွယ်ရောက်ပြီးသူ ၃၃၂ ယောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို သူတို့ရဲ့မလှုပ်မရှား အမူအကျင့်ကို ၁၀ ရက်ကျော်ကြာ အကဲဖြတ်လေ့လာခဲ့ကြပါတယ်။ အကဲဖြတ်ခံသူများအနေ နဲ့ weekday နဲ့ weekend အတွက် သူတို့ အပြုအမူကို သတင်းပို့ ခဲ့ကြပါတယ်။ ဒီ့ပြင် လေ့လာမှုရဲ့ ရည်ရွယ်ချက်ထဲမှာ တစ်နှစ်အတွင်း ၃ လ တိုင်းပြုလုပ်ရတဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အဆီပမာဏ တိုင်းတာမှုတွေ ပါဝင်ပါတယ်။

တကယ်လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အထိုင်လျော့ခြင်း နှစ်ခု ခွဲခြားသိမြင်ဖို့ အရေးကြီးတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆိုဖာပေါ်ထိုင်ပြီး အချိန်ဖြုန်းမှု မိနစ်၂၀ လျော့ချတာလေးဟာ တစ်နှစ်အပြီးမှာ ၁ ပေါင် နဲ့ အဆီ ၁.၆% လျော့ချနိုင်ကြောင်း Drenowatz က ပြောဆိုခဲ့ပါတယ်။

လူတွေကို အပြင်ထွက်ပြီး လေ့လာခန်းလုပ်ဖို့ တိုက်တွန်းပြောဆိုနေတာ မဟုတ်ဘဲ ထိုင်တဲ့အချိန်ကို လျော့ချဖို့သာ ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ မတ်တတ်ရပ်ပြီး ဟိုနားဒီနား လမ်းလျှောက်ခြင်းက အထောက်အကူ ဖြစ်နိုင်ကြောင်း သူက ပြော ဆိုခဲ့ပါတယ်။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top