iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကုိ မိမိဘ၀ တစ္သက္လုံးအတြက္ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ေတာ့မယ္ဆုိရင္ သူက မိမိတစ္ေယာက္တည္းအေပၚကုိ အရမ္းခ်စ္ၿပီး ခ်စ္ေနတုန္း
အခ်ိန္ကလုိ ဘာမဆုိလုပ္ေပးမႈ၊ ကုိယ္တစ္ေယာက္တည္းအေပၚ ခ်စ္ေနတုန္းေကာင္းေကာင္းၾကင္နာျခင္း၊ ရုိးသားျခင္းေလာက္နဲ႔
မိမိရဲ႕လက္တြဲေဖာ္ဆုိၿပီး ေရြးခ်ယ္လုိ႔ မရပါဘူး။ဘာျဖစ္လုိ႔လဲဆုိေတာ့ လူဆုိတာ ခ်စ္သူအေပၚကုိ မိမိ အရမ္းသေဘာက်ေနတဲ့အခ်ိန္၊ မိမိ သိပ္ခ်စ္မိေနတဲ့အခ်ိန္ဆုိရင္ မိမိခ်စ္ေနေသာသူကုိ အရာရာမွာ ဘယ္ရာမဆုိ အေကာင္းၾကီးပဲျမင္တတ္ၾကျပီး အရာရာမွာလည္း အျမဲခြင့္လႊတ္ျပီး လုပ္ေပးတတ္ၾကတာပာာ သဘာ၀ပါ။

ကုိယ္နဲ႔ အဆင္မေျပတဲ့တစ္ေန႔ ကုိ္ယ့္အေပၚမွာ ၾကမ္းတမ္းေသာအျပဳအမူ၊ ရုိင္းစုိင္းေသာအေျပာအဆုိေတြနဲ႔ ထာ၀ရ အျငိဳးမေျပႏုိင္ၾကပဲ တကယ့္ရန္သူႀကီးေတြ ျဖစ္ေနၾကတာ ေလာကၾကီးမွာထင္ထင္ရွားရွား ျမင္ေနၾကရမွာပါ။ဒါေပမဲ့ လူတစ္ေယာက္ကုိ သင္က ဘ၀တစ္သက္တာအတြက္ ေရြးခ်ယ္တဲ့အခါမွာ ကုိယ္နဲ႔လက္တြဲရမဲ့သူက တျခားတစ္ဦး တစ္ေယာက္အေပၚကုိ တကယ့္ေရာ ကုိယ္ခ်င္းစာစိတ္ေတြရွိရဲ့လား ၊ တကယ့္ေရာ စိတ္ေကာင္းေစတနာေကာင္းရွိရဲ႕လား ၊ ပင္ကုိရုိးသားျဖဴစင္ေသာစိတ္ရွိရဲ႕လား တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာတာဆုိတာကအစ ရုိးသားယဥ္ေက်းသိမ္ေမြ႕မႈတကယ့္ရွိရဲ့လား။

ျပီးေတာ့ သူ႔မွာ သေဘာထားႀကီးမႈ၊ နားလည္ခြင့္လြတ္တတ္မႈရွိရဲ့လား၊ ကုိယ့္အေပၚအရမ္းေကာင္းတယ္၊
သူမ်ားေပၚမွာ ကုိယ္ေလာက္မေကာင္းေပမယ့္ ပုံမွန္စိတ္ေကာင္းေလးေရာရွိရဲ႕လား စသည့္ ဒီအခ်က္ေလးေတြ သူ႔ဆီမွာ ရွိေနရဲ႕လား ဆုိတာကုိ ေကာင္းေကာင္းစဥ္းစားရပါလိမ့္မယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒါပာာ မိမိရဲ႕ဘဝတစ္ခုလုံးနဲ႔သက္ဆုိင္ေနတာမို႔လုိ႔ပါ။ ဒီလုိမွ သူနဲ႔ ဘ၀တစ္သက္လုံးလက္တြဲသြားရင္ ေရရွည္မွာ ဘာျပႆနာမရွိဘဲ ေကာင္းေကာင္းစိတ္ခ်မ္းသာမႈရမွာျဖစ္ပါတယ္။

မိမိတစ္ေယာက္တည္းအေပၚ ေကာင္းတာေလာက္နဲ႔ေတာ့ ဘ၀မွာလက္တြဲမိရင္ေတာ့ ဘ၀မွာျပင္လုိ႔မရတဲ့
“ေနာင္တတရားေတြ” က မိမိကုိ အျမဲေစာင့္ႀကိဳေနပါလိမ့္မယ္။
ဒါေၾကာင့္ ဘ၀တစ္သက္တာအတြက္ လက္တြဲေဖာ္ကုိ ကိုယ့္အေပၚခ်စ္မိေနတုန္း ေကာင္းတာေလာက္ကုိ ၾကည့္ျပီးေတာ့ ဘဝအတြက္ မေရြးခ်ယ္လုိက္ပါနဲ႔လုိ႔
တုိက္တြန္းလုိက္ရပါတယ္။

Credit:(မုိမုိေလး)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတစ်ယောက်ကို မိမိဘ၀ တစ်သက်လုံးအတွက် လက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင် သူက မိမိတစ်ယောက်တည်းအပေါ်ကို အရမ်းချစ်ပြီး ချစ်နေတုန်း
အချိန်ကလို ဘာမဆိုလုပ်ပေးမှု၊ ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းကောင်းကြင်နာခြင်း၊ ရိုးသားခြင်းလောက်နဲ့
မိမိရဲ့လက်တွဲဖော်ဆိုပြီး ရွေးချယ်လို့ မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ချစ်သူအပေါ်ကို မိမိ အရမ်းသဘောကျနေတဲ့အချိန်၊ မိမိ သိပ်ချစ်မိနေတဲ့အချိန်ဆိုရင် မိမိချစ်နေသောသူကို အရာရာမှာ ဘယ်ရာမဆို အကောင်းကြီးပဲမြင်တတ်ကြပြီး အရာရာမှာလည်း အမြဲခွင့်လွှတ်ပြီး လုပ်ပေးတတ်ကြတာပာာ သဘာဝပါ။

ကိုယ်နဲ့ အဆင်မပြေတဲ့တစ်နေ့ ကိုယ့်အပေါ်မှာ ကြမ်းတမ်းသောအပြုအမူ၊ ရိုင်းစိုင်းသောအပြောအဆိုတွေနဲ့ ထာဝရ အငြိုးမပြေနိုင်ကြပဲ တကယ့်ရန်သူကြီးတွေ ဖြစ်နေကြတာ လောကကြီးမှာထင်ထင်ရှားရှား မြင်နေကြရမှာပါ။ဒါပေမဲ့ လူတစ်ယောက်ကို သင်က ဘဝတစ်သက်တာအတွက် ရွေးချယ်တဲ့အခါမှာ ကိုယ်နဲ့လက်တွဲရမဲ့သူက တခြားတစ်ဦး တစ်ယောက်အပေါ်ကို တကယ့်ရော ကိုယ်ချင်းစာစိတ်တွေရှိရဲ့လား ၊ တကယ့်ရော စိတ်ကောင်းစေတနာကောင်းရှိရဲ့လား ၊ ပင်ကိုရိုးသားဖြူစင်သောစိတ်ရှိရဲ့လား တစ်ယောက်နဲ့တစ်ယောက် စကားပြောတာဆိုတာကအစ ရိုးသားယဉ်ကျေးသိမ်မွေ့မှုတကယ့်ရှိရဲ့လား။

ပြီးတော့ သူ့မှာ သဘောထားကြီးမှု၊ နားလည်ခွင့်လွတ်တတ်မှုရှိရဲ့လား၊ ကိုယ့်အပေါ်အရမ်းကောင်းတယ်၊
သူများပေါ်မှာ ကိုယ်လောက်မကောင်းပေမယ့် ပုံမှန်စိတ်ကောင်းလေးရောရှိရဲ့လား စသည့် ဒီအချက်လေးတွေ သူ့ဆီမှာ ရှိနေရဲ့လား ဆိုတာကို ကောင်းကောင်းစဉ်းစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါပာာ မိမိရဲ့ဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေတာမို့လို့ပါ။ ဒီလိုမှ သူနဲ့ ဘဝတစ်သက်လုံးလက်တွဲသွားရင် ရေရှည်မှာ ဘာပြဿနာမရှိဘဲ ကောင်းကောင်းစိတ်ချမ်းသာမှုရမှာဖြစ်ပါတယ်။

မိမိတစ်ယောက်တည်းအပေါ် ကောင်းတာလောက်နဲ့တော့ ဘဝမှာလက်တွဲမိရင်တော့ ဘဝမှာပြင်လို့မရတဲ့
“နောင်တတရားတွေ” က မိမိကို အမြဲစောင့်ကြိုနေပါလိမ့်မယ်။
ဒါကြောင့် ဘဝတစ်သက်တာအတွက် လက်တွဲဖော်ကို ကိုယ့်အပေါ်ချစ်မိနေတုန်း ကောင်းတာလောက်ကို ကြည့်ပြီးတော့ ဘဝအတွက် မရွေးချယ်လိုက်ပါနဲ့လို့
တိုက်တွန်းလိုက်ရပါတယ်။


Credit:(မိုမိုလေး)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top