iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္သည္ေတြဟာ single ေတြထက္ ေဒါင္ေဒါင္ျမည္ က်န္းမာႏုိင္ေျခပိုမ်ားတယ္လုိ႔  ဂ်ပန္သုေတသီေတြရဲ႕ ေလ့လာမႈတစ္ခုက ဆုိပါတယ္။ အိမ္ေထာင္သည္ အမ်ဳိးသားေတြဟာ ေသြးေၾကာေတြ ပ်က္စီးေစတဲ့ ဆီးခ်ဳိေရာဂါ၊ ေသြးေပါင္တက္ျခင္းနဲ႔ အဝလြန္မႈေတြ တြဲဖက္ျဖစ္ေပၚေစတဲ့ ဇီဝျဖစ္စဥ္ဆုိင္ရာေရာဂါလကၡဏာ ခံစားရႏိုင္ေျခ ပိုနည္းပါတယ္။

အိမ္ ေထာင္ျပဳျခင္းက ဆီးခ်ဳိေဝဒနာရွင္ေတြၾကား အဝလြန္အႏၱရာယ္ ခန္႔မွန္းေျခ ၅၀ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ေပးတယ္လုိ႔ Yokohoma City တကၠသိုလ္က ေလ့လာမႈဦးေဆာင္သူ Yoshinobu Kondo က ေျပာပါတယ္။ အိမ္ေထာင္ျပဳျပီး ဇနီးနဲ႔အတူေနထုိင္တဲ့ အမ်ဳိးသားေတြဟာ ဇီဝျဖစ္စဥ္ဆိုင္ရာေရာဂါအႏၱရာယ္ ၅၈ရာခုိင္ႏႈန္း ေလွ်ာ့နည္းၾကေၾကာင္းလည္း Kondo က ဆုိပါတယ္။

အခ်စ္ေရးဆက္ဆံမႈရိွသူေတြ က်န္းမာေရးနဲ႔ညီညြတ္ေအာင္စားေသာက္ႏုိင္ေျခပိုမ်ားေၾကာင္း သုေတသီေတြ ယုံၾကည္ထားပါတယ္။ ဒီေလ့လာမႈမွာ ဆီးခ်ဳိေရာဂါရိွသူ ၂၇၀ ပါဝင္ျပီး ၁၈၀ ေယာက္က အိမ္ေထာင္သည္ျဖစ္ကာ၊ ၉၀ ေယာက္တုိ႔က single ေတြျဖစ္ၾကပါတယ္။ သူတို႔ဟာ ပွ်မ္းမွ်အသက္ ၆၅ ႏွစ္အရြယ္ရိွၾကပါတယ္။ ပါဝင္စမ္းသပ္ခံသူေတြရဲ႕ ခႏၶာထုညႊန္းကိန္းကို တြက္ခ်က္ျပီး ခႏၶာကိုယ္ရဲ႕အဆီပါဝင္မႈလည္း တုိင္းတာခဲ့ပါတယ္။

Single အုပ္စုနဲ႔ ယွဥ္ၾကည့္တဲ့အခါ အိမ္ေထာင္သည္အုပ္စုဟာ ကုိယ္အေလးခ်ိန္ပုိႏုိင္ေျခ  ၅၀ရာခုိင္ႏႈန္း ပိုနည္းၾကေၾကာင္း ေလ့လာေတြ႔ရိွမႈေတြက ေဖာ္ျပထားပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်ထောင်သည်တွေဟာ single တွေထက် ဒေါင်ဒေါင်မြည် ကျန်းမာနိုင်ခြေပိုများတယ်လို့  ဂျပန်သုတေသီတွေရဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေဟာ သွေးကြောတွေ ပျက်စီးစေတဲ့ ဆီးချိုရောဂါ၊ သွေးပေါင်တက်ခြင်းနဲ့ အဝလွန်မှုတွေ တွဲဖက်ဖြစ်ပေါ်စေတဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါလက္ခဏာ ခံစားရနိုင်ခြေ ပိုနည်းပါတယ်။

အိမ်ထောင်ပြုခြင်းက ဆီးချိုဝေဒနာရှင်တွေကြား အဝလွန်အန္တရာယ် ခန့်မှန်းခြေ ၅၀ရာခိုင်နှုန်းထိ လျှော့ချပေးတယ်လို့ Yokohoma City တက္ကသိုလ်က လေ့လာမှုဦးဆောင်သူ Yoshinobu Kondo က ပြောပါတယ်။ အိမ်ထောင်ပြုပြီး ဇနီးနဲ့အတူနေထိုင်တဲ့ အမျိုးသားတွေဟာ ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါအန္တရာယ် ၅၈ရာခိုင်နှုန်း လျှော့နည်းကြကြောင်းလည်း Kondo က ဆိုပါတယ်။

အချစ်ရေးဆက်ဆံမှုရှိသူတွေ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်နိုင်ခြေပိုများကြောင်း သုတေသီတွေ ယုံကြည်ထားပါတယ်။ ဒီလေ့လာမှုမှာ ဆီးချိုရောဂါရှိသူ ၂၇၀ ပါဝင်ပြီး ၁၈၀ ယောက်က အိမ်ထောင်သည်ဖြစ်ကာ၊ ၉၀ ယောက်တို့က single တွေဖြစ်ကြပါတယ်။ သူတို့ဟာ ပျှမ်းမျှအသက် ၆၅ နှစ်အရွယ်ရှိကြပါတယ်။ ပါဝင်စမ်းသပ်ခံသူတွေရဲ့ ခန္ဓာထုညွှန်းကိန်းကို တွက်ချက်ပြီး ခန္ဓာကိုယ်ရဲ့အဆီပါဝင်မှုလည်း တိုင်းတာခဲ့ပါတယ်။

Single အုပ်စုနဲ့ ယှဉ်ကြည့်တဲ့အခါ အိမ်ထောင်သည်အုပ်စုဟာ ကိုယ်အလေးချိန်ပိုနိုင်ခြေ  ၅၀ရာခိုင်နှုန်း ပိုနည်းကြကြောင်း လေ့လာတွေ့ရှိမှုတွေက ဖော်ပြထားပါတယ်။


Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top